အကြောအချဉ်တက်တတ်ပြီး ဇိမ်ခံတတ်သူတွေကြား ရေပန်းစားနေတဲ့ ဓားထက်ထက်ဖြင့်အနှိပ်ခံခြင်း

FB_IMG_1559374636304.jpg

ပထမဆုံးပြောပြချင်တာက စာရေးသူကိုယ်တိုင်လည်း အနှိပ်ခံဇိမ်ယူရတာကိုသိပ်ကြိုက်ပါတယ်။ ဒါကြောင့် ထိုင်းနှိပ်နည်း၊ တရုတ်နှိပ်နည်းနဲ့ မြန်မာနှိပ်နည်းပါမကျန် နှိပ်နည်းပေါင်းစုံနဲ့ ပတ်အနှိပ်ခံခဲ့ဖူးပါတယ်။ တစ်နေ့လုံးညောင်းညာကိုက်ခဲထားတာတွေက အနှိပ်ခံပြီးတာနဲ့ ပြေပျောက်သွားပြီး လူက (၁၀) သက်လောက်တောင်နုပျိုသွားသလားလို့ ခံစားရပါတယ်။ ညဘက်တွေဆိုလည်း တခြားနေ့တွေနဲ့မတူဘဲ အတော်လေးကိုမှအိပ်လို့ကောင်းပါတယ်။

ဒါပေမဲ့ အခုပြောပြမယ့်နှိပ်နည်းကိုတော့ ငွေစိုက်ပေးပြီးအလကားပို့ပေးမယ်ဆိုရင်တောင် ငြင်းမိမှာပါ။ တကယ်ကို ကြောင်တောင်တောင်နိုင်တယ်လို့ထင်ရပေမဲ့ ဒီနည်းဟာ ထိုင်ဝမ်မှာတော့ တော်တော်ခေတ်စားနေပြီး နိုင်ငံခြားသားတွေတောင် အဲဒီ ဓားထက်ထက်တွေနဲ့အနှိပ်ခံဖို့ ထိုင်ဝမ်အထိလာရောက်ကြတယ်လို့ ဆိုပါတယ်။

ဒီနည်းဟာ ထိုင်ဝမ်မှာတော့ တော်တော်ခေတ်စားနေပြီး နိုင်ငံခြားသားတွေတောင် အဲဒီ ဓားထက်ထက်တွေနဲ့အနှိပ်ခံဖို့ ထိုင်ဝမ်အထိလာရောက်ကြ

SkyNews ရဲ့ပြောပြချက်အရတော့ ဒီလိုလာအနှိပ်ခံကြသူတွေဟာသူတို့ရဲ့မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ် ဓားထက်ထက်တွေတင်ပြီး နှိပ်ပေးခြင်းက ကျန်းမာရေးရှူထောင့်ကကြည့်ရင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆိပ်အတောက်တွေဖယ်ရှားပေးနိုင်တယ်လို့ ယုံကြည်ကြတာကြောင့် လာအနှိပ်ခံကြတာဖြစ်တယ်လို့ ဆိုပါတယ်။

မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ် ဓားထက်ထက်တွေတင်ပြီး နှိပ်ပေးခြင်းက ကျန်းမာရေးရှူထောင့်ကကြည့်ရင် ခန္ဓာကိုယ်ထဲက မကောင်းတဲ့အဆိပ်အတောက်တွေဖယ်ရှားပေးနိုင်တယ်လို့ ယုံကြည်ကြ

နှိပ်နေစဉ်အတွင်းမှာ အနှိပ်သည်တွေဟာ အနှိပ်ခံတဲ့သူတွေရဲ့ကိုယ်ပေါ်မှာ ပဝါပါးပါးလေးတစ်ခုပဲခံထားပြီး ဓားထက်ထက်ကိုလက်နှစ်ဘက်နဲ့ကိုင်ကာ စည်းဝါးတကျ ဟိုရွှေ့ဒီရွှေ့လုပ်ပေးတာမျိုးဖြစ်ပါတယ်။

Taipei’s Ancient Art of Knife Therapy Education Centre ဆိုတဲ့ ဓားအနှိပ်ခန်းဖွင့်ထားတဲ့ ဆောင်မေဖန် (Hsiao Mei Fang) ကတော့ “ကျွန်မ ဒီဓားနှိပ်နည်းကို လွန်ခဲ့တဲ့ (၁၃) နှစ်ကတည်းက လေ့ကျင့်ခဲ့တာပါ။ အနှိပ်ခံချင်တဲ့သူတွေကတော့ နိုင်ငံအရပ်ရပ်ကလာကြပါတယ်။ အဓိကကတော့ သူတို့ကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားချင်လို့ပေါ့လေ။ နောက်ထပ် အနှိပ်သမတွေက နှိပ်နေစဉ် ဖောက်သည်တွေဆီက မကောင်းတဲ့ဓာတ်တွေဖယ်ရှားနိုင်ဖို့ လေတွေကိုလည်း ပါးစပ်ကနေ ဆက်တိုက်မှုတ်ပေးနေသေးတယ်” လို့ဆိုပါတယ်။

 

ဓားနှိပ်နည်းဗီဒီယိုကို လေ့လာချင်တယ်ဆိုရင်တော့ အောက်ကလင်ခ့်ကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/2wtmwYI

Ref: “Elitereaders “Knife Massage is a Bizarre Trend in Taiwan”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top