COVID-19 ကို ရှေ့တန်းကနေအချိန်အကြာကြီးတွန်းလှန်ပေးပြီးနောက် သားလေးနဲ့ ပြန်တွေ့ခွင့်ရခဲ့တဲ့စစ်သူနာပြု

25-5-2020-yyl-005.jpg

COVID-19 ကို ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့သူတွေကို မိသားစုတွေနဲ့ အတူတူနေချင်တာတောင် နေခွင့်မရကြပါဘူး။ မိမိတို့ရဲ့မိသားစုကို ပစ်ပြီး COVID-19 လူနာတွေကို ကူညီပေးနေရတာဖြစ်ပါတယ်။ New York City မှာ COVID-19 ကို ရှေ့တန်းကနေ တွန်းလှန်တိုက်ဖျက်ပေးနေတဲ့အမျိုးသမီးတစ်ဦးကတော့ နောက်ဆုံးမှာ သူ့သားလေးကို ပြန်တွေ့ခွင့်ရခဲ့ပါပြီ။ သူကတော့ စစ်အရန်တပ်ဖွဲ့ဝင်လည်းဖြစ်၊ သူနာပြုလည်းဖြစ်တဲ့ ဆန်ဒရာ ဒါအိုအက်ဆိုသူဖြစ်ပြီး တာဝန်တွေပြီးဆုံးသွားတဲ့အတွက် မေလ ၁၂ ရက်နေ့မှာ သူ့သားလေးနဲ့ ပြန်ဆုံစည်းခဲ့ရပါတယ်။

ဆန်ဒရာက မတ်လ ၂၈ ရက်နေ့မှာ 454th Medical Unit အဖွဲ့နဲ့အတူ ပိုစ်မောက်ကနေ New York City ကို သွားခဲ့ရတာပါ။ အရင်ဆုံး သူက New York City ရဲ့ Javits Center မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီနောက်မှာ နယူးဂျာဇီမြို့က University Hospital ကို သွားပြီး COVID-19 လူနာတွေကို ကုသပေးခဲ့ရပါတယ်။ သူ့တာဝန်ပြီးဆုံးသွားတဲ့အခါမှာ ချက်ချင်း အိမ်ပြန်ခွင့်မရခဲ့ပါဘူး။ အရင်ဆုံး ရောဂါပိုးရှိမရှိသေချာစေဖို့အတွက် နယူးဂျာဇီမြို့မှာ နှစ်ပတ်တာ Quarantine ခံယူခဲ့ရပါတယ်။ Quarantine ခံယူပြီးသွားတဲ့နောက်မှာ ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရလို့ ဆန်ဒရာက အိမ်ပြန်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ဆန်ဒရာက သူ့အိမ်ကို ပြန်လာတဲ့အခါမှာ သူ့သားလေးက သူ့ဆီပြေးလာပြီး ပွေ့ဖက်ခဲ့ပါတယ်။ အရင်ဆုံး Manchester ABC affiliate station WMUR မှာ သူတို့သားအမိနှစ်ဦးပြန်လည်ဆုံစည်းကာ အချင်းချင်းပွေ့ဖက်ခဲ့ကြတာပါ။ “ဒီလိုနေသာတဲ့နေ့မှာ အိမ်ပြန်လာရတဲ့အတွက် ကျွန်မဝမ်းသာပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့အတွေ့အကြုံတွေရှိခဲ့ပေမယ့် သားလေးနဲ့ပြန်တွေ့ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်”လို့ ဆန်ဒရာက ပြောပါတယ်။ သူ့သားလေးကလည်း သူ့အမေ အိမ်မှာ ရှိတဲ့အတွက် ပျော်ရွှင်မိတယ်ဆိုတာကို “သားတို့အတူတူ ပျော်ရွှင်စရာတွေ ဖန်တီးလို့ရပြီ။ ထမင်းအတူတူချက်လို့ရပြီ။ အတူတူအလုပ်လုပ်လို့ရပြီ။ အမေ အိမ်ကို အန္တရာယ်ကင်းကင်းနဲ့ပြန်ရောက်တဲ့အတွက် ကျွန်တော် အပျော်ဆုံးပါပဲ” လို့ ဆိုပါတယ်။

Ref: Army reservist, son reunited after month-long deployment to NYC front lines

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top