အင်ဂျင်ပါဝါကောင်းသလို ဈေးလည်းကောင်းတဲ့ ကားမော်ဒယ်သစ်ကို ဘူဂတ်တီ မိတ်ဆက်

21.6.2024-yyl-1.jpg

ကမ္ဘာကျော် ဘူဂတ်တီ (Bugatti)ကားကုမ္ပဏီက အင်ဂျင်ပါဝါကောင်းသလို ဈေးလည်း ကောင်းတဲ့ ကားမော်ဒယ်သစ်ကို မိတ်ဆက်လိုက်ပါပြီ။ Bugatti Chiron မော်ဒယ်နေရာမှာ အစားထိုး ဝင်ရောက်လာမယ့် အဲဒီကားသစ်က အားလုံးမျှော်လင့်နေကြသလို လျှပ်စစ်ကားစစ်စစ် မဟုတ်ပါဘူး။ အင်ဂျင်ပါဝါ မြင်းကောင်ရေ 1800 ရှိတဲ့ hybrid ကား ဖြစ်ပါတယ်။

Bugatti Tourbillon လို့ အမည်ပေးထားတဲ့ ကားမော်ဒယ်သစ်ရဲ့ အင်ဂျင်ကို ဗြိတိန်ပြိုင်ကားအင်ဂျင်နီယာလုပ်ငန်းစု Cosworth နဲ့ပူးပေါင်းပြီး ဒီဇိုင်းဖန်တီးတားပါ။ 16-cylinder ဂတ်စ်အင်ဂျင် တပ်ဆင်ထားပြီး ပါဝါအားကောင်းတဲ့ လျှပ်စစ်မော်တာ ၃ လုံးနဲ့ ပံ့ပိုးပေးထားပါတယ်။ မော်တာ ၁ လုံးက ကားနောက်ပိုင်းမှာ တပ်ဆင်ထားပြီး ကားရှေ့ပိုင်းမှာတော့ မော်တာ ၂ လုံး တပ်ဆင်ထားတာပါ။ အဲဒီမော်တာ ၃ လုံးက အနည်းဆုံး မြင်းကောင်ရေ ၈၀၀ ထုတ်လုပ်နိုင်ပါတယ်။

ကားအတွင်းပိုင်းကိုတော့ ဆွစ်ဇာလန်နာရီစက်တွေရဲ့ ယန္တယားပုံစံမျိုး ဖန်တီးထားတာပါ။ hybrid ကားဖြစ်လို့ အားအပြည့်သွင်းထားရင် လျှပ်စစ်စွမ်းအင်နဲ့ ၃၇ မိုင်အကွာအဝေးအထိ မောင်းနှင်နိုင်စွမ်း ရှိပါတယ်။ Bugatti Tourbillon ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၄ သန်း ကျသင့်မယ်လို့ ကြေညာထားပါတယ်။

ဘူဂတ်တီကုမ္ပဏီဟာ ၂၀၂၁ ခုနှစ်မှာ Volkswagen Group ကနေ ခွဲထွက်ပြီး Rimac Nevera လျှပ်စစ်ကား ထုတ်လုပ်တဲ့ ခရိုအေးရှားကုမ္ပဏီ Rimac နဲ့ ပူးပေါင်းခဲ့ပါတယ်။ Rimac ကုမ္ပဏီ အမှုဆောင်ချုပ် မိတ်ရီမက်ကတော့ လျှပ်စစ်စွမ်းအင် သီးသန့်အသုံးပြုတဲ့ ဘူဂတ်တီကားမျိုး ထုတ်လုပ်ဖို့ စိတ်ကူးမရှိဘူးလို့ ဆိုပါတယ်။

Ref:Bugatti’s new car is a $4 million, 1,800 horsepower hybrid

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top