ပဲခူးရိုးမထဲက သီးခြားရပ်ဝန်းလေး အတွက် Clean Yangon ရဲ့ ကူညီလှူဒါန်းမှု

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ပဲခူးရိုးမရဲ့ တစ်နေရာမှာတော့ သီးခြားရပ်ဝန်းတစ်ခုလိုဖြစ်နေတဲ့ ဆင်စခန်းတွေ ရှိနေပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ ဒီဒေသဟာ မြို့ပြနဲ့ အလှမ်းမဝေးပေမဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ကဏ္ဍပေါင်းစုံမှာ လိုအပ်ချက်များပြားလှပါတယ်။ ကပ်ဘေးကာလလို အခက်တွေ့နေတဲ့ အချိန်မျိုးမှာ Clean Yangon အဖွဲ့က ကားတစ်တန်၊ လှေတစ်တန်၊ ခြေကျင်တစ်တန် ခရီးနှင်ပြီး ဒီဒေသအတွက် လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ သွားရောက်လှူဒါန်းပေးခဲ့ရာမှာ ရိုးရာလေးအဖွဲ့ကလည်း မှတ်တမ်းတင်ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီဒေသမှာ နေထိုင်သူတွေအတွက် ကူညီလှူဒါန်းချင်တယ်ဆိုရင် မြန်မာ့သစ်လုပ်ငန်း၊ လက်ထောက်မန်နေဂျာ ဦးကျော်ကျော်ထွန်း ဖုန်း -၀၉၄၀၀၄၄၅၅၉၆ ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

Team (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply