V7+ ရဲ့ စိတ်ဝင်စားစရာ Features များ

vivo1large.jpg

ကြည်လင်ပြတ်သားတဲ့ 24MP Selfie အပြင် Fullview display ကို ပါ ပေးစွမ်းနိုင်တဲ့ V7+ မှာ နောက်ထပ် ဘယ်လို စိတ်ဝင်စားစရာ Features လေးတွေပါဝင်လဲဆိုတာ လေ့လာကြည့်ရအောင်။

Navigation keys
ဒီ Features တွေထဲကမှ FullView Display ကို အပြည့်အဝခံစားရစေမယ့် feature တစ်ခုကတော့ navigation keys တွေကို ဖျောက်တာပဲ ဖြစ်ပါတယ်။ navigation keys တွေကို ဖျောက်ပြီးသုံးတာက သုံးကာစမှာ နည်းနည်းလေး အသားမကျ ဖြစ်နိုင်ပေမယ့် တစ်ရက်၊နှစ်ရက်လောက် သုံးပြီးသွားရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။
Navigation keys တွေကို ဖျောက်ချင်တာတို့၊ ဖော်ထားချင်တာတို့ဆိုရင်တော့ setting ထဲက navigation keys ကို သွားရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Hide navigation keys and use sliding gestures ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါကို အမှန်ခြစ်ပေးလိုက်ရင်တော့ navigation keys တွေကို ဖျောက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

Smart split
နောက်တစ်ခုကတော့ အလိုအလျောက် မျက်နှာပြင်ပိုင်းခြားစနစ် ပါ။ အဆင့်မြှင့်တင်ထားတဲ့ smart split 3.0 ကို ဖွင့်ထားခြင်းကြောင့် ကိုယ့်ဖုန်းရဲ့ မျက်နှာပြင်ကို နှစ်ပိုင်းခွဲလိုက်လို့ရပါတယ်။ အကယ်၍ ဗွီဒီယိုကြည့်နေတုန်း စာတိုဝင်လာပြီဆိုရင် တစ်ချက်နှိပ်ပြီး မျက်နှာပြင်ကို နှစ်ပိုင်းခွဲလိုက်လို့ရပါတယ်။ ဗွီဒီယိုကြည့်မပျက်ဘဲ လက်ချောင်းသုံးချောင်းနဲ့ဆွဲချလိုက်ပြီးတော့လည်း တခြားအက်ပလီကေးရှင်းတွေကို မျက်နှာပြင်ပိုင်းခြားပြီး အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီစနစ်ကိုလည်း ဖွင့်ထားမှ ဖြစ်ပါလိမ့်မယ်။
Setting ထဲက smart split ကိုသွားလိုက်ရင် message screen splitting နဲ့ manual screen splitting ကို တွေ့ပါလိမ့်မယ်။ message screen splitting မှာ တွေ့ရတဲ့ WeChat, Facebook, Message, Viber စတာတွေကို ဖွင့်ထားဖို့လိုပါတယ်။

App Clone
ဒီနေ့ခေတ်မှာ လူတွေဟာ ရှင်သန်မှုပုံစံတစ်ခုတည်းနဲ့ နေထိုင်ကြတာမဟုတ်ပါဘူး။ ဘာကြောင့်ပဲဖြစ်ဖြစ်၊ အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို ပိုင်းခြားထားသင့်ပါတယ်။ ဒီအတွက် App ပုံတူပွားစနစ်ကို ဖွင့်ထားရမှာပါ။ ဒါမှပဲ တူညီတဲ့ App နှစ်ခုကို တစ်ချိန်တည်းမှာ အသုံးပြုနိုင်ပြီး အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ရောထွေးမနေမှာဖြစ်ပါတယ်။
ဒီလိုအသုံးတည့်တဲ့ App ပုံတူပွားစနစ်ကို အသုံးပြုဖို့အတွက် Setting ထဲက App Clone ကိုသွားပြီး Display the clone button ကို ဖွင့်ပေးထားရပါမယ်။ ပြီးရင်တော့ Home screen ပေါ်သွားပြီး ကိုယ်ပွားချင်တဲ့ App ပို ပုံတူပွားလိုက်လို့ ရပါပြီ။

Game Mode
ဂိမ်းကစားပြီဆိုရင် ဖုန်းဝင်လာတာတို့၊ စာတိုဝင်လာတာတို့က တကယ့်ကို အနှောင့်အယှက်ပါပဲ။ အင်တာနက်နဲ့ ချိတ်ပြီး ဂိမ်းကစားနေတုန်း ဖုန်းဝင်လာပြီဆိုရင် ကိုယ်က မကိုင်ဘူးဆိုရင်တောင် လိုင်းတော့ ကျသွားပါတယ်။ ဒီလို အနှောင့်အယှက်တွေ မဖြစ်ချင်ရင် Game Mode ကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။
Game Mode ကိုဖွင့်ထားဖို့ Setteing ထဲက Game Mode ကိုသွားပါ။ ပြီးရင် Game Mode ကို ဖွင့်ပေးထားလိုက်ပါ။ Facebook, Messenger တွေအပြင် အခြား application တွေကိုလည်း ထပ်ပြီး ထည့်ထားလို့ရပါတယ်။ ဒါဆိုရင်တော့ ဘာလာလာ အနှောင့်အယှက်မဖြစ်ဘဲ ဂိမ်းဆက်ကစားလို့ရသွားပါလိမ့်မယ်။

အခုဖော်ပြပေးလိုက်တဲ့ အကြံပြုချက်လေးတွေက လွယ်ကူတယ်ဆိုပေမယ့် တကယ့်တကယ်တမ်းကျတော့ အရမ်းပဲ အသုံးဝင်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကိုယ့်မိတ်ဆွေတွေကိုလည်း ဝေမျှပေးလိုက်ကြပါဦးနော်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top