နယူးယောက်ခ်မှာ အိမ်မွေးတိရစ္ဆာန်ကြောင်(၂) ကောင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

23-4-2020-yyl-002.jpg

နယူးယောက်ခ်က အိမ်မွေးတိရစ္ဆာန်ကြောင် (၂) ကောင်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး စမ်းသပ်တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ USမှာ အိမ်မွေးတိရစ္ဆာန်တွေ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရတာ ဒါပထမဆုံးဖြစ်ပါတယ်။ နယူးယောက်ခ်ရဲ့သီးခြားနေရာတွေမှာနေထိုင်တဲ့ ကြောင်တွေက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေကို အနည်းငယ်သာပြပါတယ်။ ဒါပေမဲ့ အပြည့်အဝပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်ရပါတယ်။

ကြောင်တစ်ကောင်က ကိုရိုနာဗိုင်းရပ်ပိုးရှိတဲ့သူ့သခင်ဆီကနေ ဗိုင်းရပ်စ်ကူးစက်ခံရတာဖြစ်နိုင်ပါတယ်။ အခြားကြောင်တစ်ကြောင်က နေမကောင်းဖြစ်နေတဲ့ အိမ်သူအိမ်သားတွေကနေ (ဒါမှမဟုတ်) အိမ်နီးနားချင်းနဲ့ ထိတွေ့မှုကတဆင့် ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေကယုံကြည်ထားပါတယ်။ အာဏာပိုင်တွေက ဗိုင်းရပ်စ်အကြောင်း လေ့လာနေဆဲဖြစ်ပေမဲ့ အိမ်မွေးတိရစ္ဆာန်တွေက ဗိုင်းရပ်စ်ကို ပျံ့နှံ့စေတဲ့နေရာမှာ အဓိကဖြစ်တယ်ဆိုတဲ့ သက်သေပြချက်တော့ မရှိဘူးလို့ ဆိုပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် သူတို့ကို အိမ်ထဲမှာပဲထားပြီး လူတွေ၊ အပြင်က အခြားတိရစ္ဆာန်တွေနဲ့ ထိတွေ့တာကနေ ကာကွယ်ဖို့ CDC က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် COVID-19 ရောဂါပိုးရှိတဲ့လူတွေကို သူတို့ရဲ့အိမ်မွေးတိရစ္ဆာန်တွေနဲ့ထိတွေ့ဆက်ဆံမှုကို တားမြစ်သင့်ပြီး အပြန်အလည်ထိတွေ့ဖို့ လိုအပ်ရင်း ပါးစပ်နဲ့နှာခေါင်းစည်းဝတ်ဆင်သင့်တယ်လို့ ဆိုပါတယ်။ ဧပြီလ ၁၄ ရက်နေ့က Bronx Zoo ရဲ့ အသက် (၄) နှစ်အရွယ် ကျားတစ်ကောင် ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့သတင်းထွက်လာပြီးတဲ့နောက် အခု အိမ်မွေးတိရစ္ဆာန်ကြောင် (၂) ကောင်မှာ တွေ့ရှိတဲ့သတင်းထွက်ရှိလာခဲ့တာပါ။ အဲဒီကျားနဲ့ အာဖရိကခြင်္သေ့ (၃) ကောင်ဟာ COVID-19 ပိုးတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ တိရစ္ဆာန်ဥယျာဉ်ရဲ့ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“တိရစ္ဆာန်တွေကို မေ့ဆေးပေးစရာမလိုဘဲ ဓာတ်ခွဲစမ်းသပ်သူတွေက မစင်စမ်းသပ်နည်းကို အသုံးပြုပြီး ရောဂါပိုးစစ်ခဲ့တာပါ။ မစင်စမ်းသပ်မှုက ကြောင် (၇) ကောင်လုံး ရောဂါပိုးရှိတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ဒွိဟကို အတည်ပြုပေးခဲ့သလို ချောင်းဆိုးတဲ့လက္ခဏာမပြခဲ့တဲ့ Tiger Mountain က ကျားတစ်ကောင်ကိုလည်း ရောဂါရှိကြောင်း ဆုံးဖြတ်ပေးခဲ့ပါတယ်” လို့ ဆိုပါတယ်။ အဲဒီတိရစ္ဆာန်တွေက ကျန်းမာရေးကောင်းမွန်နေပြီး အရင်လို ပြုမှုနေထိုင်နေကာ ကောင်းကောင်းစားနေပါတယ်။ သူတို့ ချောင်းဆိုးတာကလည်း သိသိသာသာလျော့နည်းသွားပါပြီ။

Ref: NBC”Two pet cats in New York test positive for coronavirus”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top