Myanmar’s Pride Awards 2019 သည် Grand Royal Special Reserve ၏ ပံ့ပိုးမှုဖြင့် ဖန်တီးရာသို့ ထောက်ပံ့လှုဒါန်းသွားမည်

DSC06589.jpg

Myanmar’s Pride Awards နှင့် မြန်မာနိုင်ငံနည်းပညာ ဂေဟစနစ်အတွက် တိုးတက်ပြောင်းလဲမှုများဆောင်ကြဉ်းပေးရန် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ဖန်တီးရာတို့သည် ယနေ့တွင် သဘောတူညီမှုစာချုပ်ကို ဖန်တီးရာရုံးချုပ်၌ လက်မှတ်ရေးထိုးခဲ့ ကြပါသည်။ Myanmar’s Pride Awards သည် ထူးချွန်သည့်မြန်မာပြည်ဖွားများကို အားပေးသည့်အနေဖြင့် ရရှိသောမဲဆန္ဒတစ်ခုတိုင်းအတွက် ၁၀ ကျပ်ကို ၎င်း၏ title sponsor ဖြစ်သော Grand Royal Special Reserve ၏ ပံ့ပိုးမှုဖြင့် လှူဒါန်းရန် ကတိပြုထားပါသည်။ ဖန်တီးရာသို့ပေးမည့် ဤလှုဒါန်းငွေသည် မဲဆန္ဒ အရေအတွက်အပေါ်မူတည်ပြီး ပမာဏအားဖြင့် အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ စတင်မည်ဖြစ်သည်။

ဤသဘောတူညီမှုစာချုပ်ကို Myanmar’s Pride Awards 2019 ၏စီစဉ်သူဖြစ်သော Mango Group မှ ဒေါ်လင်းလင်းတင်ထွန်း (Managing Director, Mango Advertising Co., Ltd.) နှင့် ဖန်တီးရာ၏ CEO Mr. Jes Kaliebe Petersen ဖြစ်သူတို့က လက်မှတ်ရေးထိုးခဲ့ကြပြီး မြန်မာနိုင်ငံ၏ နည်းပညာတိုးတက်မှုကို ဦးဆောင်ဦးရွက်ပြုနေသော ဖန်တီးရာမှ ဤလှူဒါန်းမှုကို လက်ခံရရှိမည်ဖြစ်သည်။ ဖန်တီးရာသည် ပြည်တွင်း နည်းပညာစွန့်ဦးလုပ်ငန်းများ ကိုအထောက်အပံ့ပေးခြင်း၊ စွန့်ဦးလုပ်ငန်းရှင်များကို နည်းပညာနှင့် ပတ်သက်သော ပညာရပ်များကို သင်ကြားပေးခြင်းနှင့် ထူးချွန်သူများအတွက် လုပ်ငန်းအစပြုရန် စုဆောင်း ပေးခြင်းများကို ပြုလုပ်လျက်ရှိ ပါသည်။

Myanmar’s Pride Awards 2019 ကို အဓိကစီစဉ်သည့် Mango Advertising Co., Ltd. ၏ Managing Director ဖြစ်သူ ဒေါ်လင်းလင်းတင်ထွန်းက “ဒီအစီအစဉ်ရဲ့ အဓိကရည်ရွက်ချက်ကတော့ ကျွန်မတို့ မြန်မာနိုင်ငံကို နိုင်ငံတကာစင်မြင့်အထိ ရောက်အောင် ပို့ဆောင်ပေးဖို့ ကြိုးစားနေတဲ့သူတွေကို ရှာဖွေဖော်ထုတ် အသိအမှတ်ပြု ချီးမြှင့်ဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မျိုးဆက်သစ်တွေကလည်း ဒီလိုအောင်မြင်တဲ့သူတွေကို မြင်တွေ့ပြီး အားကျစိတ်နဲ့ ပိုကြိုးစားလာဖို့အတွက် ရည်ရွယ်ပါတယ်။

Myanmar’s Pride Awards အနေနဲ့ ကို ဒီရင်းနှီးမြုပ်နှံမှုက မြန်မာနိုင်ငံကို နိုင်ငံတကာစင်မြင့်မှာ ရပ်တည်နိုင်ဖို့ အတွက်လိုအပ်တဲ့ ထူးချွန်သူတွေကို ပိုမိုထွက်ပေါ်လာဖို့ အမှန်တကယ်လိုအပ်နေတဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ မြင်ပါတယ်။ ဖန်တီးရာကို လှူဒါန်းဖို့ ဆုံးဖြတ်ချက်ကတော့ ဖန်တီးရာအနေနဲ့ အမြဲတမ်း ပြောင်းလဲတိုးတက် နေတဲ့ ကမ္ဘာနဲ့ အမှီလိုက်ဖို့အတွက် နည်းပညာက အဓိကကျတဲ့နေရာမှာ ပါဝင်နေလို့ဖြစ်ပါတယ်။”

ဖန်တီးရာ၏ CEO ဖြစ်သူ Mr. Jes Kaliebe Petersen က “ကျွန်တော်တို့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှုလုပ်ငန်း တွေကို အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ကူညီထောက်ပံ့ပေးတဲ့ Myanmar’s Pride Awards နဲ့ ပံ့ပိုးသူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီနေ့ခေတ်မှာ ဘယ်နယ်ပယ်မှာမဆို ထူးချွန်ပေါက်ရောက်ဖို့အတွက် နည်းပညာရဲ့ ကူညီပံ့ပိုးမှုကအရေးပါပါတယ်။ လုပ်ငန်းလည်ပတ်နိုင်ဖို့ အရေးပါတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို STEM ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်သင်ကြားပေးခြင်းနဲ့ ပုဂ္ဂလိကနဲ့ အများပြည်သူပိုင်လုပ်ငန်းတွေမှာ နည်းပညာကို ပိုမိုအသုံးချလာအောင် မြှင့်တင်ပေးခြင်းအားဖြင့် မြန်မာပြည်ဟာ ဒီဂျစ်တယ်စီးပွားရေး အသွင်ကူးပြောင်းဖို့အတွက် ထူးခြားတဲ့ အခွင့်အရေးတွေရှိနေပါတယ်။

ဒီလိုမျိုးတွေဖြစ်လာဖို့ ဖန်တီးရာဟာ လုပ်ငန်းစဉ်တွေချမှတ်ပြီး လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ နည်းပညာနယ်ပယ်အသိုင်းအဝိုင်းက မိတ်ဆွေသူငယ်ချင်းတွေကို ဒီ Myanmar’s Pride Awards မှာ ကိုယ်ဂုဏ်ယူရတဲ့သူအတွက် မဲပေးခြင်းနဲ့ပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်။ သင်များများမဲပေးလေလေ သင်ဟာ တီထွင်သူတွေနဲ့ စွန့်ဦးလုပ်ငန်းရှင်တွေကို များများပံ့ပိုးနေလေလေပဲဖြစ်ပါတယ်။ နည်းပညာနယ်ပယ်ထဲမှာမှ မဟုတ်ပါဘူး ဘယ်နယ်ပယ်ကပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ အချင်းချင်းရိုင်းပင်းကူညီ ထောက်ပံ့ကြရင်းနဲ့ နိုင်ငံတကာက အသိအမှတ်ပြုမှုရရှိလာအောင် ကြိုးစားကြရမှာဖြစ်ပါတယ်။”

Myanmar’s Pride Awards သည် Grand Royal Special Reserve ၏ “Born in Myanmar, Respected by the World” ဆိုသည့် ခံယူချက်မှ မွေးဖွားလာခြင်းဖြစ်ပါသည်။ ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့သည် ကဏ္ဍအသီးသီးတွင် အောင်မြင်ကျော်ကြား၊ ထင်ရှားသူများ၏ ကျွမ်းကျင်မှုကို အသုံးပြု၍ သက်ဆိုင်ရာ ကဏ္ဍများတွင် နိုင်ငံတကာက အသိအမှတ်ပြု လေးစားရသည်အထိ မြန်မာကို ကိုယ်စားပြုနိုင်သူများကို ရှာဖွေဖော်ထုတ်ဂုဏ်ပြုရန် လုပ်ဆောင်နေပါသည်။

ဆုပေးအပ်ခြင်းအစီအစဉ်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဤဆုရွေးချယ် ပေးအပ်ရေးအစီအစဉ်ကို Mango Advertising Co., Ltd. က Grand Royal Special Reserve ၏ အဓိကကူညီပံ့ပိုးမှုဖြင့် Japan ရုပ်သံလိုင်းတစ်ခုဖြစ်သော NHK အပါအဝင် အခြားသောမိတ်ဖက်အဖွဲ့များ နှင့် လက်တွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။
Myanmar’s Pride Awards အကြောင်းကို ပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Myanmar’s Pride Awards ၏ တရားဝင် Facebook စာမျက်နှာ ကို like နှင့် follow လုပ်ထားနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top