အထူးကြပ်မတ်ခန်းကနေ ပြန်ထွက်ခွင့်ရပြီးနောက် ဇနီးလောင်းဆီ ဖုန်းဆက်ခဲ့တဲ့ ဘောရစ်ဂျွန်ဆင်

intl0405.jpg

COVID-19 ရောဂါကူးစက်ခံရပြီး ရောဂါလက္ခဏာပြင်းထန်လာလို့ အထူးကြပ်မတ်ခန်း(ICU)မှာ ကုသမှု ခံယူခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ICU ကနေ ထွက်လာနိုင်ပြီဖြစ်ပေမဲ့ ဆေးရုံမှာ ကုသမှု ဆက်လက်ခံယူနေတယ်လို့ ဒေါင်းနင်းလမ်းနေအိမ်က ပြောပါတယ်။ ဘောရစ်ဂျွန်ဆင်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကတည်းက လန်ဒန်မြို့ စိန့်သောမတ်စ်ဆေးရုံမှာ ကုသမှုခံယူခဲ့တာပါ။ ဘောရစ်ဂျွန်ဆင်ဟာ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဘောရစ်ဂျွန်ဆင်ဟာ အထူးကြပ်မတ်ခန်းကနေ ပြန်ထွက်လာချိန်မှာ ကိုယ်ဝန်ဆောင်ထားတဲ့ သူ့ရဲ့ဇနီးလောင်း ကာရီကို ဖုန်းဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ICU က ဘောရစ်ဂျွန်ဆင် ထွက်လာပြီဆိုတဲ့ သတင်းက သတင်းကောင်းဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာပေါ်မှာ ရေးသားခဲ့ပြီး ဘောရစ်ဂျွန်ဆင် ပြန်သက်သာလာဖို့ ဆုတောင်းပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top