(၇) ရက်အတွင်း ကမ္ဘာတစ်ဝှမ်းက မာရသွန်ပြိုင်ပွဲ ၇ ခုကို ဘီးတပ်ကုလားထိုင်နဲ့ ပြီးမြောက်အောင်မြင်ခဲ့တဲ့ ပထမဆုံးအားကစားသမား

16.2.2023-image-4.jpg

မသန်စွမ်းအိုလံပစ်ကစားသမားဟောင်း ဝီလျံ တန်ဆိုသူက ဘီးတပ်ကုလားထိုင်နဲ့ World Marathon Challenge ကို အောင်မြင်စွာ ပြီးမြောက်ခဲ့တဲ့ ပထမဆုံးအားကစားသမားဖြစ်လာခဲ့ပါတယ်။ အခုလိုအောင်မြင်မှုကို Singapore Disability Sports Council က အင်စတာဂရမ်မှာ ကြေညာခဲ့တာပါ။ အသက် ၆၆ နှစ်အရွယ် စင်ကာပူနိုင်ငံသားဝီလျံက ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ (၇) ရက်အတွင်း တိုက်ကြီး (၇) တိုက်က မာရသွန်ပြိုင်ပွဲ (၇) ခုကို ပြီးမြောက်ခဲ့တာပါ။

နှစ်စဉ်မာရသွန်ပြိုင်ပွဲမှာဆိုရင် နေရာ (၇) ခုက တစ်ခုစီမှာ ပုံမှန်မာရသွန်အကွာအဝေး ၄၂.၂ ကီလိုမီတာကို ပြီးမြောက်အောင်လုပ်ဆောင်ရပြီး (၁၆၈) နာရီအတွင်း ပြီးမြောက်ရမှာပါ။ မာရသွန်ပြိုင်ပွဲတွေကို အအေးပိုင်းအန္တာတိကတိုက်အပြင် တောင်အာဖရိက၊ဩစတြေးလျ၊ ဒူဘိုင်း၊ စပိန်၊ ဘရာဇီးနဲ့ အမေရိကန်တွေမှာ ကျင်းပခဲ့တာပါ။

ဝီလျံက မာရသွန်ပြိုင်ပွဲယှဉ်ပြိုင်ခဲ့တဲ့ အယောက် ၅၀ ထဲမှာ ဘီးတပ်ကုလားထိုင်နဲ့ ယှဉ်ပြိုင်တဲ့ အားကစားသမား (၂) ဦးထဲက တစ်ဦးပါ။ အခြားမသန်စွမ်းအားကစားသမားက ခြေထောက်အစား လက်ကိုအသုံးပြုပြီး စီးလို့ရတဲ့စက်ဘီးကို ရွေးချယ် ပြီးမြောက်ခဲ့ပြီး ဝီလျံကတော့ ဘီးတပ်ကုလားထိုင်နဲ့ စိန်ခေါ်မှုကို ပြီးဆုံးခဲ့ပါတယ်။

ဝီလျံက အသက် ၂ နှစ်မှာ ပိုလီယိုရောဂါရှိတယ်ဆိုတာ တွေ့ရှိခဲ့ပြီး ခါးအောက်ပိုင်းသေသွားခဲ့ပါတယ်။ အသက် ၁၅ နှစ်မှာ ဘီးတပ်ကုလားထိုင်အားကစားကို စလုပ်ခဲ့တာပါ။ ၁၉၉၈ ခုနှစ်က ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်တဲ့ ပထမဆုံးမသန်စွမ်းအားကစားပြိုင်ပွဲမှာ စင်ကာပူကိုယ်စားပြုပါဝင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာ ဧပြီမှာ အဆင့် ၄ သွေးကင်ဆာရောဂါခံစားခဲ့ရပါတယ်။ အဲဒီကတည်းက ပြိုင်ပွဲပေါင်း ၁၀၀ ကျော်မှာ ပါဝင်ခဲ့ပါတယ်။ အခုတော့ သူဟာ သွေးကင်ဆာရောဂါကနေ သက်သာသွားခဲ့ပါပြီ။ သူက Blood Cancer UK၊ the National University Health System Fund နဲ့ the Singapore Disability Sports Council လို ပရဟိတအဖွဲ့အစည်းတွေအတွက်လည်း အသိပညာမြှင့်တင်ပေးဖို့နဲ့ ရန်ပုံငွေရှာပေးဖို့ ပြိုင်ပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

Ref: S’porean man, 66, is first athlete ever to complete 7 marathons around the world in 7 days in wheelchair

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top