ရှေးဟောင်းပန်းချီကားတစ်ချပ်ကို နမူနာယူ တည်ဆောက်ထားတဲ့ မိုးမျှော်အဆောက်အအုံ

23.7.2024-yyl-14.png

အယ်လ်ဘေးနီးယားနိုင်ငံမြို့တော် တီရာနာမြို့မှာ တည်ဆောက်နေတဲ့ နှောင်ကြိုးတာဝါ (Bond Tower)ဟာ ဘဲလေးကချေသည်တစ်ယောက် ခြေထောက်ကွေးထားတဲ့ ပုံစံ (ဒါမှမဟုတ်) ချစ်သူနှစ်ယောက် အနမ်းပေးနေတဲ့ ပုံသဏ္ဍာန်မျိုးဖြစ်ပြီး ကြည့်ရှုတဲ့ ရှုထောင့်အလိုက် ပုံသဏ္ဍာန်ပြောင်းလဲသွားစေနိုင်တဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

မိုးမျှော်အဆောက်အအုံနှစ်ခုကို ယှဉ်တွဲတည်ဆောက်ထားတာဖြစ်ပြီး ပေါ်တူဂီဗိသုကာလုပ်ငန်းစု OODA က ဒီဇိုင်းဆွဲထားတာပါ။ အထပ် ၅၀ မြင့်တဲ့ အဆောက်အအုံက လူနေအဆောက်အအုံဖြစ်ပြီး ကျန်အဆောက်အအုံကတော့ ဟိုတယ်နဲ့ ရုံးခန်းတွေ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

ဒီအဆောက်အအုံကို ဒီဇိုင်းဆွဲဖို့အတွက် စံနမူနာယူစရာ အမျိုးမျိုးရှိတဲ့အနက် ၁၉၀၈ ခုနှစ်က သြစတြီးယားပန်းချီဆရာ ဂူစတက်ကလင့်မ်(Gustav Klimt)ရဲ့ အနမ်းပန်းချီကား (The Kiss)လည်း ပါဝင်ပါတယ်။

ဒီအဆောက်အအုံဟာ အမြင်ဒီဇိုင်း ဆန်းပြားသလို ကွေးညွှတ်ထားသလို ပုံသဏ္ဍာန်ကြောင့် ငလျင်ဒဏ်ကိုလည်း ခံနိုင်စွမ်းရှိတယ်လို့ OODA ဗိသုကာလုပ်ငန်းစုရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒီယေဂိုဘရစ်တိုက ဆိုပါတယ်။

Ref: Ballet-inspired double skyscraper design tricks the eye
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top