Samsung ရဲ့ ၂၀၁၉ ခုနှစ်ထုတ် QLED TV အသစ်တွေကို ဂုဏ်ယူစွာမိတ်ဆက်

IMG-fd186f3b0b0b1295b8cabf16e53baa54-V.jpg

Samsung Electronics က ပြိုင်ဘက်ကင်း ကမ္ဘာ့အဆင့်မီ ရုပ်ထွက်မြင်ကွင်းအရည်အသွေးကို ပေးစွမ်းနိုင်တဲ့ ၂၀၁၉ ခုနှစ်ထုတ် QLED TV အမျိုးအစားအားလုံးကို မြန်မာနိုင်ငံမှာ ၂၀၁၉ခုနှစ် မေလ (၃၀) ရက်နေ့က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုမျိုးဆက်သစ် QLED TV အမျိုးအစားတွေကို ၂၀၁၉ ခုနှစ် ဇွန်လက စတင်ပြီး မြန်မာနိုင်ငံအနှံ့အပြားက Samsung အရောင်းပြခန်းတွေနဲ့ လက်လီအရောင်းဆိုင်တွေအားလုံးမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

Samsung က ၎င်းရဲ့၂၀၁၉ ခုနှစ် တီဗီမော်ဒယ်အသစ်တွေဖြစ်တဲ့ (၆၅) လက်မ၊ (၇၅) လက်မ၊ (၈၂) လက်မ တီဗီအမျိုးအစားတွေအပြင် ၎င်းရဲ့အကြီးဆုံး (၉၈) လက်မအရွယ် QLED 8K တီဗီ အမျိုးအစားကိုလည်း တစ်ပါတည်း မိတ်ဆက်ခဲ့ပါတယ်။ Samsung QLED 8K တီဗီတွေမှာ Samsungရဲ့ မူပိုင် Quantum Processor ကိုထည့်သွင်းအသုံးပြုထားပြီး ၎င်း Processorမှာ ကြည့်ရှုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးနဲ့ ကြည့်ရှုမှု အတွေ့အကြုံကို ပေးစွမ်းနိုင်မယ့် AI နည်းပညာသုံး ရုပ်ထွက် မြင်ကွင်းထုတ်လုပ်ပေးနိုင်တဲ့ Semiconductor နည်းပညာကို အသုံးပြုထားပါတယ်။

အိမ်သုံးအီလက်ထရောနစ်ထုတ်ကုန်ဈေးကွက်မှာ ပထမဆုံးအဖြစ် Samsung Electronics က စတင် မိတ်ဆက်ပေးလိုက်တဲ့ အလိုလျောက်ထိန်းညှိပေးနိုင်တဲ့ Quantum Processorမှာ သန်းပေါင်းများစွာသောပုံရိပ်တွေကို မှတ်ယူနှိုင်းယှဉ်မှုတွေ ပြုလုပ်နိုင်သည့် AI စွမ်းဆောင်ရည်ကို ထည့်သွင်းအသုံးပြုထားသည်။ အဲဒီ AI စွမ်းဆောင်ရည်ကြောင့် မည်သည့်ရုပ်ထွက် အမျိုးအစားပုံစံပင်ဖြစ်စေ ၎င်းရဲ့ မူလအရည်အသွေးကို 8K အရည်အသွေး ရုပ်ထွက် ရရှိအောင် စွမ်းဆောင်ရည်အမြင့်ဆုံးသို့ မြှင့်တင်ပေးနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းကြုံတွေ့နေတဲ့ 8K အရည်အသွေးမီရုပ်သံကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင်မှုပြဿနာကို Samsung က အဲဒီလို ဖြေရှင်းနိုင်ခြင်းကြောင့် ၂၀၁၉ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အိမ်သုံးအီလက်ထရောနစ်ပြပွဲ (Consumer Electronics Show 2019) မှာ ဆန်းသစ်တီထွင်နိုင်မှုဆု (Innovation Award) ကို Samsung က ထိုက်တန်စွာ ရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ QLED 8K တီဗီက Samsungရဲ့ နောက်ဆုံးပေါ်ခေတ်အမီဆုံးနှင့် စွမ်းဆောင်ရည်အမြင့်မားဆုံးတီဗီလို့လည်း သတ်မှတ်နိုင်ပါတယ်။

၂၀၁၉ ခုနှစ်တွင် ထုတ်လုပ်တဲ့ QLED တီဗီအမျိုးအစားတွေမှာ 8K နှင့် 4K တီဗီအမျိုးအစားတွေပါဝင်ပြီး၊အဲဒီတီဗီတွေမှာ (၆၅) လက်မ မှ (၉၈) လက်မအရွယ်အစားရှိတဲ့ 8K Q950R အမျိုးအစားတီဗီတွေ၊ (၄၃) လက်မ မှ (၈၂) လက်မ အရွယ်အစားရှိတဲ့ 4K Q90R ၊ Q85R ၊ Q80R ၊ Q70R နှင့် Q60R တီဗီတွေ ပါဝင်ပါတယ်။ Samsung အနေနဲ့၂၀၁၉ ခုနှစ်မှာ စုစုပေါင်း QLED တီဗီမော်ဒယ်အမျိုးအစား (၂၀) ကျော်အထိ ထုတ်လုပ်ထားပြီး အဲဒီတီဗီတွေက ပိုမိုကြီးမားတဲ့ မျက်နှာပြင်အရွယ်အစားရှိ မော်ဒယ်တွေ ပါဝင်ပါတယ်။

ပိုမိုကောင်းမွန်လာတဲ့ မြင်ကွင်းရှုထောင့်နဲ့ အနက်ရောင်ပါဝင်နှုန်းအဆင့်တွေကို ယူဆောင်လာတဲ့ အကောင်းဆုံး ရုပ်ထွက် အရည်အသွေး။

အဆင့်မြှင့်တင်ထားတဲ့ Ultra Viewing Angle နည်းပညာကို အသုံးပြုထားတဲ့၂၀၁၉ ခုနှစ်ထုတ် Samsung QLED တီဗီတွေမှာ ပိုမိုကောင်းမွန်တဲ့ ဘေးဘောင်တည်ဆောက်ပုံအပြင် မြင်ကွင်းရှုထောင့်တွေ ပိုမိုကောင်းမွန်စေရန် မျက်နှာပြင်တိုင်းတာချက်မှတ်သားမှုပုံစံစနစ်တွေကို အသုံးပြုထားတာကြောင့် နောက်ခံအလင်းရောင်က တီဗီဘောင်တွေကို ဖြတ်ပြီး တီဗီမျက်နှာပြင်ပေါ်သို့ ညီညာစွာ ဖြတ်သန်းနိုင်ပါတယ်။ နေ့ခင်းဘက်မှာ သို့မဟုတ် လျှပ်စစ်မီးထိန်ထိန်လင်းနေတဲ့ အခန်းတွေမှာ ဘယ်ရှုထောင့်က ကြည့်ရှုသည်ဖြစ်စေ အလင်းစူးရှခြင်း၊ အလင်းပြန်ခြင်းတို့ လုံးဝမဖြစ်ပေါ်စေဘဲ အကောင်းဆုံးပုံရိပ်အရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ရုပ်ထွက်အရည်အသွေး အဆင့်မြှင့်လုပ်ဆောင်ချက်များစွာနဲ့ အတူ Direct Full Array တီဗီမော်ဒယ်တွေကို အသုံးပြုလာနှုန်းက အရင်နှစ်ထက် နှစ်ဆခန့် ပိုများလာပါတယ်။ Direct Full Array နည်းပညာက တိကျတဲ့ အလင်းအမှောင်ထိန်းညှိမှု ရရှိရန်အတွက် တီဗီဖန်သားပြင်နောက်က လင်းနေတဲ့ LED ကို ဘောင်အနောက်မှာ ထားရှိပေးထားပါတယ်။ ဒါမှသာ အနက်ရောင် အရည်အသွေး ပိုမိုစိုပြည်အောင် ဖန်တီးရန် အလင်းရောင်ကို ထိန်းညှိထားစေနိုင်မှာဖြစ်ပါတယ်။

တီဗီနောက်ခံအလင်းရောင်ကို ထိန်းချုပ်နိုင်ရန်နှင့် ပြီးပြည့်စုံသော အနက်ရောင် ပြန်လည်ထုတ်လုပ်နိုင်စွမ်းတို့အတွက် ၂၀၁၉ ထုတ် Samsung QLED တီဗီတွေမှာ ပါဝင်တဲ့ အနက်ရောင်ကို ပိုမိုတိကျစွာ သိရှိထိန်းညှိပေးနိုင်တဲ့ စနစ်က အလင်းဖြန့်ဝေခြင်းနဲ့ အနက်ရောင် ထိန်းညှိမှု အချိုးအစားလုပ်ဆောင်ချက်တွေကို အသေးစိတ်ကောင်းမွန်စွာ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်၂၀၁၉ ခုနှစ်ထုတ် Samsung ရဲ့QLED တီဗီတွေအားလုံးမှာ အကောင်းဆုံးရုပ်ထွက်စွမ်းရည် ထုတ်လုပ်နိုင်မှုလုပ်ဆောင်ချက်ဖြစ်တဲ့ HDR10+ နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။ အဆိုပါ HDR10+ နည်းပညာက အလင်းအမှောင်များတဲ့ ပြကွက်တွေကို ပိုမိုတိကျစေတဲ့အတွက် ကြည့်ရှုသူတွေအနေနဲ့ ပိုမိုတိကျပြတ်သားတဲ့ ပုံရိပ်တွေကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တဆင့်ခံ ချိတ်ဆက်အသုံးပြုနိုင်တဲ့ HDMI 2.1 (8K 60P) transmission ကိုလည်း Samsungရဲ့ QLED 8K တီဗီတွေအားလုံးမှာ ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

ပိုမိုစုံလင်ခမ်းနားပြီး အနုပညာမြောက်စွာ အလှဆင်နိုင်မယ့် တမူထူးခြားတဲ့ Ambient Mode Ambient Mode ပါဝင်လာတဲ့ Samsung QLED တီဗီတွေမှာ မိမိအနှစ်သက်ဆုံး ဓာတ်ပုံတွေ အပါအဝင် ပန်းချီကားများ၊ အခြားသောပုံရိပ်များနှင့် အရေးကြီးအချက်အလက်များသာမက ပန်းချီကားသဖွယ် အခန်းနံရံနှင့်တစ်သားတည်း ဖြစ်နေစေမယ့် မိမိတို့စိတ်ကြိုက် ဓာတ်ပုံတွေကို ထည့်သွင်းပြသထားနိုင်မှာ ဖြစ်တာကြောင့် တီဗီတစ်လုံးတည်းနဲ့ အိမ်တွင်းအလှဆင်ယင်နိုင်မှုကို စိတ်ကြိုက်ဖန်တီးနိုင်မှာဖြစ်ပါတယ်။ အိမ်တွင်းအလှဆင်ရန် Ambient Mode ကို အသုံးပြုသူတွေအတွက် လိုအပ်သလို ပြောင်းလဲပြုလုပ်နိုင်တဲ့ Theme အမျိုးမျိုးလည်း ထည့်သွင်းပေးထားပါတယ်။ တီဗီမကြည့်တဲ့ အချိန်တွေမှာ မိမိနားထောင်လိုတဲ့ သီချင်းတွေကို Ambient Modeနဲ့လည်း ချိတ်ဆက်နားဆင်နိုင်မှာဖြစ်ပါတယ်။

Samsung QLED တီဗီတွေမှာ အလိုအလျောက် အလင်းထိန်းချုပ်နိုင်တဲ့ အာရုံခံစနစ်တွေ ပါဝင်တာကြောင့် အကောင်းမွန်ဆုံး အလင်းအမှောင် အနေအထားတွေရရှိအောင် ပြောင်းလဲထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ညအမှောင်မှာဖြစ်စေ၊ နေ့ခင်းဘက်အလင်းရောင်တောက်ပတဲ့ အချိန်မှာ ဖြစ်စေ အကောင်းမွန်ဆုံးသော မြင်ကွင်းတွေကို အချိန်မရွေး ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

ဝယ်ယူရရှိနိုင်တဲ့ တီဗီမော်ဒယ်အမျိုးအစားတွေနဲ့ ဈေးနှုန်းတွေ

မြန်မာနိုင်ငံဈေးကွက်အတွင်းမှာ QLED တီဗီအမျိုးအစားအသစ်တွေကို ရန်ုကုန်နှင့် မန္တလေးတွေလို မြို့ကြီတွေမှာ ၂၀၁၉ မေလနောက်ဆုံးပတ်မှ စတင်ပြီး ဝယ်ယူနိုင်ပြီး အခြားမြို့နယ်တွေမှာတော့ ၂၀၁၉၊ ဇွန်လမှစတင်ပြီး ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

တီဗီအမျိုးအစားသစ်တွေမှာ 4K နှင့် 8K အမျိုးအစားနှစ်ခုလုံး ပါဝင်လာမှာဖြစ်ပြီး အရွယ်အစားပေါ်မူတည်ပြီး သိန်း (၂၀) ခန့်မှ ၁၉,၉,၉,၀၀၀၀ သိန်းအထိ ဈေးနှုန်းအမျိူးမျိုး ကွဲပြားနိုင်ပါတယ်။ တီဗီအမျိုးအစား မော်ဒယ်တွေနဲ့ အဲဒါတွေရဲ့ ဈေးနှုန်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • 55” QLED/Smart/4K – QA55Q60RAKXMR – 2,112,000
  • 65” QLED/Smart/4K – QA65Q60RAKXMR – 3,348,000
  • 75” QLED/Smart/4K – QA75Q60RAKXMR – 5,817,000
  • 82” QLED/Smart/4K – QA82Q60RAKXMR – 7,906,000
  • 55” QLED/Smart/4K – QA55Q80RAXXT – 3,027,000
  • 65” QLED/Smart/4K – QA655Q80RAXXT – 4,403,000
  • 65” QLED/Smart/8K – QA65Q900RBKXXT – 9,999,000
  • 75” QLED/Smart/8K – QA75Q900RBKXXT – 15,999,000
  • 75” QLED/Smart/8K – QA80Q900RBKXXT – 19,990,000

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top