လင်းနို့လူသားအဖြစ် ပရိသတ်တွေ သိထားကြတဲ့ မင်းသားဘင်အက်ဖလက်ခ်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကျေးဇူးတော်နေ့မှာ ဇနီးဟောင်းဖြစ်သူ မင်းသမီးဂျနီဖာဂါနာနဲ့ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ သူဟာ သူ့မိခင်နဲ့အတူ ဂျနီဖာရဲ့နေအိမ်မှာ ကျေးဇူးတော်နေ့ကို ကုန်ဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်ကလိုပဲ ဂျနီဖာက သူ့ရဲ့နေအိမ်မှာ ကျေးဇူးတော်နေ့ကို ကျင်းပဆင်နွှဲခဲ့ပါတယ်။ ဘင်နဲ့သူ့အမေတို့လည်း ပါဝင်ခဲ့တယ်။ ဂျနီဖာက အရမ်းထူးခြားအောင်လုပ်တယ်။ သူက အရမ်းကောင်းတဲ့စားဖိုမှူးတစ်ယောက်ပါ။ မိသားစုတွေအကုန်လုံးနဲ့ အတူရှိနေရတာကို နှစ်သက်တဘ်။ ဘင်တို့ကိုလည်း သူ့အိမ်ကို အမြဲကြိုဆိုတယ်။ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီကြတယ်။ ဘင်က ကောင်းမွန်စွာနေထိုင်နေပြီး အလုပ်၊ ကျန်းမာရေးနဲ့ ကလေးတွေအပေါ် အာရုံစိုက်နေပါတယ်။ ဂျနီဖာက သူ့ရဲ့အကြီးမားဆုံးအားပေးတဲ့သူပါ။ ဒီအခြေအနေကို ရောက်ဖို့ သူတို့အချိန်ယူခဲ့ရပေမဲ့ ဂျနီဖာက ဘင်ကို ဘယ်တော့မှ ပစ်မထားခဲ့ပါဘူး။ အခုတော့ ဖော်ဖော်ရွေရွေနေကြပါတယ်လို့ People သတင်းဌာနကို သတင်းအရင်းအမြစ်တစ်ခုက ပြောကြားခဲ့တာပါ။
ဂျနီဖာရဲ့ချစ်သူကောင်လေး ဂျွန်မီလာကလည်း သူတို့ရဲ့ခင်မင်ရင်းနှီးမှုကို နားလည်ပေးပြီး အားပေးထောက်ခံပေးပါတယ်။
ဘင်နဲ့ ဂျနီဖာတို့ဟာ ၂၀၀၅ ခုနှစ်ကလက်ထပ်ခဲ့ကြပြီး ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာပါ။ သူတို့မှာ ကလေး ၃ ယောက်ရှိပါတယ်။ ဘင်က ဂျနီဖာလိုဗက်ဇ်နဲ့လည်း ၂၀၂၂ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အခုနှစ်မှာ တရားဝင်ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။
Ref: Ben Affleck spends Thanksgiving with ex-wife Jennifer Garner
WL (ရိုးရာလေး)

