PropertyGuru Myanmar Property Awards ၏ အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲတွင် အိမ်ခြံမြေစျေးကွက်ကို မောင်းနှင်ရေး ဆွေးနွေး

image006.jpg

အာရှ၏ထိပ်တန်း အိမ်ခြံမြေနည်းပညာ ကုမ္ပဏီကြီးဖြစ်သော PropertyGuru သည် မြန်မာနိုင်ငံ၏ ထိပ်တန်းအိမ်ခြံမြေ ဝက်ဘ်ဆိုက်နှင့် အွန်လိုင်းအိမ်ခြံမြေ ကုမ္ပဏီကြီးတစ်ခုဖြစ်သော Shwe Property နှင့် ပူးပေါင်း၍ အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၄ ရက် ၊ ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ ကျင်းပခဲ့သည်။ Zoom ပလက်ဖောင်းမှတစ်ဆင့် ပြုလုပ်ခဲ့သော ဤဆွေးနွေးပွဲကို ပြည်တွင်း မီဒီယာများ၊ အိမ်ခြံမြေနယ်ပယ်မှ ကျွမ်းကျင်သူများနှင့် စိတ်ဝင်စားသူပြည်သူများ တက်ရောက်ခဲ့သည်။ PropertyGuru Myanmar Property Awards မှ ပညာရှင်များ သည် ၂၀၂၀ ခုနှစ် ကမ္ဘာ့ကပ်ရောဂါကာလ အတွင်း နိုင်ငံ၏အိမ်ခြံမြေစျေးကွက်နယ်ပယ်ကို မောင်းနှင်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးခဲ့သောခေါင်းစဉ်များတွင် မြန်မာ့အိမ်ခြံမြေကဏ္ဍအပေါ် နိုင်ငံခြားမှ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများ၏ လက်ရှိသဘောထားအမြင်၊ ကမ္ဘာ့ကပ်ရောဂါကြီး အတွင်း အိမ်ခြံမြေစျေးကွက်အခြေအနေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် ဤအကျပ်အတည်းကို ကျော်လွှားရာတွင် အသုံးပြုနိုင်မည့် ဒီဂျစ်တယ် ဆိုင်ရာ အထောက်အပံ့များအကြောင်းတို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင်ကျင်းပသွားမည့် ခြောက်ကြိမ်မြောက် ဆုပေးပွဲအစီအစဉ်နှင့်စပ်လျဉ်း၍ PropertyGuru Asia Property Awards and Events ဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Jules Kay မှ အနည်းငယ်ရှင်းလင်းပြောကြားပြီးနောက် စျေးကွက်ပြန်လည်နိုးထလာစေရန် အထောက်အပံ့ဖြစ်စေမည့် အကြောင်း အရာအချက်အလက်များကို ဆွေးနွေးခဲ့သည်။

‘အားသာချက်များ၊ လိုအပ်ချက်များရှိနေသော အစိတ်အပိုင်းများ၊ မထိတွေ့ရသေးသော အလားအလာကောင်း’

PropertyGuru Myanmar Property Awards ဆုပေးပွဲကြီးအတွက် ရဲ့ဥက္ကဌ က အိမ်ခြံမြေစျေးကွက်၏အခြေအနေ၊ Covid-19 ဖြစ်ပွားနေသည့်အချိန်အတွင်း နိုင်ငံခြားမှ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများ ၏ မြန်မာနိုင်ငံ၏အိမ်ခြံမြေစျေးကွက်အပေါ် စိတ်ဝင်စားမှု၊ လိုအပ်ချက်များကို ဖော်ထုတ်ခြင်းတို့နှင့် ပတ်သတ်၍ ဆွေးနွေးခဲ့သည်။ Emerson က “ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံသူတွေကို စိတ်ဝင်စားစေခဲ့တဲ့ တိုးတက်လာတဲ့အိမ်ခြံမြေစျေးကွက်ရဲ့ အားသာချက်တွေ၊ လိုအပ်ချက်ရှိနေ သေးတဲ့ အစိတ်အအပိုင်းတွေနဲ့ မထိတွေ့ရသေးတဲ့ အလားအလာကောင်းတွေကို ကျွန်တော်တို့ မြင်ရပါတယ်။” ဟု ဆိုသည်။

ShweProperty ၏ CEO ဖြစ်သူ Justin Sway သည်လည်း ဤအကျပ်အတည်းကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအတွက် အထောက်အကူဖြစ် စေမည့် ဒီဂျစ်တယ် အထောက်အပံ့များအကြောင်း ဆွေးနွေးခဲ့သည်။ ၎င်းက “မြန်မာ့အိမ်ခြံမြေလုပ်ငန်းနယ်ပယ်ကို အထောက်အကူဖြစ်စေဖို့၊ အခုလို မရေရာတဲ့အခြေအနေမှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ကူညီနိုင်ဖို့အတွက် ShweProperty အနေနဲ့ မိတ်ဖက် PropertyGuru နဲ့အတူ ကျွန်တော်တို့ရဲ့ ပေါင်းစပ်ထားတဲ့ အွန်လိုင်းပလက်ဖောင်းတွေရဲ့ အားသာချက်တွေကို အသုံးချသွားမှာဖြစ်ပါတယ်။ မိမိလုပ်ငန်းအတွက် new normal ကာလ၊ လက်ရှိကာလနဲ့ အနာဂတ်မှာ ကြံ့ကြံ့ခံနိုင်ရေးအတွက် ပြင်ဆင်ပေးနိုင်မယ့် စျေးကွက်ဆိုင်ရာ အဆင့်အမြင့်ဆုံး ဒီဂျစ်တယ်အထောက်အကူပြုနည်းလမ်းတွေကို ရရှိသွားနိုင်ဖို့ နိုင်ငံတွင်း ဗဟုသုတအပြည့်စုံဆုံးပညာရှင်တစ်ဦးအနေနဲ့ ကျွန်တော်တို့က ကူညီသွားမှာဖြစ်ပါတယ်။” ဟု ပြောကြားသည်။

တိုးချဲ့ထားသော ဒေသတွင်းရောက်ရှိမှု

Hitachi Elevators and Escalators မှ အဓိကကူညီပံ့ပိုးပေးထားသော ဤဆဌမအကြိမ်မြောက်ကျင်းပသော PropertyGuru Myanmar Property Awards ဆုပေးပွဲကြီးကို Shwe Property နှင့် ပူးပေါင်း၍ ကျင်းပသွားမည်ဖြစ်ရာ ကြီးကျယ်ခမ်းနားသော ဤဒေသတွင်း ဆုပေးအပ်မှုအစီအစဉ်ကြီး၏ အကောင်းဆုံးပွဲကြီး တစ်ခုဖြစ်ပြီး ဆန်ခါတင်ရွေးချယ်ခံရသူများကို ပိုမိုကျယ်ပြန့်သော ဒေသတွင်းစျေးကွက်ကြီးတွင် မြင်သာနိုင်စေရေးအတွက်လည်း အခွင့်အလမ်းရှိမည်ဖြစ်သည်။

စင်ကာပူနိုင်ငံအခြေစိုက် PropertyGuru သည် ဆုချီးမြှင့်ပွဲများအတွက် အာရှပစိဖိတ်ဒေသအတွင်း စျေးကွက်ပေါင်း ၁၅ ခုကျော်၊ ဒေသတွင်း အိမ်ခြံမြေရှာဖွေသူ ပေါင်း ၂၃ သန်းကျော်ထံသို့ ရောက်ရှိနေပြီဖြစ်ကာ Myanmar Property Awards ဆုရရှိသူများကို ဒေသတွင်း စင်မြင့်ထက်သို့ပို့ဆောင်ပေးနိုင်ရန်အတွက် လိုအပ်သော အရင်းအမြစ်များကိုလည်း ပေးအပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ထင်ရှားသော ကုမ္ပဏီများထဲမှ တစ်ခုအပါအဝင်ဖြစ်သော Shwe Property သည် ဝက်ဘ်ဆိုက်ပေါ်တွင် အိမ်ခြံမြေအမျိုးအစားပေါင်း ၂၅၀,၀၀၀ ကျော်ကို ပြသထားသည်။

Kay က “မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍတွင်း Shwe Property ရဲ့ ကျွမ်းကျင်မှု၊ PropertyGuru ရဲ့ အာရှပစိဖိတ်ဒေသတစ်လျှောက် နိုင်ငံတကာစျေးကွက်တွေ အတွင်း သူမတူတဲ့ လက်လှမ်းမီမှု တွေကို ပေါင်းစပ်ဆောင်ရွက်နိုင်မှာ ဖြစ်တာကြောင့် ဒီ ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် PropertyGuru Myanmar Property Awards ဆုတံဆိပ်တွေ ဟာ နိုင်ငံတွင်းက အိမ်ခြံမြေကဏ္ဍကြီးအတွက် စံထားလောက်ဖွယ်ကောင်းတဲ့ သာလွန်ကောင်းမွန်မှုကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။ ဒီလို ဒေသ တွင်း ထိပ်တန်းကရပ်တည်နေတဲ့ အိမ်ခြံမြေဆုချီးမြှင့်ပေးတဲ့ အစီအစဉ်ကြီးနဲ့ မြန်မာနိုင်ငံက လူအများလေးစားကြရတဲ့ အိမ်ခြံမြေ Portal ကြီးတို့ အကြား ပူးပေါင်း ဆောင်ရွက်နိုင်မှုက အခုလို ခက်ခဲတဲ့ အချိန်အခါမျိုးတွေအတွင်း ကိုယ့်ရဲ့ အမှတ်တံဆိပ်ကို ပေါ်လွင်ထင်ရှားစေဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေလိုအပ်နေတဲ့ အထောက်အပံ့မျိုးပဲဖြစ်ပါတယ်။” ဟု ဆိုသည်။

တင်းကျပ်၍ ကျင့်ဝတ်ပြည့်ဝသော ဘက်မလိုက်သည့် စံနှုန်း

ယခုနှစ်အတွက် ဆုများကိုရွေးချယ်ရာတွင် PropertyGuru Asia Property Awards ၏ တင်းကျပ်၍ ကျင့်ဝတ်အပြည့်ရှိကာ ဘက်မလိုက်တတ်သော စံနှုန်းများကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။ မျှတမှု၊ ပွင့်လင်းမြင်သာမှုတို့ ရှိစေရန်အတွက် အကဲဖြတ်သည့်လုပ်ငန်းစဉ် တစ်ရပ်လုံး ကို Executive Director ဖြစ်သူ Joe Yew Chi Jee က ဦးဆောင်၍ အမှုဆောင်ဖြစ်သူ မနန်းနှင်းသက်ထွေးနှင့် စီနီယာမန်နေဂျာဖြစ်သူ Hong Shi Ying တို့က အကြံပေးအဖြစ်ဆောင်ရွက်သည့် BDO အဖွဲ့က ကြီးကြပ်သွားမည်ဖြစ်သည်။

၂၀၂၀ ခုနှစ်၏ PropertyGuru Myanmar Property Awards ဆုချီးမြှင့်ပွဲကြီးတွင် ယခင်ဆောက်လုပ်မှုဆုအမျိုးအစားများ အပြင် အကောင်းဆုံး အဆင့်မြင့်ကွန်ဒိုဆောက်လုပ်မှုဆု၊ အကောင်းဆုံး စျေးနှုန်းသင့်ကွန်ဒိုဆောက်လုပ်မှုဆု၊ အကောင်းဆုံး စျေးနှုန်းသင့်အိမ်ရာဆောက်လုပ်မှု ဆုတို့ကို ဆုအမျိုးအစားအသစ်များအဖြစ် ထည့်သွင်းသွားမည်ဖြစ်သည်။ ဒီဇိုင်းဆုအမျိုးအစားသစ်များတွင် အကောင်းဆုံး စီးပွားရေးလုပ်ငန်းသုံး ဗိသုကာဒီဇိုင်းဆု၊ အကောင်းဆုံး စီးပွားရေးလုပ်ငန်းသုံး အတွင်းဒီဇိုင်းဆုတို့ ပါဝင်သည်။ မြန်မာနိုင်ငံ၏ ကိုလိုနီခေတ်ကာလ ဗိသုကာလက်ရာ ကြွယ်ဝမှုကို ဂုဏ်ပြုသောအားဖြင့် ဤ ၂၀၂၀ ဆုပေးပွဲကြီးတွင် အကောင်းဆုံး ရှေးဟောင်းလက်ရာပြုပြင်ထိန်းသိမ်းထားရာ အဆောက်အဦဆုနှင့် အကောင်းဆုံး ရှေးဟောင်းလက်ရာပြုပြင်ထိန်းသိမ်းမှု ဒီဇိုင်းဆုတို့ကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။ အများပြည်သူအနေဖြင့် ၎င်းတို့၏ ဆန်ခါတင်စာရင်းများကို asiapropertyawards.com/nominations သို့ သွားရောက်၍ အွန်လိုင်းမှ တင်သွင်းနိုင်မည်ဖြစ်သည်။

ဆန်ခါတင်ရွေးချယ်ခံရ​သော ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ပရောဂျက်များကို ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသွားမည့် ညစာစားပွဲအခမ်းအနားကြီးတွင် ကြေညာ၍ ဆုများချီးမြှင့်သွားမည်ဖြစ်သည်။

Shwe Property နှင့်ပူးပေါင်း၍ကျင်းပသွားမည့် ဆဌမအကြမ်မြောက် PropertyGuru Myanmar Property Awards ဆုချီးမြှင့်ပွဲကြီးကို Platinum Sponsor အဖြစ် Hitachi Elevators and Escalators ၊ တရားဝင်ကြီးကြပ်သူအဖြစ် BDO ၊ တရားဝင်မဂ္ဂဇင်းအဖြစ် PropertyGuru Property Report ၊ တရားဝင် Charity မိတ်ဖက်အဖြစ် Right to Play ၊ တရားဝင် ပြည်သူ့ဆက်ဆံရေး မိတ်ဖက်အဖြစ် Klareco Communications ၊ တရားဝင် Portal မိတ်ဖက်အဖြစ် Shwe Property တို့က ဆောင်ရွက်သွားမည်ဖြစ်သည်။

ပိုမိုသိရှိလိုပါက အီးမေးလ်လိပ်စာ [email protected] ထံသို့ ဆက်သွယ်မေးမြန်နိုင်သည် သို့မဟုတ် AsiaPropertyAwards.com ထံသို့ သွားရောက် လေ့လာနိုင်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top