ဈေးနှုန်းသက်သာသည့် ဖုန်းအမျိုးအစားအသစ် HONOR 8S ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်

001e66592f13b9a2ad77b1caaaabda4a.jpg

HONOR စမတ်ဖုန်းအမှတ်တံဆိပ်က ၎င်း၏ ‘S’ စီးရီးအသစ်နောက်ဆုံးထွက်စမတ်ဖုန်း HONOR 8S ကို ယနေ့ ဇူလိုင်လ (၂၆) ရက် နေ့မှစတင်ကာ မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း ကြေညာပါသည်။ HONOR 8S မှာ ‘Entry-level’ အမျိုးအစားဖြစ်သော်လည်း နောက်ဆုံးပေါ် ‘Dewdrop’ full view display နှင့် နောက်ဆုံးထွက်ရှိထားသည့် OS စနစ် EMUI 9.0 ကို ထည့်သွင်းပေးထားသောကြောင့် မြင်ကွင်းကျယ်ကျယ်နှင့် ပိုမိုကောင်းမွန်သည့်ခံစားမှုအတွေ့အကြုံများရရှိလိုသူများအတွက် အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဖြစ်လာနိုင်သည်။

HONOR 8S တွင် မြင်ကွင်းကျယ် 5.71 လက်မ LCD မျက်နှာပြင် 19:9 full view dewdrop screen ပါဝင်ကာ screen-to-body ratio မှာလည်း 84.6% ဖြစ်သည်။ ဖုန်းမျက်နှာပြင်မှထွက်ရှိသည့် အပြာရောင်အလင်းအားကြောင့် မျက်စိထိခိုက်မှု အားလျော့ချပေးနိုင်ပြီး ဖျော်ဖြေရေးကဏ္ဍများ၊ ဆိုရှယ်မီဒီယာနှင့် ဂိမ်းကစားသူများကဲ့သို့ ဖုန်းမျက်နှာပြင်ကို ကြာရှည်ကြည့်ရှုသူများအတွက် အဆင်ပြေစေနိုင်သည့် eye comfort certification ရရှိထားသော TÜV Rheinland လည်း ပါရှိမည်ဖြစ်သည်။ ထို့အပြင် HONOR 8S ၏ စွမ်းဆောင်ရည်ပိုင်းအတွက် MT6761 high-frequency quad core processor အသုံးပြုပေးထားပြီး ဖုန်းအသုံးပြုခြင်းနှင့် အက်ပလီကေးရှင်းအသုံးပြုမှုများ ပိုမိုချောမွေ့ မြန်ဆန်ရန်အတွက် 2.0GHz အသုံးပြုထားသည်။

 

ဖုန်း၏ ကိုယ်ထည်ကို ဆွဲဆောင်မှုရှိသည့် dual-texture body ဒီဇိုင်းဖြင့် ဖန်တီးထုတ်လုပ်ထားပြီး RAM ပမာဏ 2GB နှင့် သိုလှောင်မှုမှတ်ဉာဏ်ပမာဏအတွက် 32GB ကို အသုံးပြုပေးထားကာ ဆင်းမ်ကတ်ထည့်သွင်း အသုံးပြုမှုအတွက် Dual SIM slots အသုံးပြုပေးထားပြီး ပြင်ပမှတ်ဉာဏ်အတွက် micro SD ကတ် ထပ်စိုက် နိုင်ပြီး 512GB အထိ တိုးမြှင့်နိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ်နှစ်နေရာစလုံးမှာ 4G LTE ကို အထောက်အပံ့ ပေးနိုင်ပြီး မြန်ဆန်သည့်အင်တာနက်အသုံးပြုမှုရနိုင်မည်ဖြစ်သည်။

ကင်မရာပိုင်းတွင်လည်း အနောက် ကင်မရာကို 13 MP တပ်ဆင်ပေးထားပြီး အလျင်အမြန် ပုံရိပ်ဖမ်းယူနိုင်သည့် နည်းပညာ PDAF စနစ်ထည့် သွင်းပေးထားသည်။ အရှေ့ဖက်ဆယ်လ်ဖီကင်မရာအနေဖြင့်လည်း f/1.8 wide aperture ပါဝင်ပြီး LED ‘selfie light’ ပါဝင်သောကြောင့် အလင်းအားနည်းသည့်အချိန်မျိုး၌ပင် ကြည်လင်ပြတ်သားသည့်ပုံရိပ်များကို ဖမ်းယူနိုင်မည့်အတွက် ဆယ်လ်ဖီဝါသနာပါသူများအတွက် အထူးသင့်လျော်မည်ဖြစ်သည်။

HONOR 8S တွင် Google မှ နောက်ဆုံးထွက်ရှိထားသည့် android version EMUI 9.0 ကို ထည့်သွင်းအသုံးပြု ပေးထားပြီး အသုံးပြုသူများအနေဖြင့် Google ၏ နောက်ဆုံးပေါ် ဝန်ဆောင်မှုများအား အခက်အခဲမရှိ ရယူ အသုံးပြုနိုင်မည် ဖြစ်သည်။ ဘက်ထရီပိုင်းတွင်လည်း 3,020 mAh non-removable Li-Ion ဘက်ထရီ အသုံးပြုပေးထားခြင်းကြောင့် ဈေးကွက်အတွင်းရှိနေသည့် အခြားသော mid-range စမတ်ဖုန်းများထက် ဘက်ထရီပိုင်းတွင် ပိုမိုသာလွန်ကောင်းမွန်ပါသည်။

HONOR 20 Series စမတ်ဖုန်းများမှာ စတင်ရောင်းချသည့်နေ့မှစ၍ (၁၄) ရက်အတွင်း တရုတ်နိုင်ငံအတွင်း စမတ်ဖုန်းအလုံးရေ (၁) မီလီယံကျော်ရောင်းချနိုင်ခဲ့ကာ စံချိန်တင်ခဲ့သည့်ဖုန်းအမျိုးအစားဖြစ်ပြီး အဆိုပါ hign-end စွမ်းဆောင်ရည်ရှိစမတ်ဖုန်းစီးရီးများကို မကြာမီအချိန်အတွင်း သက်သာသောနှုန်းထားဖြစ်သည့် ဈေးနှုန်း (၁၄၉,၀၀၀) ကျပ်ဖြင့် မြန်မာနိုင်ငံဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်တော့မည်လည်းဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top