ဖောက်သည်တစ်ဦး သွားရည်စာမုန့်တွေ အိမ်ရှေ့မှာထားပေးလို့ဖြစ်သွားတဲ့ ပစ္စည်းပို့သမားတစ်ဦးရဲ့ ပျော်ရွှင်မှု

yyl-036-2.jpg

ယနေ့ခေတ်မှာ အွန်လိုင်းကနေ ပစ္စည်းမှာတဲ့စနစ်က အတော်လေးတွင်ကျယ်နေပါတယ်။ အဲဒီလို အွန်လိုင်းကနေ ပစ္စည်းမှာတဲ့သူတွေရှိတဲ့အတွက် ပစ္စည်းပို့သမားတွေကလည်း ပစ္စည်းတွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပို့ပေးကြရပါတယ်။ မြို့နယ်အသီးသီးက တစ်အိမ်ဝင်တစ်အိမ်ထွက် ပစ္စည်းလိုက်ပို့ရတာလည်း သူတို့အတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အဲဒီလိုပစ္စည်းပို့ပေးတဲ့သူတွေကို ဂရုစိုက်ပေးတဲ့ သူဖောက်သည်တွေလည်း ရှိနေပါတယ်။

အဲဒီဖောက်သည်တွေထဲမှာ ဒယ်လာဝဲပြည်နယ် ကတ်သီ အိုမား (Kathy Ouma) ဆိုတဲ့ အမျိုးသမီးလည်း တစ်ယောက်အပါအဝင်ပါပဲ။ သူက ပစ္စည်းပို့သမားတွေ ပစ္စည်းပို့ရင်းနဲ့ စားလို့ရအောင် သူ့အိမ်ရှေ့မှာ စားစရာတွေထားပေးခဲ့ပါတယ်။ အဲဒီမုန့်တွေကြောင့် Amazon အွန်လိုင်းရဲ့ပစ္စည်းပို့သမားတစ်ဦးဖြစ်သွားတဲ့အမူအရာကို ဗီဒီယိုရိုက်ထားမိခဲ့ပါတယ်။ အဲဒီဗီဒီယိုကို လူမှုကွန်ယက်အကောင့်မှာ တင်လိုက်တဲ့အခါမှာတော့ လူအများနှစ်ခြိုက်သွားခဲ့ပါတယ်။

ပစ္စည်းပို့သမားအတွက် စားစရာထားပေးတဲ့ ကတ်သီ အိုမားက “ကျွန်မ ခရစ်စမတ်တိုင်း အိမ်ရှေ့မှာ စားစရာတွေထားဖြစ်တယ်” ဆိုတဲ့စာသားနဲ့ ဗီဒီယိုလေးကို တင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ ပစ္စည်းပို့သမားက အိမ်ရှေ့တံခါးပေါက်ဆီလျှောက်လာပြီး စားစရာဗူးကို မြင်သွားတာကို တွေ့မြင်ရမှာပါ။သွားရည်စာမုန့်တွေက ပစ္စည်းပို့သမားရဲ့တစ်နေ့တာကို တောက်ပသွားစေခဲ့တယ်ဆိုတာ သိသာပါတယ်။ သူဟာ သူ့အတွက် ထားပေးတဲ့သွားရည်စာမုန့်တွေကို အမှတ်မထင်တွေ့လိုက်ရလို့ ပျော်ရွှင်ခဲ့ရရုံသာမက ပစ္စည်းပို့ကားဆီ လမ်းလျှောက်သွားတဲ့အခါမှာလည်း ပျော်ပြီးကသွားခဲ့ပါသေးတယ်။

ကတ်သီ အိုမားတို့မိသားစုက သူတို့ရဲ့အိမ်ရှေ့ထိုင်ခုံလေးမှာ “UPS, USPS, Amazon, Fedex ကျေးဇူးပြုပြီး သင်တို့ ပစ္စည်းပို့ရာလမ်းကြောင်းမှာ ပျော်ရွှင်ရအောင် သွားရည်စာမုန့်တချို့ကို ယူသွားပါ။ ဈေးဝယ်ထွက်ရတာ လွယ်ကူအောင်လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုတဲ့စာသားနဲ့အတူ စားစရာတွေကို နှစ်တိုင်းထားခဲ့ပါတယ်။ သွားရည်စာမုန့်မြင်ပြီး ပျော်ရွှင်သွားရတဲ့ ပစ္စည်းပို့သမားရဲ့ အပြုအမူဗီဒီယိုလေးကို ကြည့်ရှုလို့ရအောင် တင်ပေးလိုက်ပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: Boredpanda “Homeowner Leaves Snacks For Amazon Delivery Guy And His Reaction Is Too Pure”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top