ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း ၃ မျိုးလုံးဖြင့် ကမ္ဘာပတ်နိုင်တဲ့ ပထမဆုံးအဖြစ် မှတ်တမ်းဝင်ဖို့ ကြိုးစားနေသူ

ဘမငအ.jpg

ဗြိတိန်နိုင်ငံသား ဂျိမ်းစ်ကက်ချယ်ဟာ သူ့ရဲ့ရွက်လှေကို ဟမ်ရှိုင်းယားဆိပ်ကမ်းကနေ စတင်ထွက်ခွာခဲ့ပြီဖြစ်ပြီး ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း ၃ မျိုးလုံးဖြင့် ကမ္ဘာပတ်နိုင်တဲ့ ပထမဆုံးလူသားအဖြစ် မှတ်တမ်းဝင်ဖို့ ကြိုးစားနေပါပြီ။

ဂျိမ်းစ်ကက်ချယ်ဟာ မိုင် ၃၀၀၀၀ အကွာအဝေးရှိပြီး ၉ လ ကြာမြင့်မယ့်ခရီးကို တစ်ကိုယ်တော်ခရီးနှင်မှာ ဖြစ်ပါတယ်။ ကက်ချယ်ဟာ ၂၀၁၃ ခုနှစ်က ကမ္ဘာတစ်ပတ် စက်ဘီးစီးခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်က gyrocopter ရဟတ်ယာဉ်ငယ်နဲ့အတူ ၆ လအတွင်း လေကြောင်းခရီးစဉ် ၁၂၂ ခု မောင်းနှင်ကာ ကမ္ဘာပတ်ခဲ့သူပါ။ ကက်ချယ်ဟာ ၂၀၂၄ ခုနှစ်က ကမ္ဘာတစ်ပတ် ရွက်လွှင့်ဖို့ ပထမအကြိမ် ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ အခုတစ်ကြိမ် ထပ်မံကြိုးပမ်းတာ ဖြစ်ပါတယ်။

Ref: British Adventurer Sets Sail to Become First Person to Circumnavigate the Globe by Land, Air and Sea

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top