ဇန်နဝါရီလက ပျောက်သွားခဲ့တဲ့ဘရာဇီးမင်းသားကို သေဆုံးလျက် ပြန်တွေ့

26.5.2023-yyl-7.jpg

အခုနှစ် ဇန်နဝါရီလက ပျောက်သွားခဲ့တဲ့ ဘရာဇီးမင်းသား ဂျက်ဖာဆန် မာချာဒိုကို တနင်္လာနေ့က သေဆုံးလျက်တွေ့ရှိခဲ့ရပါတယ်။ သူ့ရဲ့အလောင်းကို အိမ်တစ်အိမ်ရဲ့အပြင်ဘက်အဆောက်အဦးအတွင်း ကွန်ကရစ်ကြမ်းခင်းအောက် ၆ ပေအနက်မှာ မြုပ်ထားတဲ့ သစ်သားသေတ္တာထဲမှာ တွေ့ရှိခဲ့ရတာပါ။

အသက် ၄၄ နှစ်အရွယ် ဂျက်ဖာဆန်ကို ဇန်နဝါရီ ၂၇ ရက်နေ့က နောက်ဆုံးမြင်တွေ့ခဲ့ရပြီး သူ့အမေက ဇန်နဝါရီ ၂၉ ရက်နေ့မှာ နောက်ဆုံးစကားပြောလိုက်ရတာပါ။ အဲဒီအချိန်တုန်းက သူ့အမေကို အလုပ်တစ်ခုအတွက် အင်တာဗျူးဖြေနေပြီး သူငယ်ချင်းရဲ့အိမ်တစ်အိမ်မှာ ရှိနေတယ်လို့ ပြောခဲ့တာပါ။ ဂျက်ဖာဆန်ပျောက်ဆုံးသွားတယ်လို့ တရားဝင်ကြေညာခဲ့တာက ဖေဖော်ဝါရီ ၉ ရက်နေ့မှာပါ။ ဂျက်ဖာဆန်ရဲ့နေအိမ်က ရီယို ဒီ ဂျီးနေးရိုးမြို့၊ West Zone မှာ ရှိတာပါ။

သူ့အမေက စကားလုံးပေါင်းအမှားတွေနဲ့ မက်ဆေ့စ်တွေကို လက်ခံရရှိခဲ့ပြီး ဖုန်းဆက်လို့လည်းမရတော့တဲ့နောက်မှာ သူ့သားနဲ့ပတ်သက်ပြီး ပိုစိုးရိမ်လာခဲ့တာပါ။ အိမ်သာထဲ သူ့ရဲ့ဖုန်းကျသွားတာကြောင့် Video Call ပြောလို့မရနိုင်ဘူးဆိုတဲ့ မက်ဆေ့စ်တွေလည်း လက်ခံရရှိခဲ့တယ်လို့ သူ့အမေက ဆိုပါတယ်။ သူ့ရဲ့Video Cloud Password ကလည်း ပြောင်းသွားခဲ့ပြီး ဖေဖော်ဝါရီလမှာ သူ့ရဲ့တည်နေရာကို ပိတ်ထားလိုက်တာကြောင့် နောက်ထပ်စိုးရိမ်စရာကောင်းလာခဲ့ပါတယ်။

မေလ ၂၂ ရက်နေ့မှာ ရဲတွေဟာ ရီယို ဒီ ဂျီးနေးရိုးမြို့က အိမ်တစ်အိမ်ရဲ့အပြင်ဘက်အဆောက်အဦးတစ်ခုကို မသင်္ကာလို့ ရှာဖွေခဲ့ရာမှ အဲဒီအဆောက်အဦးရဲ့ကွန်ကရစ်ကြမ်းခင်းအောက်က အလုံပိတ်သစ်သားသေတ္တာကြီးအတွင်း ကြိုးတုပ်ထားလျက် ဂျက်ဖာဆန်ရဲ့ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရပါတယ်။ ဒီအိမ်ကို အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်တာပါ။ အိမ်ရဲ့အပြင်ဘက်အဆောက်အဦးကို လက်ရှိ ရဲတွေ သံသယရှိသူအဖြစ် သတ်မှတ်ထားတဲ့ အမျိုးသားတစ်ဦး (အမည်ဖော်ပြမထား) ကို ငှားရမ်းခဲ့တယ်လို့ သူက ဆိုပါတယ်။

သစ်သားသေတ္တာအတွင်း တွေ့ရှိရတာအလောင်းက ဂျက်ဖာဆန်ဖြစ်တယ်ဆိုတာကို သူ့ရဲ့လက်ဗွေရာနဲ့ ရဲတွေက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုနိုင်ခဲ့ပါတယ်။ သစ်သားသေတ္တာကို ဂျက်ဖာဆန်ပိုင်ဆိုင်တာဖြစ်ပြီး သူ့ရဲ့အိမ်ကနေ ယူဆောင်လာခဲ့တာဖြစ်နိုင်ပါတယ်။

ဂျက်ဖာဆန်က Reis ဘရာဇီးရှိုးမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး ထုတ်လုပ်ရေး၊ ဒီဇိုင်းနဲ့ သတင်းဌာနတာဝန်ခံအပါအဝင် အခြားအလုပ်တွေလည်း လုပ်ကိုင်ပါတယ်။

Ref: Brazilian actor who went missing in January is found dead inside wooden trunk

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top