နှုတ်သီးရှည်ငှက်ကလေးတစ်ကောင်ဟာ အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်ကနေ သြစတြေးလျနိုင်ငံ တက်မန်နီယာပြည်နယ်အထိ မိုင် ၈၀၀၀ ကျော် ခရီးကို မရပ်မနား ပျံသန်းနိုင်ခဲ့ပါတယ်။
၅ လသားအရွယ်ရှိတဲ့ ငှက်ကလေးကို ခြေရာခံစနစ် တပ်ဆင်ပေးထားတာဖြစ်ပြီး ၁၁ ရက်နဲ့ ၁ နာရီ ကြာမြင့်ခဲ့တဲ့ ဒီခရီးမှာ အစာမစား၊ ရေမသောက်သလို တစ်ချက်လေးမှ ရပ်နားခဲ့ခြင်း မရှိပါဘူး။
နှုတ်သီးရှည် ငှက်ကလေးဟာ အလွန်ဝေးလံတဲ့ ဒီခရီးစဉ်မှာ အသင့်ဖြစ်ဖို့အတွက် သူ့ခန္ဓာကိုယ်ကို ကြိုတင်ပြင်ဆင်ထားခဲ့တာပါ။ ခန္ဓာကိုယ်အလေးချိန်ရဲ့ တစ်ဝက်ကျော်အထိ အဆီ သိုလှောင်ထားပြီး ခရီးစဉ်တစ်လျှောက် စွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုသလို စွမ်းအင် ခြွေတာဖို့၊ အလေးချိန် လျှော့ချဖို့အတွက် သူတို့ရဲ့ကိုယ်တွင်းကလီစာတွေကိုတောင် ကျုံ့သွားအောင် လုပ်ထားခဲ့ကြတာပါ။
Ref: Bar-tailed Godwit migration
NZ (ရိုးရာလေး)

