ပရိသတ်တွေ အိမ်ပြန်လို့ရအောင် မြေအောက်ရထား အချိန်ပိုပြေးဆွဲပေးဖို့ ဒေါ်လာ ၁၀၀၀၀၀ ပေးခဲ့တဲ့ ဘီယွန်းဆေး

9.8.23-yyl-7.jpg

EAST RUTHERFORD, NEW JERSEY - JULY 29: (Editorial Use Only) (Exclusive Coverage) Beyoncé performs onstage during the "RENAISSANCE WORLD TOUR" at MetLife Stadium on July 29, 2023 in East Rutherford, New Jersey. (Photo by Kevin Mazur/WireImage for Parkwood )

ကမ္ဘာကျော်အဆိုတော်ဘီယွန်းစေးဟာ ဆိုးရွားတဲ့ရာသီဥတုကြောင့် သူ့ရဲ့ဖျော်ဖြေပွဲစတင်ဖို့ နောက်ကျသွားခဲ့ပြီးနောက် ပရိသတ်တွေ အိမ်ပြန်လို့ရအောင် ဝါရှင်တန်ဒီစီရဲ့ မြေအောက်ရထားကို တစ်နာရီလောက် ထပ်ပြီး ပြေးဆွဲပေးဖို့ ငွေပေးကာ စီစဉ်ပေးခဲ့ပါတယ်။

ဩဂုတ် ၆ ရက်နေ့က ဘီယွန်းစေးဟာ ကမ္ဘာလှည့်ဖျော်ဖြေပွဲအနေနဲ့ မေရီလန်းပြည်နယ်က FedExField အားကစားကွင်းမှာ ဒုတိယမြောက်ညဖျော်ဖြေခဲ့တာပါ။ ဒါပေမဲ့ ဖျော်ဖြေပွဲမစခင် တစ်နာရီအလိုမှာ အားကစားကွင်းက ပရိသတ်တွေအတွက် “ဧရိယာအတွင်း မိုးကြိုးကြောင့် အမိုးအကာတွေရှိတဲ့အောက်မှာ ရှိနေကြပါ”ဆိုတဲ့ သတိပေးချက်ကို တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။ ဂိတ်အပြင်ဘက်နဲ့ ကားရပ်နားရာနေရာတွေက ပရိသတ်တွေကို သူတို့ရဲ့ကားဆီ ပြန်သွားကြဖို့၊ အားကစားကွင်းအတွင်းက ပရိသတ်တွေကို အမိုးကာပါတဲ့ နားနေဆောင်တွေနဲ့ ချဉ်းကပ်လမ်းတွေအောက်မှာ နေကြဖို့ တောင်းဆိုခဲ့တာပါ။

အဲ့ဒီအခြေအနေတွေကြောင့် ဖျော်ဖြေပွဲက သတ်မှတ်ထားတဲ့အချိန်ထက် နောက်ကျသွားခဲ့ပါတယ်။ ရာသီဥတုအဆင်ပြေသွားတဲ့အချိန်ကျတော့ ပရိသတ်တွေက အားကစားကွင်းရှိ ထိုင်ခုံတွေဆီ ပြန်လာခဲ့ကြရပါတယ်။

တစ်ချိန်တည်းမှာပဲ ဝါရှင်တန်မြို့တော်နယ်မြေ ဖြတ်သန်းသွားလာရေးအာဏာပိုင်အဖွဲ့က Silver Line Train က နောက်ဆုံးရထားကို အချိန်ပိုတစ်နာရီထပ်တိုးပေးသွားမယ်ဆိုတာကိုလည်း ကြေညာခဲ့ပါတယ်။ ပရိသတ်တွေ ပြန်ထွက်ခွာလို့ရအောင် ရထားဘူတာ ၉၈ ခုလုံးကို ဖွင့်ထားဖို့အတွက် အချိန်ပိုတစ်နာရီကို ဘီယွန်းစေးနဲ့သူ့ရဲ့အဖွဲ့သားတွေက ရန်ပုံငွေ ဒေါ်လာ ၁၀၀၀၀၀ ပေးသွားမှာဖြစ်တယ်လို့ ကြေညာခဲ့တာပါ။

ဘီယွန်းစေးရဲ့ The Renaissance World Tour က မြောက်အမေရိကမှာ ပြုလုပ်နေဆဲပါပဲ။

Ref: Beyoncé Paid $100K To Extend Metro Hours So Fans Could Still Get Home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top