“Dynamite” သီချင်းနဲ့ အမေရိကန်ရဲ့ Billboard’s Hot 100 စာရင်းမှာ နံပါတ် (၁) ချိတ်ခဲ့တဲ့ ပထမဆုံးကေပေါ့စ်အဖွဲ့ BTS

31-8-2020-yyl-047.jpg

ကေပေါ့စ်အဖွဲ့ BTS က နိုင်ငံတကာထိ အောင်မြင်ကျော်ကြားနေပြီဆိုတာကို အလုပ်နဲ့ သက်သေပြလိုက်ပါပြီ။ သြဂုတ်လ ၂၁ ရက်နေ့ ကထွက်ရှိခဲ့တဲ့ BTSရဲ့ Dynamite သီချင်းက အမေရိကန်ရဲ့ Billboard’s Hot 100 ဇယားမှာ နံပါတ် (၁) နေရာကို ရရှိထားပါတယ်။ Billboard က စက်တင်ဘာ ၅ ရက်နေ့ အဆုံးသတ်မယ့် တစ်ပတ်တာ ဟော့စ်အဖြစ်ဆုံး သီချင်း ၁၀၀ မှာ ထိပ်ဆုံး သီချင်း (၁၀) ပုဒ်ကို ကြေညာခဲ့ပါတယ်။ အဲဒီသီချင်းတွေကို Streaming၊ Radio Airplay၊ ရောင်းချနိုင်မှုဒေတာတွေ အပေါ်မူတည်ပြီးတော့ အမေရိကန်တစ်ဝှမ်းမှာ နာမည်အကြီးဆုံးသီချင်းတွေအဖြစ် အစဉ်လိုက်ဖော်ပြထားပါတယ်။

BTS ရဲ့ ပထမဆုံးအင်္ဂလိပ်သီချင်း Dynamite က ဟော့စ်အဖြစ်ဆုံးသီချင်း (၁၀၀) မှာ နံပါတ် (၁) နေရာကို ရရှိသွားခဲ့ပါတယ်။ ဒါက ကိုရီးယားအဖွဲ့အနေနဲ့ အမေရိကန်အဆိုတော်တွေရဲ့သီချင်းတွေကို ကျော်ဖြတ်ပြီး အမြင့်ဆုံး နံပါတ် ၁ နေရာကို ယူနိုင်ခဲ့တာပါပဲ။ Nielsen Music/MRC Data တွေအရ “Dynamite” သီချင်းက ထွက်ရှိပြီး ပထမအပတ်အတွင်း အမေရိကန် Stream တွေမှာ ကြည့်ရှုသူ ၃၃.၉ သန်း နဲ့ ရောင်းချနိုင်မှု (၃၀၀,၀၀၀) ဖြစ်ခဲ့ပါတယ်။ ရေဒီယိုထုတ်လွှင့်မှုမှာလည်း တစ်ပတ်အတွင်း နားထောင်သူ (၁၁.၆) သန်းကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

၂၀၁၃ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ BTS အဖွဲ့ဟာ လွန်ခဲ့တဲ့ (၃) နှစ်ကမှ မြူးကြွတဲ့ သူတို့သီချင်းတွေနဲ့ အမေရိကန်သီချင်းလောကကို ဝင်ရောက်လာခဲ့တာပါ။ BTS ရဲ့ Dynamite က ၂၀၁၂ခုနှစ်မှာ ဟော့စ်အဖြစ်ဆုံး သီချင်း (၁၀၀) မှာ နံပါတ် ၂ နေရာရောက်ခဲ့တဲ့ Psy ရဲ့Gangnam Style သီချင်းထက် သာလွန်သွားခဲ့ပြီလို့ ပြောလို့ရပါတယ်။ မတ်လကထွက်ရှိခဲ့တဲ့ On သီချင်းနဲ့လည်း Billboard Hot 100 မှာ နံပါတ် ၄ သာရခဲ့ပေမယ့် အခုတစ်ခါမှာတော့ နံပါတ် ၁ နေရာကို ချိတ်နိုင်ခဲ့ပါပြီ။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ MTV Video Music Awards မှာလည်း BTS အဖွဲ့က ပထမဆုံးအကြိမ် ဖျော်ဖြေတင်ဆက်ခဲ့တဲ့အပြင် Best Group နဲ့ Best Pop Group အပါအဝင် ဆု (၄) ဆုကို ဆွတ်ခူးပိုင်ဆိုင်ခဲ့ပါသေးတယ်။ အမျိုးသား (၇) ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကေပေါ့စ်အဖွဲ့ BTS က အမေရိကန်နိုင်ငံမှာ အောင်မြင်မှုတွေရရှိနေတဲ့ ပထမဆုံးကေပေါ့စ်အမျိုးသားအဖွဲ့ဖြစ်နေပါပြီ။

https://www.youtube.com/watch?v=zJCdkOpU90g&feature=emb_title&fbclid=IwAR3jZcYk_oRqqU9jbEgrAVbGwM25g276goBxUPF_6P4bWRG6-nYlZx3cj80

Ref: BTS Makes History As “Dynamite” Lands No. 1 On Billboard’s Hot 100, Achieving Highest Ranking Ever For Korean Act

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top