ချန်ပီယံလိဂ်ဝင်ခွင့်မရရင် ဝတ်စုံ စပွန်ဆာဝင်ငွေ ပေါင် ၂၅ သန်း နစ်နာမယ့် မန်ယူ

15-7-2020-yyl-029.jpg

မန်ယူအသင်းဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်မရရင် Adidas နဲ့ ချုပ်ဆိုထားတဲ့ ဝတ်စုံစပွန်ဆာစာချုပ်ကနေ စပွန်ဆာကြေး ပေါင် ၂၅ သန်းအထိ ဆုံးရှုံးရဖို့ ရှိနေပါတယ်။ မန်ယူဟာ Adidas နဲ့ ချုပ်ဆိုထားတဲ့ ဝတ်စုံစပွန်ဆာစာချုပ်အရ တစ်နှစ်ကို ပေါင်(၇၅)သန်းအထိ ရရှိနေပါတယ်။ ဒါဟာ လီဗာပူးနဲ့ Nike ကုမ္ပဏီချုပ်ဆိုထားတဲ့ တစ်နှစ်ပေါင်သန်း ၈၀ တန် စပွန်ဆာစာချုပ်ပြီးရင် ဒုတိယ စပွန်ဆာကြေးအမြင့်ဆုံးစာချုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီစာချုပ်မှာ မန်ယူအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့် ၂ နှစ်ဆက်တိုက် ဆုံးရှုံးမယ်ဆိုရင် Adidas ကုမ္ပဏီဘက်က ဒုတိယရာသီမှာ စပွန်ဆာကြေး ပေါင် ၂၅ သန်း လျှော့ပေးမယ်ဆိုတဲ့အချက် ပါဝင်နေပါတယ်။ ဝတ်စုံစပွန်ဆာကြေး ပေါင်သန်း ၅၀ ပဲ ရမယ်ဆိုရင် ချဲလ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်တို့ထက် ဝတ်စုံစပွန်ဆာဝင်ငွေ ပိုနည်းသွားမှာပါ။

မန်ယူဟာ ပြီးခဲ့တဲ့အင်္ဂါနေ့နံနက်က ကစားခဲ့တဲ့ပွဲစဉ်မှာ ဆောက်သမ်တန်ကို အနိုင်ရခဲ့ရင် အဆင့်(၃) နေရာ တက်လှမ်းခွင့်ရမှာဖြစ်ပေမဲ့ ထပ်ဆောင်းအချိန်ပိုမှာ ချေပဂိုးပြန်ပေးခဲ့ရပြီး ၂ ဂိုးစီ သရေကျခဲ့လို့ အဆင့်(၅) နေရာမှာပဲ ဆက်ရှိနေပါတယ်။ မန်ယူဟာ အဆင့်(၄) နေရာက လက်စတာနဲ့ အမှတ်တူ ဂိုးကွာခြားချက်(၃ ဂိုးနည်း)၊ အဆင့်(၃) နေရာက ချဲလ်ဆီးထက် တစ်မှတ်နည်းနေပြီး လက်ကျန်ပွဲစဉ်(၃)ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်း၊ ဝက်စ်ဟမ်းကို အိမ်ကွင်း၊ လက်စတာကို အဝေးကွင်းမှာ ကစားရမှာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top