တရုတ်နိုင်ငံထံကနေ ရောဂါအမြန်စစ်ဆေးရေးကိရိယာ ၅၀၀,၀၀၀ မှာယူထားမှုကို အိန္ဒိယနိုင်ငံ ဖျက်သိမ်း

28-4-2020-yyl-021.jpg

လက်တွေ့အသုံးပြုချိန်မှာ လွဲချော်မှုတွေ တွေ့ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံကနေ ရောဂါအမြန်စစ်ဆေးရေး ကိရိယာ(Rapid Test Kit) ၅၀၀,၀၀၀ မှာယူထားမှုကို အိန္ဒိယနိုင်ငံက ဖျက်သိမ်းလိုက်ပါတယ်။ ဒါ့အပြင် ပြည်နယ်တော်တော်များများမှာ လက်ရှိအသုံးပြုနေတဲ့ ကိရိယာတွေကိုလည်း အိန္ဒိယအစိုးရက ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။

သွေးထဲက ပဋိဇီဝပစ္စည်းတွေကို စစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရဖွယ် ရှိ၊ မရှိဆိုတာကို နာရီဝက်အတွင်း ဆုံးဖြတ်ပေးနိုင်တဲ့ အဲဒီကိရိယာတွေဟာ ဒေသတစ်ခုရဲ့ ရောဂါကူးစက်မှုအတိုင်းအတာကို အချိန်တိုအတွင်း နားလည်နိုင်မှာပါ။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေကတော့ တရုတ်နိုင်ငံရဲ့ ရောဂါအမြန်စစ်ဆေးရေးကိရိယာတွေ အသုံးပြုမှာ စိုးရိမ်ပူပန်မိတယ်လို့ ပြောခဲ့ဖူးပါတယ်။

အိန္ဒိယနိုင်ငံမှာ လုံလောက်တဲ့ စစ်ဆေးမှု လုပ်နိုင်ပါ့မလားဆိုတာ စိုးရိမ်ပြီး ပြည်နယ်တော်တော်များများက ရောဂါအမြန်စစ်ဆေးရေးကိရိယာတွေကို အသုံးပြုခွင့်ပေးဖို့ အိန္ဒိယဆေးသုတေသနကောင်စီ(ICMR)ကို တွန်းအားပေးခဲ့ကြပါတယ်။ အစောပိုင်းမှာ ICMR က တွန့်ဆုတ်နေခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ တရုတ်ကုမ္ပဏီနှစ်ခုက ထုတ်လုပ်တဲ့ စစ်ဆေးရေးကိရိယာတွေကို တင်သွင်းခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို စမ်းသပ်စစ်ဆေးရာမှာ ဗိုင်းရပ်စ်မရှိဘူးလို့ အဖြေထွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ရောဂါအမြန်စစ်ဆေးရေးကိရိယာတွေဟာ ၅ ရာခိုင်နှုန်းပဲ မှန်ကန်တယ်လို့ ပြည်နယ်တွေက စောဒကတက်ခဲ့ပါတယ်။

” တရုတ်နိုင်ငံကနေ တင်ပို့တဲ့ ဆေးဝါးပစ္စည်းတွေက အရည်အသွေးကို အဓိကဦးစားပေးထားတာပါ။ တရုတ်နိုင်ငံရဲ့ကုန်ပစ္စည်းတွေ လွဲမှားနေတယ်ဆိုပြီး တံဆိပ်ကပ်တာက မမျှတပါဘူး။ လက်လွတ်စပယ်နိုင်ပါတယ်။ နဂိုရှိရင်းစွဲအမြင်မကြည်လင်မှုနဲ့ ဆုံးဖြတ်ရာရောက်ပါတယ်”လို့ တရုတ်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျီရွန်က ပြောပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ ရောဂါအမြန်စစ်ဆေးရေးကိရိယာတွေကို အိန္ဒိယဆေးသုတေသနကောင်စီ(ICMR)က စစ်ဆေးရာမှာ အရည်အသွေးပြည့်မီခြင်းမရှိဘူးလို့ တွေ့ရှိခဲ့ပါတယ်။

Ref: BBC “Coronavirus: India cancels order for ‘faulty’ China rapid test kits”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top