WLC ချန်ပီယံ အန်တိုနီယိုဖာရဲရား အံ့အားသင့်စေရမယ်လို့ ဆိုလာတဲ့ ဟိုဆေးမီညာလက်စ်

စက်တင်ဘာလ ၂၅ ရက်မှာ တင်ဆက်မယ့် WLC: Lethwei Showcase ပြိုင်ပွဲမှာ WLC လိုက်ဝယ်တာဝိတ် ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ အန်တိုနီယိုဖာရဲရားကို စိန်ခေါ်ထိုးသတ်မယ့် စပိန်တိုက်ခိုက်ရေးအားကစားသမား ဟိုဆေးမီညာလက်စ်ကတော့ ” သူ့ကြောင့် အန်တိုနီယိုဖာရဲရား အံ့အားသင့်ရမယ်” လို့ ကြုံးဝါးထားပါတယ်။ တိုက်ခိုက်ရေးအားကစားလောကမှာ ၁၄ နှစ်ကြာ ကျင်လည်ခဲ့တဲ့ ဟိုဆေးမီညာလက်စ်ဟာ သိုင်းပေါင်းစုံ (MMA)၊ K1၊ No Gi Jiu-Jitsu ( နပန်း) စတဲ့ ကစားနည်းတွေမှာ (၉၃) ပွဲ ကစားပြီး ပွဲ(၅၀) အနိုင်ရထားတဲ့ မှတ်တမ်း ပိုင်ဆိုင်ထားသူပါ။ အွန်လိုင်းကနေ သူနဲ့ စကားစမြည် ပြောဖြစ်တာကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

မေး – တိုက်ခိုက်ရေးအားကစားလောကထဲ ရောက်တာ ဘယ်လောက်ကြာပြီလဲကျွန်တော့်နာမည်က ဟိုဆေးမီညာလက်စ်ပါ။ ၂၂ နှစ်သားအရွယ်ကတည်းက တိုက်ခိုက်ရေးအားကစားလောကထဲ ရောက်လာတာပါ။ ကစ်ဘောက်ဆင် စထိုးရာကနေ သိုင်းပေါင်းစုံကစားနည်း (MMA)အထိ ကစားပါတယ်

မေး – ဘယ်တိုက်ခိုက်ရေးအားကစားကို ခင်ဗျားအကြိုက်ဆုံးလဲကျွန်တော်အကြိုက်ဆုံးကတော့ ဘရာဇီးနပန်း ကစားနည်း(Luta livre)ပါ။ တရုတ်ဘောက်ဆင်ကိုလည်း ကြိုက်ပါတယ်။ ကျွန်တော့်ထိုးသတ်ဟန်က ဘရာဇီးနပန်းနဲ့ တရုတ်ဘောက်ဆင် ပေါင်းစပ်ထားသလိုမျိုးပါ။

မေး – လက်ဝှေ့စထိုးဖြစ်တဲ့ ရည်ရွယ်ချက်က ဘာလဲလက်ဝှေ့ထိုးဖြစ်တဲ့ အဓိကရည်ရွယ်ချက်ကတော့ တိုက်ခိုက်ရေးအားကစားကို သဘောကျလို့ပါပဲ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်တယ်။ လက်ဝှေ့က သက်သေပြဖို့အတွက် အကောင်းဆုံးတိုက်ခိုက်ရေးအားကစားပါ။ ကျွန်တော်လည်း လက်ဝှေ့ထိုးရတာ သဘောကျမှာ သေချာပါတယ်မေး – ဗလာလက်သီးပွဲ ထိုးဖူးလားတကယ့်ဗလာလက်သီးပွဲတော့ မထိုးဖူးဘူး။ ဒါပေမဲ့ လေ့ကျင့်ဖူးတယ်။ လက်အိတ်မပါဘဲ ထိုးတာပေါ့။ အခု MMA လို့ ခေါ်ကြတဲ့ Vale Tudo ကစားနည်း ကစားချိန်မှာ ကျွန်တော် ဗလာလက်သီးကို စပြီး လေ့ကျင့်ဖြစ်တာပါ။ Vale Tudo ကို စည်းမျဉ်းအသစ်တွေ ဖြည့်ပြီး MMA လို့ အသွင်ပြောင်းလိုက်ချိန်မှာ ကျွန်တော် စကစားဖြစ်ခဲ့တာပါ။

မေး – လက်ဝှေ့ပွဲဦးထွက်အတွက် ဘယ်လိုပြင်ဆင်နေလဲကျွန်တော်ကတော့ သိုင်းပေါင်းစုံ ကစားသမားလိုမျိုးပဲ လေ့ကျင့်နေပါတယ်။ ဒါပေမဲ့ ကြမ်းပြင်ပေါ် လုံးထွေးသတ်ပုတ်တဲ့ လေ့ကျင့်ခန်းကို လျှော့ပြီး မတ်တတ်ရပ် ထိုးတာကို ပိုအာရုံစိုက်နေပါတယ်။ ပွဲကလည်း နီးနေတာဆိုတော့ စတိုင်သစ်ကို စလေ့ကျင့်ရမယ့်အချိန် မဟုတ်တော့ဘူးလေ။

မေး – အန်တိုနီယိုဖာရဲရားရဲ့ လက်ဝှေ့ပွဲတွေ ကြည့်ဖူးလားWLC မှာ သူထိုးခဲ့တဲ့ပွဲအားလုံး ကျွန်တော် ကြည့်ထားပါတယ်။ သူ ကျွမ်းကျင်တဲ့နယ်ပယ်မှာ ထိုးရမှာဆိုတော့ သူ့အကြောင်း သိထားဖို့ လိုတယ်လေမေး – WLC လိုက်ဝယ်တာဝိတ်တန်းချန်ပီယံဖြစ်တဲ့ ခင်ဗျားရဲ့ပြိုင်ဘက် အန်တိုနီယိုဖာရဲရားအပေါ် ဘယ်လိုမြင်လဲအန်တိုနီယိုက လိုက်ဝယ်တာဝိတ်တန်းရဲ့ ချန်ပီယံပါ။ ဒီဝိတ်တန်းမှာ ကျွန်တော်ရင်ဆိုင်ရနိုင်တဲ့ ပြိုင်ဘက်တွေထဲမှာ အခက်အခဲဆုံးပြိုင်ဘက်လို့လည်း ဆိုနိုင်ပါတယ်။ ကျွန်တော်တို့က ထိုးသတ်ဟန်ချင်း မတူပါဘူး။ ကျွန်တော်ကလည်း မတူတဲ့စတိုင်နဲ့ ထိုးသတ်ချင်ပါတယ်။ ကျွန်တော့်ကြောင့် သူ အံ့အားသင့်ရမှာပါ

မေး – ဒီပွဲအတွက် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ယုံကြည်မှုရှိလဲဘယ်လောက်အထိ ယုံကြည်ထားလဲဆိုတော့ ကျွန်တော်က နိုင်ပွဲရယူနိုင်စွမ်းရှိတဲ့ ချန်ပီယံတစ်ယောက်ပါ။ ကျွန်တော့်အလုပ်ကို ကျွန်တော် ချစ်တယ်။ နေ့တိုင်း အိပ်ယာထတာနဲ့ မှန်ရှေ့သွားပြီး ” ဂွတ်ဒ်မောနင်းပါ ချန်ပီယံကြီးရေ”လို့ ပြောလေ့ရှိတယ်။ ဒီချန်ပီယံခါးပတ်ကို အိမ်ပြန် မယူနိုင်မချင်း ကျွန်တော် ရပ်တန့်မှာ မဟုတ်ပါဘူး။

မေး – လက်ဝှေ့ပွဲဦးထွက်မှာပဲ WLC ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ထိုးသတ်ခွင့်ရတဲ့ အခွင့်အရေးရတဲ့အပေါ် ဘယ်လိုခံစားရလဲလက်ဝှေ့ပွဲဦးထွက်မှာ ဒီလိုအခွင့်အရေးရတော့ အရမ်းစိတ်လှုပ်ရှားတယ်။ ဒါက ကျွန်တော်အတွက် အရမ်းအဓိပ္ပာယ်ရှိပြီး စိတ်ဓာတ်ခွန်အား ပိုဖြစ်စေတယ်။ WLC ကို ကျေးဇူးတင်တယ်။ ဒီလိုဖြစ်လာအောင် လုပ်ပေးခဲ့တဲ့ ကျွန်တော့်မန်နေဂျာ ဘယ်လက်စတာနဲ့ TPmatchmaking (စီစဉ်ရေးအဖွဲ့)ကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော့်ကို ပံ့ပိုးပေးကြတဲ့ ကျွန်တော်တို့တစ်သင်းလုံးနဲ့ နည်းပြ ဖေဘီယာနိုဟော်သွန်းကိုလည်း ကျေးဇူးတင်ပါတယ်

မေး – ခင်ဗျားအကြိုက်ဆုံး လက်ဝှေ့သမားက ဘယ်သူလဲ။ ဘာကြောင့် ကြိုက်တာလဲကျွန်တော်အကြိုက်ဆုံး လက်ဝှေ့သမားကတော့ ကျွန်တော်ပါပဲ ( ဟီးဟီး)။ ကျွန်တော့်ကို အချိန်ပေးမယ်ဆိုရင် ကျွန်တော်က ခင်ဗျားတို့အားလုံးကြိုက်တဲ့ လက်ဝှေ့သမားဖြစ်လာမှာပါ

မေး – မြန်မာလက်ဝှေ့ပရိသတ်တွေကို ဘာများပြောချင်လဲ။ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ သူတို့က တိုက်ခိုက်ရေးအားကစားအတွက် အကြီးကျယ်ဆုံး ပံ့ပိုးပေးနေသူတွေပါ။ ရိုးရာလက်ဝှေ့ပရိသတ်တွေကို ပြောချင်တာကတော့ ကျွန်တော်က ရိုးရာလက်ဝှေ့စတိုင်မျိုး မဟုတ်ဘူးဆိုပေမဲ့ ခင်ဗျားတို့အားလုံး ကြည့်ကောင်းမယ့်ပွဲစဉ်ဖြစ်လာစေဖို့ ကျွန်တော့်လက်ရည် တိုးတက်လာအောင် ကျွန်တော်အကောင်းဆုံးလေ့ကျင့်သွားမှာပါ။ ကျေးဇူးပါတယ်။


English Version
Jose Vinuelas vowed will be surprise for Antonio FariaJose Vinuelas, WLC Light Welterweight Champion challenger, vowed to make a surprise for Champion belt holder, Antonio Faria at WLC: Lethwei Showcase that will be broadcast on 25 September. Jose Vinuelas has well experience in the martial arts career during 14 years and amassed the fight records of 50 Wins in 93 Fights in MMA, K1,No Gi Jiu-Jitsu. We want to convey the chat with Jose Vinuelas via Social Media for Yoyarlay Fans.

Q – How long have you been in combat Sports ?

Hello my name is Jose Vinuelas and I has been doing combat sports from 22 years, starting from kick boxing to MMAQ – Which combat style is your most favourite ?My favorite style it’s brasilian Luta livre (wrestling) but I love boxe chines too that’smy combination

Q – What is the main reason for starting your Lethwei journey ?

The main reason it’s I love fight! And I love to prove myself and lethwei is the perfect to do it, I will enjoy it I am sure.

Q – Have you ever been fight bareknuckle boxing?

Not in real fight but yes I was training and doing sparring without gloves because I was start to training when the real Valetudo that we now call MMA, I was start to fight in the transaction of valetudo to MMA implanting the new rules

Q – How do you prepare to your Lethwei debut?

I am training like always I am MMA fighter just cutting the ground training, focus in the stand up, is not time to start nothing new now the fight it’s near.

Q – Have you seen Antonio Faria’s fight in lethwei?

Yes, I have watched all his fights in WLC I am going to fight in his territory I need to know him.Q – How do you think about your opponent, Antonio Faria who is WLC’s Light Welterweight champion?About Antonio is the champion in the category it mean it’s the hardest I can take here we are different styles and I want play with that, I will be a surprise for him.

Q – How much confidence do you have in yourself for this fight?

How confident! I am a champion I can do it, you know I love what I do!! And every day I wake up go to the mirror and I say good morning champion I don’t will stop until to take this belt to home.

Q – How do you feel that you have chance to be contender of WLC Light Welterweight Tittle in your Lethwei Debut?

Very excited to have that opportunity in my debut it mean too much for me and give me more motivation too! Thanks to the organization to my manager Bernat Palanques Ballester and TP matchmaking for do it possible and all my team and Fabiano Hawthorne for all the support.

Q – May I know who is your favorite Lethwei fighter and why you like ?

I am my favorite fighter hehe, and I will be the favorite of you all too just give me time to show you

Q – Do you have any message for Myanmar Lethwei fans ?

For all the fans I want to say thanks because they are a biggest support the sports have, for the traditional fans I want to send a message maybe I am not the traditional Lethwei style but I will training to give the best of me to improve it to you all enjoy the sport like me, thanks

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top