ပိုမိုချိတ်ဆက်မှုရှိသောလူနေမှုဘဝနှင့် လုံခြုံစိတ်ချမှုကိုပေးစွမ်းမည့် Samsung ၏ Knox နည်းပညာ

Secure-Folder_Image-2.jpg

Samsung သုံးစွဲသူများအနေဖြင့် လုံခြုံစိတ်ချရသော Secure Folder၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် လျှို့ဝှက်လိုသည့် အချက်အလက်များအား သိမ်းဆည်းနိုင်သည့် Samsung ၏ နောက်ဆုံးပေါ် Knox လုံခြုံရေးပလက်ဖောင်းတို့အား ဖုန်းတစ်လုံးတည်းတွင် ထည့်သွင်း အသုံးပြုနိုင်သောကြောင့် ကိုယ်ရေးကိုယ်တာအချက်အလက်များပေါက်ကြားမည်ကို စိုးရိမ်ရန်မလိုအပ်ဘဲ Samsung Galaxy စမတ်ဖုန်းများကို စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

လုံခြုံစိတ်ချရသော Secure Folder၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် လျှို့ဝှက်လိုသည့်အချက်အလက်များအား သိမ်းဆည်းနိုင်သည့် Samsung ၏ နောက်ဆုံးပေါ် Knox လုံခြုံရေးပလက်ဖောင်း

“အခုခေတ်အပြောင်းအလဲတွေက အချိန်နဲ့တပြေးညီ အလျင်အမြန်ဖြစ်ပျက်နေတဲ့အတွက် အမီလိုက်ဖို့ လိုအပ်နေပါပြီ။ တစ်ခါတလေ တချို့ကိစ္စတွေနဲ့ အလုပ်ရှုပ်ပြီး လုံခြုံရေးဆိုတာကို နောက်မှတွေးမိတတ်ကြတဲ့အတွက်လည်း Samsung Knox ကို ကျွန်တော်တို့ဖန်တီးထားတာ ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ကိုယ်ရေးကိုယ်တာအချက်အလက်တွေပေါက်ကြားတာနဲ့ ပတ်သက်ပြီး တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့ရတတ်တဲ့အတွက် ဒါကိုကြိုတင်ကာကွယ်ဖို့ Knox ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ ပိုပြီးအသုံးပြုလာအောင် တိုက်တွန်းအကြံပြုသွားမှာပါ” ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှပြောကြားသည်။

လုံခြုံစိတ်ချရသော Secure Folder ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် application များအား ဖုန်းအတွင်း လျှို့ဝှက်စွာ သိမ်းဆည်းအသုံးပြုနိုင်မည်ဖြစ်

လုံခြုံစိတ်ချရသော Secure Folder ပါဝင်သောကြောင့် သုံးစွဲသူများအနေဖြင့် မိမိ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် application များအား ဖုန်းအတွင်း လျှို့ဝှက်စွာ သိမ်းဆည်းအသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲနေကြဖြစ်သည့် ဖုန်းအတွင်းမောင်းနှင်သည့် OS နှင့်အတူ တွဲဖက်ပါရှိသော application များတွင်ပါဝင်သည့်အချက်အလက်များကို Secure Folder အတွင်းပြောင်းရွှေ့နိုင်ရန် Menu တွင်ပါရှိသော ‘Add to Secure Folder’ အား ရွေးချယ်၍ အလွယ်တကူပြောင်းရွှေ့နိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် အကြိုက်နှစ်သက်ဆုံး application များကိုလည်း ပုံတူကူးယူ၍ Profile တစ်ခုပြောင်းလဲကာ ဝင်ရောက်အသုံးပြုနိုင်သည်။

Secure Folder တွင် Cloud အခြေခံ backup နှင့် restore စနစ်အားထည့်သွင်းထားသောကြောင့် သုံးစွဲသူများအနေဖြင့် ဖုန်းအမျိုးအစားပြောင်းလဲသည့်အခါတွင်လည်း လွယ်ကူစွာ ပြောင်းလဲချိန်ညှိပြီးသုံးစွဲနိုင်

ထို့အပြင် Profile တစ်ခုချင်းစီအတွက် အကြောင်းအရာများကို လွတ်လပ်စွာ ထိန်းချုပ်ပြောင်းလဲနိုင်မည်ဖြစ်သောကြောင့် Profile အသီးသီးကို သီးသန့်မှတ်သားထားမည်ဖြစ်သည်။

ကိုယ်ရေးကိုယ်တာအချက်အလက်များပိုမိုလုံခြုံမှုရှိစေရန် သုံးစွဲသူများအနေဖြင့် Secure Folder အား မိမိကြိုက်နှစ်သက်ရာ နာမည်နှင့် Icon ပါ ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် Quick Panel အား အသုံးပြု၍ ဖုန်း၏ home screen မှတစ်ဆင့် Secure Folder icon အား သိုဝှက်ထားနိုင်မည်ဖြစ်သည်။

Secure Folder တွင် Cloud အခြေခံ backup နှင့် restore စနစ်အားထည့်သွင်းထားသောကြောင့် သုံးစွဲသူများအနေဖြင့် ဖုန်းအမျိုးအစားပြောင်းလဲသည့်အခါတွင်လည်း လွယ်ကူစွာ ပြောင်းလဲချိန်ညှိပြီးသုံးစွဲနိုင်မည်ဖြစ်သည်။ အဆိုပါ Secure Folder နှင့်အတူ စပ်တပ်သုံးအဆင့်မီ လုံခြုံရေးပလက်ဖောင်း Samsung Knox အား ထည့်သွင်းပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအား မျက်စိရှေ့မှောက်တွင်လည်း သိသာထင်ရှားစွာ သိမ်းဆည်းပေးနိုင်မည်ဖြစ်သည်။ Secure Folder အတွင်း ဝင်ရောက်စီမံရန် သုံးစွဲသူများအနေဖြင့် ဖုန်းပိုင်ရှင်စစ်မှန်ကြောင်းသက်သေပြနိုင်သည့် လျှို့ဝှက်နံပါတ်၊ အမှတ်အသား၊ စကားလုံး သို့မဟုတ် လက်ဗွေရာစနစ် အစရှိသည့် biometric အတည်ပြုချက်စနစ်တို့ကို အသုံးပြု၍သာ ဝင်ရောက်နိုင်မည်ဖြစ်သည်။

အဆိုပါ Samsung Knox ပလက်ဖောင်းကို Samsung ၏ စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် Wearable များအတွင်း စတင် ထုတ်လုပ်သည့်အချိန်ကတည်းက စ၍ အဆင်သင့်ထည့်သွင်းထား

Samsung ၏ Knox သည် Samsung ထုတ်ကုန်သုံးစွဲသူများ၏ လုံခြုံရေး အတွက် အထူးထုတ်လုပ်ထားသည့် စနစ်တစ်ခုဖြစ်သည်။ အဆိုပါစနစ်သည် သုံးစွဲသူများအနေဖြင့် အချိန်၊ နေရာမရွေး လုပ်ဆောင်လိုသည်များအား လုံခြုံစိတ်ချရသောထုတ်ကုန်ပစ္စည်းများမှတဆင့် စိတ်တိုင်းကျလုပ်ဆောင်နိုင်စေမည် ဖြစ်သည်။ အဆိုပါ Samsung Knox ပလက်ဖောင်းကို Samsung ၏ စမတ်ဖုန်းများ၊ တက်ဘလက်များနှင့် Wearable များအတွင်း စတင် ထုတ်လုပ်သည့်အချိန်ကတည်းက စ၍ အဆင်သင့်ထည့်သွင်းထားသောကြောင့် ဖုန်းဗူးအားဖွင့်ပြီး စတင်အသုံးပြုသည်နှင့်တစ်ပြိုင်နက် Knox အားအသုံးပြုနိုင်မည် ဖြစ်သည်။ Knox ပလက်ဖောင်းတွင် ဖုန်းစနစ်အတွင်းသို့ထိုးဖောက်ဝင်ရောက်ခြင်း (Intrusion)၊ ဖုန်းနှင့် ဖုန်းစနစ်အား နှေးကွေးစေ၊ ပျက်စီးစေနိုင်သောစနစ် (Malward) နှင့် အခြားအန္တရာယ်ဖြစ်စေနိုင်မည့် ခြိမ်းခြောက်မှုများအား ကာကွယ်ပေးနိုင်မည့်အဆင့်များစွာ ထည့်သွင်းဖန်တီးထားသော ကာကွယ်ရေးစနစ်နှင့် လုံခြုံရေးလုပ်ဆောင်ချက်များ ပါဝင်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top