သစ်တော ပြန်လည်ထူထောင်ရေး အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့အတွက် ဘရာဇီးနိုင်ငံမှာ ဉာဏ်ရည်တုစွမ်းအင်သုံး စက်ရုပ်တွေကို စတင်အသုံးပြုနေပါပြီ။ ဘရာဇီးနိုင်ငံဟာ ၂၀၃၀ ပြည့်နှစ်အရောက်မှာ သစ်တော ဟက်တာ ၁၂ သန်း ပြန်လည်ထူထောင်နိုင်ဖို့ ရည်မှန်းလုပ်ဆောင်နေတာဖြစ်ပြီး ဒီစက်ရုပ်တွေက တစ်နာရီကို သစ်ပင် ၁၀၀ ကျော် စိုက်ပျိုးပေးနိုင်စွမ်း ရှိပါတယ်။
အာရုံခံဆင်ဆာတွေ တပ်ဆင်ထားတဲ့ ဒီစက်ရုပ်တွေဟာ မြေအမျိုးအစား၊ ရေဓာတ်နဲ့ ရာသီဥတုအခြေအနေကို စစ်ဆေးပြီး ဘယ်နေရာမှာ ဘယ်သစ်ပင်ကို စိုက်ပျိုးဖို့ အကောင်းဆုံးလဲဆိုတာကိုပါ ရွေးချယ်ပေးနိုင်စွမ်း ရှိပါတယ်။ စိုက်ပျိုးထားတဲ့ ပျိုးပင်အားလုံးကို GPS နဲ့ ချိတ်ဆက်ထားတာကြောင့် အပင်ကြီးထွားမှုကိုလည်း စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
ဉာဏ်ရည်တုစွမ်းအင်သုံး စက်ရုပ်တွေထဲမှာ အဆင့်အမြင့်ဆုံး စက်ရုပ်အမျိုးအစားကတော့ တစ်နာရီကို သစ်ပင် ၁၈၀၀ အထိတောင် စိုက်ပျိုးနိုင်စွမ်းရှိတာကြောင့် တစ်နေ့ကို သစ်ပင်ပေါင်း ၈၆၀၀၀ အထိ စိုက်ပျိုးနိုင်မှာပါ။
Ref: Brazil’s Tree-Planting Robots
NZ ( ရိုးရာလေး)

