လှိုင်သာယာမှာ COVID-19 အတည်ပြုလူနာသစ်တွေ့ သူနေထိုင်တဲ့အဆောင်ကို Lock Down ချထား

31-8-2020-yyl-046.jpg

ရန်ကုန် စက်တင်ဘာ ၁

လူဦးရေထူထပ်များပြားတဲ့ လှိုင်သာယာမြို့နယ်မှာ COVID-19 အတည်ပြုလူနာသစ်တစ်ဦးတွေ့ရှိပြီးတော့ သူနေထိုင်တဲ့အဆောင်ကို Lock Down ချထားလိုက်ပြီလို့ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးထားပါတယ်။

”သူ့ရဲ့ မိသားစုဝင်တွေနဲ့ အဆောင်မှာနေထိုင်တဲ့သူတွေကိုတော့ Quarantine စင်တာ ပို့လိုက်ပါပြီ။ အဆောင် ကိုလည်း Lock Down ချထားလိုက်ပါပြီ။ ရင်ဘတ်အောင့်လို့ဆိုပြီး ဆေးခန်းသွားပြရာကနေ တွေ့ရတာပါ”လို့ လှိုင်သာယာမြို့နယ်ကျန်းမာရေးမှူး ဦးမျိုးမင်းက ပြောပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့ မိသားစုဝင် ၃ ဦး၊ ဆေးခန်းက သူနာပြ ၂ ဦးနဲ့ အဆောင်မှာနေထိုင်သူ ၁၆ ဦး၊ စုစုပေါင်း ၂၁ ဦးကို Quarantine စင်တာကို ပို့ဆောင်ထားပြီးဖြစ်တဲ့အတွက် သူတို့ရဲ့အခြေအနေကို ဆက်လက်စောင့်ကြည့် စစ်ဆေးသွားမယ်လို့လည်း ဦးမျိုးမင်းက ဆိုပါတယ်။
အခုလိုတွေ့ရှိခဲ့တဲ့ အတည်ပြုလူနာဟာ ရွှေလင်ပန်း၊ ကန်သာယာလမ်းသွယ်(၁)က အဆောင်မှာနေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီးတော့ သက်ဆိုင်ရာဆေးခန်းကို ဆေးကုသမှုခံယူဖို့အတွက် ဆေးစစ်ရာ ကနေ Positive ပေါ်လာခြင်းဖြစ်တယ်လို့လည်း ဦးဝင်းမောင်က ရေးသားထားပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top