ကိုဗစ် တတိယလှိုင်းမှာ ဆေးရုံခုတင် မပြတ်လပ်စေဖို့ တောင်ကိုရီးယားမှာ ကွန်တိန်နာဆေးရုံခုတင်တွေ တည်ဆောက်နေ

10-12-2020-yyl-011.jpg

ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ကျန်းမာရေးအဆောက်အအုံ လိုအပ်ချက် လျော့နည်းစေဖို့အတွက် တောင်ကိုရီးယားအာဏာပိုင်တွေက ကွန်တိန်နာပုံးတွေကို အသုံးပြုပြီး ဆေးရုံခုတင်တွေ တည်ဆောက်ဖို့ တက်သုတ်ရိုက် ကြိုးပမ်းနေကြပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တောင်ကိုရီးယားနိုင်ငံမှာ ပိုးတွေ့လူနာ ၆၈၆ ယောက် တွေ့ရှိခဲ့ပြီး ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း ဒုတိယအများဆုံး တစ်ရက်တာစံချိန်ဖြစ်ခဲ့သလို ဒီဇင်ဘာလ ၁၀ ရက်မှာလည်း ပိုးတွေ့လူနာ ၆၈၂ ယောက် တွေ့ရှိခဲ့ပါတယ်။ ပိုးတွေ့လူနာ တစ်ကျော့ပြန် များလာလို့ ဆေးရုံခုတင် နေရာလွတ်မရှိတော့မှာကို စိုးရိမ်ပူပန်လာကြပြီး ဆိုးလ်မြို့မှာ ပထမဆုံးအကြိမ်အနေနဲ့ ကွန်တိန်နာဆေးရုံခုတင်တွေ တည်ဆောက်နေတာပါ။

လူဦးရေ ၁၀ သန်းရှိတဲ့ ဆိုးလ်မြို့မှာ ရောဂါပြင်းထန်သူတွေအတွက် ဆေးရုံခုတင် ၃ ရာခိုင်နှုန်းပဲ ကျန်ရှိတော့ပြီး လူနာအားလုံးအတွက် ဆေးရုံခုတင် ၁၇ ရာခိုင်နှုန်းပဲ ကျန်တော့တယ်လို့ ဆိုးလ်မြို့အစိုးရအဖွဲ့ရဲ့ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးအရာရှိ ပက်ယိုမီက ပြောပါတယ်။
ကျန်းမာရေးအာဏာပိုင်တွေကတော့ ဆိုးလ်မြို့တော်တစ်ဝိုက် တည်နေရာ ၁၅၀ မှာ ယာယီစခန်းတွေ ဖွင့်လှစ်ပြီး ရောဂါစစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ( ၄၄ သန်း)ကို ကာကွယ်ဆေးထိုးနှံပေးရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ကမ္ဘာ့ဆေးဝါးကုမ္ပဏီ ၄ ခုဆီကနေ ကာကွယ်ဆေး ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုထားပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ တိုးမြှင့်ဝယ်ယူကြဖို့ တိုက်တွန်းထားပါတယ်။

Ref: The Straits Times ” South Korea scrambles to build container hospital beds to combat third Covid wave”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top