မျိုးကွဲတိရစ္ဆာန်လေးတွေအပေါ် ကြင်နာတရားထားရှိခဲ့ကြတဲ့ တိရစ္ဆာန်လေးများ

8.8.23-yyl-5-1.jpg

ကလေးငယ်တွေကို ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှု၊ ဂရုစိုက်မှုတွေ အမြဲပေးသင့်သလိုပဲ တိရစ္ဆာန်ငယ်တွေကိုလည်း အဲ့ဒီလိုမျိုးပါပဲ။ တိရစ္ဆာန်လေးတွေကို ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှု၊ ဂရုစိုက်မှုတွေပေးတာက လူသားတွေမဟုတ်ဘဲ မျိုးကွဲတိရစ္ဆာန်တွေကလည်း ပေးတယ်ဆိုတာကို ဒီအကြောင်းအရာလေးကတဆင့် မျှဝေပေးချင်တာပါ။ တိရစ္ဆာန်အချင်းချင်းဂရုစိုက်နွေးထွေးမှုတွေ ပေးတာကို မြင်တွေ့ရတာ ကြည်နူးဖို့ကောင်းလှပါတယ်။

ပုံတစ်ပုံချင်းမှာ ဆက်လက်ဖတ်ရှုပါ…

ထိုင်းနိုင်ငံက ကျားမလေးနဲ့ သူ့ရဲ့ဝက်ကလေးများ

ထိုင်းတိရစ္ဆာန်ရုံတစ်ခုက ကျားမလေးဟာ အချိန်မတိုင်ခင် မွေးဖွားခဲ့တဲ့ သူ့ရဲ့ကလေးတွေကို ဆုံးရှုံးပြီးတဲ့နောက်မှာ ဝက်ပေါက်လေးအများကြီးအတွက် မိခင်ဖြစ်လာခဲ့ပါတယ်

မက္ကာကွေမျောက်နဲ့ ကြက်ကလေး

အစ္စရေးတိရစ္ဆာန်ရုံတစ်ခုမှာ နေထိုင်တဲ့ နီဗ်အမည်ရတဲ့ အနက်ရောင် မက္ကာကွေမျောက်တစ်ကောင်က သူ့နဲ့မျိုးတူတွေကြား အပေါင်းအဖော်မရှာနိုင်ခဲ့ပေမဲ့ သူနဲ့မျိုးမတူတဲ့ ကြက်ကလေးတစ်ကောင်နဲ့ မိတ်ဆွေဖြစ်ပြီး ဂရုစိုက်ပေးဖြစ်ခဲ့ပါတယ်။ ကြက်ကလေးက ကြောက်လန့်ပြီး ပုန်းခိုဖို့ နေရာရှာတဲ့အချိန်ဆို နီဗ်ဆီကို အမြဲပြေးလာတတ်ပါတယ်။

ခြင်္သေ့မနဲ့ ဆိတ်သမင်မျိုး နွားပေါက်လေးများ

ခြင်္သေ့မက ဆိတ်သမင်မျိုးနွားပေါက်လေးတွေကို တောလိုက်ခံရစဉ်အတွင်း မိခင်ဖြစ်သူသေဆုံးသွားကတည်းက စောင့်ရှောက်ပေးခဲ့တာပါ။ အားနည်းနေတဲ့နွားပေါက်လေးတွေကို ခြင်္သေ့မက နို့တိုက်ကျွေးလို့မရတဲ့အတွက် လူသားတွေရဲ့အကူအညီကို တောင်းခံခဲ့ပါတယ်။ လူသားတွေကိုလည်း သူ့ရှေ့မှာပဲ နို့တိုက်ကျွေးစေခဲ့တာပါ။

ချင်ပန်ဇီမျောက် ဒိုဒိုနဲ့ ကျားပေါက်လေး အေအွန်

ဘန်ကောက်မှာ ရှိတဲ့ Samut Prakan Crocodile Farm and Zoo က ဒိုဒိုဆိုတဲ့ ချင်ပန်ဇီမျောက်လေးက ကျားပေါက်လေးနဲ့ အပေါင်းအဖော်တွေဖြစ်လာခဲ့ပြီး ကျားပေါက်လေးကို ဂရုစိုက်ပေးခဲ့ပါတယ်။ ဒိုဒိုက အေအွန်အတွက် မိခင်သဖွယ်ဂရုစိုက်ပေးခဲ့တာပါ။ နို့ဗူးတောင် တိုက်ကျွေးခဲ့တာပါ။

ဂျာမန်သိုးထိန်းခွေး အင်ဂိုနဲ့ ဇီးကွက်လေး ပိုလ်ဒီ

ပိုလ်ဒီလို အမည်ရတဲ့ ဇီးကွက်လေးကို ဂျာမနီက ဓာတ်ပုံဆရာတစ်ဦးက တွေ့ရှိခဲ့ပါတယ်။ သူ အသက်ရှင်ခဲ့ရုံသာမက အင်ဂိုဆိုတဲ့ ဂျာမန်သိုးထိန်းခွေးအင်ဂိုနဲ့လည်း မိတ်ဆွေတွေဖြစ်ခဲ့ပါတယ်။

သိုးလေး အယ်လ်ဘတ်နဲ့ ဆင်လေး သမ်ဘာ

ဆင်ပေါက်လေး သမ်ဘာက မိဘမဲ့ဖြစ်ပြီးနောက် တောင်အာဖရိကက Shamwari Wildlife Rehabilitation Centre ရဲ့ အလုပ်သမားတွေက သူ့အသက်ကို ကယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစက အယ်လ်ဘတ်ဆိုတဲ့ သိုးလေးက ဆင်လေး သမ်ဘာကို နည်းနည်းရန်လိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သမ်ဘာနဲ့ သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။

Ref: Kind Animals That Adopted Other Species

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top