အလုပ်စဝင်ဝင်ချင်းမှာ ဒါတွေကို မလုပ်မိအောင်ရှောင်ပါ

yyl-22-018.jpg

သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လိုပဲရင်းနှီးရင်းနှီး၊ သင့်မန်နေဂျာနဲ့ ဘယ်လိုပဲအဆင်ပြေပြေ (ဒါမှမဟုတ်) သင့်အလုပ်နဲ့ပတ်သတ်ပြီး ရူးသွပ်တယ်ဆိုတာက ကိစ္စမရှိပေမဲ့ အလုပ်ခွင်မှာ ဝန်ထမ်းအသစ်ဖြစ်ရင်တော့ အမြဲတမ်းသတိထားနေသင့်ပါတယ်။ အလုပ်အချိန်အတွင်း သင်ရဲ့ အလုပ်အသစ်အကြောင်းကို နားလည်နေရပါမယ်။ လူတိုင်းနဲ့ အပြန်အလှန်နားလည်မှုတိုးချင်ရင် သင့်အလုပ်စဝင်ဝင်ချင်ချင်လမှာ ရှောင်ကျဉ်သင့်တဲ့အရာ အနည်းငယ်ရှိပါတယ်။ အလုပ်သစ်ကို စဝင်တဲ့သူတွေ သိချင်စေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

အရာရာတိုင်းကို သိဖို့ကြိုးစားခြင်း

အလုပ်စလုပ်တဲ့ရက် အနည်းငယ်အတွင်းမှာ သင့်အနီးနားက လူတွေအကြောင်း၊ အလုပ်အကြောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အရမ်းသိဖို့မကြိုးစားသင့်ပါဘူး။ သူက ဘယ်သူ၊ သူ/သူမရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး မရေတွက်နိုင်တဲ့ မေးခွန်းများစွာကို မမေးမိအောင် သတိထားသင့်ပါတယ်။ သင် သိလိုစိတ်နဲ့ မေးကောင်းမေးနိုင်ပါတယ်။ ကိုယ့်အလုပ်နဲ့ပတ်သတ်တဲ့ မေးခွန်းတွေကိုသာ မေးသင့်ပါတယ်။

အပြီးစလွယ်လုပ်ခြင်း

သင့်အလုပ်သစ်မှာ အလုပ်လုပ်နေတဲ့အချိန် အခွင့်ကောင်းယူခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ အလုပ်ကိုအချိန်မှန်တတ်ပြီး အချိန်မှန်ဆင်းသင့်ပါတယ်။ အလုပ်နောက်ကျခြင်းမဖြစ်အောင် သတိထားသင့်ပါတယ်။ နေ့လည်ထမင်းစားချိန်ကို အချိန်အကြာကြီးမယူသင့်ပါဘူး။ အချိန်ကြာလာတဲ့အခါ သင့်အလုပ်အချိန်ဇယားက ဘယ်လိုအဆင်ပြေတယ်ဆိုတာကို သိလာပါလိမ့်မယ်။

လုပ်ဖော်ကိုင်ဖက်တွေကို ဝေဖန်ခြင်း

အချိန်တစ်လဆိုတာက သင့်အလုပ်ခွင်က ဘယ်သူကိုမဆို နားလည်ဖို့အရမ်းနည်းလွန်းတဲ့ အချိန်ဆိုတာ ပြောဖို့မလိုအပ်ဘူးထင်ပါတယ်။ သင်က သင့်လုပ်ဖော်ကိုင်ဖက်ကို သင်နဲ့ပတ်သက်ပြီး အမြင်မမှားစေချင်ရင် သင်လည်း သူတို့နဲ့ပတ်သက်ပြီး အမှားမလုပ်မိအောင် လုပ်ဖို့လိုအပ်ပါတယ်။ ပုံမှန်အတိုင်းနေပြီး သင့်အနီးအနားက လူတွေကို မဝေဖန်ပါနဲ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်သက်ပြီး သိမြင်နားလည်မှုရအောင် အချိန်ယူရပါလိမ့်မယ်။

ငေါ့တော့တော့၊ ဟာသလုပ်ခြင်း

သင့်လုပ်ဖော်ကိုင်ဖက်နဲ့စကားပြောတဲ့အခါ ရင်းနှီးဖော်ရွေမှုရှိပါစေ။ ဒါပေမဲ့ ဟာသလုပ်ခြင်းနဲ့ငေါ့တော့တော့သုံးသပ်ချက်တွေမလုပ်မိအောင် နေရပါမယ်။ ကျီးစားသန်က ရန်များ၏ ဆိုတဲ့စကားအတိုင်း ဟာသလုပ်ခြင်းနှင့် ငေါ့တော့တော့လုပ်ခြင်းတွေက မလိုလားဖွယ်ရာ ကိစ္စတွေဖြစ်စေနိုင်ပါတယ်။ သင့်အနီးအနားကလူတွေကို နားလည်ဖို့ အချိန်ယူကြည့်ပါ။ သူတို့က ဘယ်လိုဟာသမျိုးတွေ ကြိုက်လည်းဆိုတာကို နားလည်အောင်လုပ်ရပါမယ်။
ဒီအချက်တွေကို သိလိုက်ရတဲ့အတွက် သင့်အလုပ်သစ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေချောမွေ့ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Ref: Things you must not do in the first month of your job

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top