သူတို့ရဲ့မင်္ဂလာပွဲမှာ မှတ်ဉာဏ်ချို့ယွင်းတဲ့​ရောဂါဖြစ်နေတဲ့အဘွားဖြစ်သူကို ပါဝင်ဆင်နွှဲစေချင်တဲ့အတွက် မင်္ဂလာပွဲတစ်ခုပြန်ဖန်တီးပေးခဲ့တဲ့စုံတွဲ

10.3.2023-yyl-iamge-5.jpg

အဘိုးအဘွားတွေက သူတို့မြေးလေးတွေရဲ့နေ့ထူးနေ့မြတ်မင်္ဂလာအချိန်အခါမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခွင့်ရဖို့ အမြဲမျှော်လင့်နေကြတာပါ။ အလားတူစွာပဲ မြေးတွေကလည်း သူတို့ရဲ့မင်္ဂလာပွဲမှာ အဘိုးအဘွားတွေကို ရှိနေစေချင်ခဲ့ကြတာပါ။ အသက် ၈၆ နှစ်အရွယ် လစ်ဇ် ဂျိုဘေးဆိုတဲ့ အမျိုးသမီးဆိုရင် မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါကြောင့် သူ့ရဲ့မြေးမလေးမင်္ဂလာဆောင်မှာ ရှိမနေနိုင်ခဲ့ရပါဘူး။ ဒါပေမဲ့ သူ့ရဲ့မြေးမလေး ဟန်နာ့ချ် ဂျိုဘေးနဲ့ ဂျေ ဟာရစ်တို့စုံတွဲက လစ်ဇ်ရဲ့ပြုစုစောက့်ရှောက်ရေးဂေဟာ (မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါရှိသူတွေကို စောင့်ရှောက်တဲ့ဂေဟာ) မှာ မင်္ဂလာပွဲကို ပြန်ဖန်တီးပေးခဲ့ပါတယ်။ ဒီမင်္ဂလာပွဲအမှတ်တရတွေကို အမြတ်တနိုးတန်ဖိုးထားသွားမယ်လို့ ဟန့်ချ်က ပြောပါတယ်။

မင်္ဂလာပွဲ ပြန်ကျင်းပဖို့အတွက် ဟန်နာ့ချ်က မင်္ဂလာဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး ခင်ပွန်းဖြစ်သူနဲ့အတူ မင်္ဂလာကိတ်ခွဲခဲ့ရပါတယ်။ သူ့ရဲ့အဘွားကို သူတို့ရဲ့မင်္ဂလာပွဲမှာ ပါဝင်စေချင်ခဲ့တယ်၊ ဒီလိုပြန်ကျင်းပတာက သူ့ကို အိမ်မှာရှိနေသလို ခံစားရစေတယ်လို့ ဟန်နာ့ချ်က ပြောပါတယ်။

ဟန်နာ့ချ်က သူတို့ရဲ့မင်္ဂလာပွဲမှာ သူ့အဘွားရှိနေဖို့အတွက် အခုလိုနည်းနဲ့လုပ်ခဲ့ရတာကိုပဲ ကျေနပ်နေရပါတယ်။ အဘွားဖြစ်သူကလည်း ပျော်ရွှင်နေပြီး သူ့မြေးရဲ့လက်ကို မလွှတ်တမ်းကိုင်ထားခဲ့ပါတယ်။ မင်္ဂလာဝတ်စုံကိုလည်း ကြည့်နေခဲ့ပါတယ်။

ဟန်နာ့ချ်ရဲ့အရင်မင်္ဂလာပွဲကို အဘွားလစ်ဇ်ကို မခေါ်ဖို့ ဆုံးဖြတ်ခဲ့တာ မလွယ်ကူခဲ့ဘူးလို့ လစ်ဇ်ရဲ့သားအကြီးဆုံးစတီဗ်က ပြောပါတယ်။ အဘွားလစ်ဇ်က ကားမစီးနိုင်ခဲ့တာ ၂ နှစ်ရှိခဲ့ပါပြီ။ ကားနဲ့ သူ့ကိုမင်္ဂလာပွဲခေါ်သွားမယ်ဆိုရင် စိတ်ရှုပ်သွားမှာဆိုးခဲ့တာပါ။ အဲ့ဒီတုန်းက ဘယ်သူကမှ အဘွားလစ်ဇ်ကို ဟန်နာ့ချ်ရဲ့မင်္ဂလာပွဲအကြောင်းမပြောပြဖြစ်ခဲ့ပါဘူး။ အခု ပြန်ဖန်တီးခဲ့တဲ့ ဟန်နာ့ချ်ရဲ့မင်္ဂလာပွဲမှာ အဘွားလစ်ဇ်ရှိနေခဲ့ပါတယ်။

Ref: Couple recreates their wedding at a care home for grandmother who has dementia

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top