၂၇ နှစ်လုံးလုံး ခွင့်မယူခဲ့တဲ့ Burger King ဆိုင်ဝန်ထမ်းက စေတနာရှင်တွေကြောင့် အိမ်အသစ်ပိုင်ဆိုင်ခဲ့ရ

3.1.24-yyl-၂.jpg

ဆယ်စုနှစ် ၂ ခုကျော်အတွင်း အလုပ်တစ်ရက်မှ မပျက်ခဲ့လို့ နာမည်ကြီးသွားခဲ့တဲ့ Burger King ဆိုင်ဝန်ထမ်းက ရန်ပုံငွေရှာဖွေရေးကမ်ပိန်းတစ်ခုကြောင့် သူ့ရဲ့ပထမဆုံးအိမ်ကို ဝယ်ယူနိုင်ခဲ့ပါပြီ။

၂၀၂၂ ခုနှစ် ဇွန်လမှာ ကီဗင်ဖို့ဒ်ဆိုတဲ့ အဲဒီဝန်ထမ်းက ၂၇ နှစ်အတွင်း အလုပ်တစ်ရက်မှမပျက်လို့ Burger King ကနေ ရရှိခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာပါ။ လက်ဆောင်အိတ်ထဲမှာ ရုပ်ရှင်လက်မှတ်တစ်စောင်၊ ဘောပင်နှစ်ချောင်း၊ Starbucks ကော်ဖီခွက်နဲ့ ချောကလက်မုန့်တစ်ထုပ်ပဲ ပါဝင်ပါတယ်။ ၂၇ နှစ်လုံးလုံး တစ်ရက်မှ ခွင့်မယူခဲ့တဲ့ သူ့က လက်ဆောင်ရလို့ ဝမ်းသာပေမဲ့ အဲဒီဗီဒီယိုပျံ့နှံ့သွားခဲ့ပြီးနောက်မှာ သူ့ကို Burger King က တန်ကြေးမရှိတဲ့ လက်ဆောင်ပစ္စည်းအနည်းငယ်သာပေးခဲ့တာက လူပြောစရာဖြစ်ခဲ့ပါတယ်။

အဲဒီနောက်မှာ သူ့သမီးဖြစ်သူက သူ့အတွက် GoFundMe ပေ့ချ်ထောင်ပေးခဲ့လို့ ဒေါ်လာ ၄၄၀၀၀၀ နီးပါးရရှိခဲ့ပါတယ်။ အခုဆို စေတနာရှင်တွေရဲ့ရက်ရက်ရောရောလှူဒါန်းပေးမှုကြောင့် ဖို့ဒ်က အလှူငွေတချို့နဲ့ သူ့ရဲ့ပထမဆုံးအိမ်ကို ဝယ်ယူနိုင်ခဲ့ပါပြီ။

ဒီဇင်ဘာ ၂၉ ရက်နေ့က ဖို့ဒ်ဟာ အခုလိုဝယ်ယူနိုင်အောင် လှူဒါန်းပေးခဲ့ကြတဲ့ သူတွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “ဒါက အိမ်ကြီးမဟုတ်ဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်အိမ်ပါ။ ကျွန်တော့်အတွက် လုပ်ပေးခဲ့တာတွေအတွက် ငါ့အတွက်မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာဖြစ်တဲ့ အိမ်ပို်ငဆိုင်ခွင့်ရအောင် လုပ်ပေးခဲ့တာအတွက် တစ်ကမ္ဘာလုံးက လူတိုင်းကို ကျေးဇူးတင်ချင်ပါတယ်။ ဒါက တကယ်ကို အမေရိကန်အိပ်မက်တစ်ခုပါပဲ။ ခရစ္စမတ်ရဲ့အံ့ဖွယ်တစ်ခုပါပဲ။ ငါ မင်းတို့ကို ချစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုချစ်ဖို့ သတိရပါ။ ဘုရားသခင်ကောင်းချီးပေးပါစေ။ ကျေးဇူးတင်ပါတယ်”လို့ ဖို့ဒ်က ဆိုထားပါတယ်။

ဆက်စပ်သတင်းကိုဖတ်ရှုရန် – https://yoyarlay.com/burger-king-worker-who-hasnt-missed-work-in-27-years-receives-320000-in-donations/

Ref: Burger King Employee Who Went 27 Years Without Missing a Day of Work Buys First Home Thanks to Donations

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top