ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာမာကယ် စတုတ္ထရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိ

59c7ebb199e0d.jpg

၂၀၀၅ ခုနှစ်ကတည်းက ဂျာမနီနိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ အင်ဂျလာ မာကယ် (Angela Merkel)ဟာ သူမရဲ့စတုတ္ထသက်တမ်း ရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရခဲ့ပါတယ်။ လက်ရှိရွေးကောက်ပွဲဟာ ဂျာမနီနိုင်ငံသမိုင်းတစ်လျှောက် အမျိုးသားရေးဝါဒီများ တစ်ရှိန်ထိုး များပြားလာတဲ့အချိန်ဖြစ်နေပေမဲ့ မာကယ်ရဲ့ပါတီဖြစ်တဲ့ Christian Democratic Union (CDU) ကပဲ ထပ်မံအနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မာကယ်ရဲ့ ကွန်ဆာဗေးတစ်ပါတီဖြစ်တဲ့ CDU ဟာ လွန်ခဲ့တဲ့ နှစ် ၇၀ အတွင်း အနည်းဆုံး ရလာဒ်များကို ရခဲ့တာဖြစ်ပေမဲ့ ပါလီမန်မှာတော့ မဲအများဆုံးရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ မဲရလာဒ်အများဆုံးဖြစ်တဲ့ SPD (Social Democratic Party) ကတော့  ရွေးကောက်ပွဲ ရှုံးနိမ့်သွားပြီးနောက်မှာ အတိုက်အခံပါတီအဖြစ် နိုင်ငံရေးမှာ ဆက်လက်ပါဝင်နေမှာ ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။

လက်ရှိ ရွေးကောက်ပွဲမှာ အင်ဂျလာ မာကယ်ဟာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပေမဲ့ မဟာမိတ် ပါတီဖြစ်တဲ့ Christian Democrat (CDU) နဲ့ Christian Social Union (CSU) တို့ရဲ့မဲရလာဒ်ဟာ ဒုတိယကမ္ဘာစစ်အပြီး ရွေးကောက်ပွဲသမိုင်းတစ်လျှောက် အနည်းဆုံး မဲရလာဒ်ကို ရခဲ့တာကြောင့် ဝန်ကြီးချုပ်အဖြစ် ၁၂ နှစ်တာ ထမ်းဆောင်ခဲ့ပြီးဖြစ်တဲ့ မာကယ်ဟာ ထောက်ခံသူတွေကို သူမဟာ ပိုကောင်းတဲ့ ရလာဒ်တစ်ခုကို မျှော်လင့်ခဲ့တယ် လို့ပြောဆိုခဲ့ပြီး မာကယ်ဟာ သူမရဲ့ အစိုးရက နိုင်ငံရဲ့ စီးပွားရေးနဲ့ လုံခြုံရေး ပြဿနာတွေကို အဓိကထားလုပ်ဆောင်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။

“ဒီနေ့မှာ ကျွန်မတို့ နိုင်ငံကို တာဝန်ယူခွင့်ရခဲ့ပါတယ်။ ဒီလုပ်ပိုင်ခွင့်ကိုလည်း ကျွန်မတို့ အကောင်းဆုံး ကြိုးစားအသုံးချသွားမှာဖြစ်ပြီး အတိုက်ခံပါတီများနဲ့ လက်တွဲသွားမှာပါ ”လို့ မာကယ်ကပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ သမိုင်းသလျှောက် အနည်းဆုံးဖြစ်တဲ့ မဲရလာဒ်များဟာ ဂျာမနီနိုင်ငံက ၉ သိန်းခန့်ရှိတဲ့ တရားမဝင်ပြောင်းရွှေ့နိုင်ငံသားများကို လက်ခံခဲ့တာကြောင့် အင်ဂျလာ မာကယ်ရဲ့ မဲရလာဒ်တွေ နည်းခဲ့တာ ဖြစ်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူများက  ယူဆကြပါတယ်။ ဒုတိယ မဲရလာဒ်အများဆုံးဖြစ်တဲ့ SPD (Social Democratic Party) ခေါင်းဆောင် မာတင် ချဇ် (Martin Schulz) ကတော့  သူတို့ပါတီလည်း ရွေးကောက်ပွဲ သမိုင်းတစ်လျှောက် အဆိုးဆုံးရလာဒ်ကို ရခဲ့တာ ဖြစ်ပြီး “ဒီနေ့ဟာ social democrat  ပါတီထောက်ခံသူတွေအတွက် ခါးသီးတဲ့ နေ့တစ်နေ့ပါပဲ ”လို့ ထောက်ခံသူတွေကို ပြောဆိုခဲ့ပါတယ်။

https://www.youtube.com/watch?v=ngzVHRHlDK0

မဲရလာဒ် ပြတ်သားစွာအနိုင်မရခဲ့တဲ့အတွက် မာကယ်ရဲ့ Christian Democratic Union ပါတီဟာ ညွန့်ပေါင်း အစိုးရဖွဲ့ရမှာ ဖြစ်ပြီး ဒုတိယ မဲအများဆုံး ပါတီဖြစ်တဲ့ SPD (Social Democratic Party) ကတည်း ညွန့်ပေါင်း အစိုးရဖွဲ့ဖို့အတွက် ငြင်းဆန်ခဲ့ပြီး အတိုက်အခံ ပါတီ အဖြစ်သာ ဆက်နေမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် တတိယ မဲအများဆုံးပါတီဖြစ်တဲ့ AFD (Alternative for Germany) နဲ့ ပူးပေါင်းရတော့မှာ  ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၉၅၀ ခန့်မှ စပြီး ဂျမနီ သမိုင်းတစ်လျှောက် ပါလီမန်ထဲမှာ ပါတီ ၆ ပါတီခန့် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

လက်ယာယိမ်း ပါတီဖြစ်တဲ့ AFD ပါတီဟာ ပြောင်းရွှေ့နိုင်ငံသားများနဲ့ အထူးသဖြင့် ဆီးရီးယားမှ နိုင်ငံရေး ပြောင်းရွှေ့သူများအပေါ်ထားရှိတဲ့  မာကယ်ရဲ့ မူဝါဒကို ဝေဖန်နေတဲ့ ပါတီဖြစ်ပြီး ဂျာမနီနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သဟဇာတ မဖြစ်တဲ့အတွက် နိုင်ငံရေးပြောင်းရွှေ့သူများကို  တားမြစ်သင့်ကြောင်း လှုံဆော်နေတဲ့ ပါတီ ဖြစ်ပါတယ်။

AFD ပါတီဟာ နိုင်ငံရေးပြောင်းရွှေ့သူတွေနဲ့ ပတ်သတ်ပြီး ပိုပြီး တင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်သွားဖို့ အတွက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပါတီခေါင်းဆောင်တွေက ဆိုပါတယ်။

Ref : BBC News : Germany election: Merkel wins fourth term, nationalists rise

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top