ဇူကာဘတ်ရဲ့ News Feed လမ်းစဉ်ကိုတောင် သူ့ဝန်ထမ်းများ လက်မခံတော့

newsfeed_large.png

Facebook တည်ထောင်သူ မတ်ဇူကာဘတ်ရဲ့ News Feed အလုပ်လုပ်ပုံပေါ် သတ်မှတ်ထားမှုကို သူ့ရဲ့ ဝန်ထမ်းတွေတောင် မကျေနပ် လက်မခံမှုများ ထွက်ပေါ်လာကြောင်း ဆိုပါတယ်။

အကြီးတန်း အင်ဂျင်နီယာ ဝန်ထမ်း ငါးဦးနဲ့ ဖွဲ့စည်ထားတဲ့ အမည်မဖော်လိုသူ Facebook ဝန်ထမ်း တစ်ဖွဲ့က ယင်းနဲ့ ပက်သက်လို့ မတ်ဇူကာဘက်နဲ့ ရင်ဆိုင်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲ ရလဒ်ဟာ Facebook ရဲ့ News Feed ရဲ့ အကျိုး သက်ရောက်မှု များစွာ ပါဝင်ကြောင်း လက်ခံထားကြပါတယ်။ ယင်း News Feed ကနေ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားများ (Fake news များ) ကို မစစ်ထုတ်ပဲ Facebook အသုံးပြုသူများဆီကို ပို့ဆောင်လိုက်ပေးမှုကြောင့် ရွေးကောက်ပွဲ ရလဒ်ဟာ ကမောက်ကမ ဖြစ်ကုန်ကြောင်း ပြောဆိုကြ ပါတယ်။ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့် တို့ အပြိုင်အဆိုင် မဲဆွယ်စဉ်ကာလမှာ ကောလဟာလပေါင်း များစွာကို နှစ်ဖက်စလုံးက ထောက်ခံသူများက Facebook ပေါ် တင်ခဲ့ကြ ပါတယ်။ ယင်းထဲမှာ အမှားပါတဲ့ သတင်းများစွာလည်း ပါပြီး ယင်း သတင်းများကို Facebook News Feed တွေမှာ မစစ်ထုတ်ပဲ ဖော်ပြမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။

Facebook ရဲ့ အယ်လ်ဂိုရစ်သမ် (လုပ်ထုံးလုပ်နည်းစနစ်) အရ သတင်းများကို ပြသတဲ့အခါ အမှားအမှန် ခွဲခြားပြီး ပြသဖို့အတွက် News Feed တင်တဲ့ နည်းပညာကို ပြောင်းလဲရန် လိုကြောင်း ဝန်ထမ်း အင်ဂျင်နီယာများက ပြောဆိုနေခြင်း ဖြစ်ပါတယ်။ မတ်ဇူကာဘတ်ဆီကိုလည်း စာရေးပို့သူများစွာ ရှိခဲ့ပြီး ဇူကာဘတ်ကတော့ News Feed ဟာ မှန်ကန်စွာ အလုပ်လုပ်ကြောင်း ဘက်မလိုက်ကြောင်း ဖြေရှင်းချက် ထုတ်ခဲ့ပါသေးတယ်။

Ref: Mashable: “Even Facebook employees think Mark Zuckerberg is wrong about News Feed”

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top