“Miss Patty” လို့ ကျောင်းသူ/သားအများစု သိကြတဲ့ ကျောင်းကားမောင်းသူ ပတ်တီ ရိုင်ဇ်က သူ မောင်းပို့နေကျ ကျောင်းသူ/သားတွေဟာ ချမ်းအေးလှတဲ့နေ့တွေမှာ ဦးထုပ်မဆောင်းကြတာကို သတိထားမိခဲ့တယ်။ သနားကြင်နာတတ်တဲ့သူက ကျောင်းသူ/သားတွေအတွက် တစ်ခုခုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။Clarence Central School District မှာ နှစ် ၃၀ နီးပါးအလုပ်လုပ်လာခဲ့တဲ့ ပတ်တီက ကျောင်းသူ/သားတွေအတွက် ဦးထုပ် (၇၀၈၃) ထိုးပေးဖြစ်ခဲ့ပါတယ်။
ပတ်တီက နာမကျန်းဖြစ်နေတဲ့ မိခင်ဖြစ်သူကို ဆေးရုံမှာ ပြုစုစောင့်ရှောက်တဲ့အချိန် ၂၀၀၅ ခုနှစ်မှာ ချည်ထိုးတတ်ခဲ့တာပါ။ နောက်တော့ ဒီအတတ်ပညာကို အသုံးချပြီး ကျောင်းသူ/သားအတွက် ဦးထုပ်တွေထိုးပေးဖြစ်ခဲ့တာပါပဲ။ သူက ကျောင်းသူ/သားတွေကို စောင့်ရင်း ကားပေါ်မှာ ချည်ထိုးဖြစ်ပါတယ်။
သူ ပထမဆုံးထိုးဖြစ်ခဲ့တဲ့ ဦးထုပ်ကို အထက်တန်းကျောင်းသားတစ်ဦးက သတိပြုမိခဲ့ပြီး နှင်းလျှောစီးဖို့ သင့်တော်မယ့် ဦးထုပ်တစ်လုံးလုပ်ပေးဖို့ သူ့ကို တောင်းဆိုဖြစ်ခဲ့ပါတယ်။ အဲဒီကနေ ဦးထုပ်ထိုးဖြစ်ခဲ့တော့တာပါပဲ။
သူက ဦးထုပ်ဒီဇိုင်းမျိုးစုံထိုးဖြစ်ပြီး ချည်တွေအားလုံးကို သူ့ဘာသူဝယ်တာပါ။ သူ့ကျောင်းကားစီးတဲ့ ကျောင်းသူ/သားတိုင်း ဦးထုပ်တစ်လုံးစီရကြပါတယ်။ ပတ်တီက အလုပ်များပေမဲ့ ကျောင်းသူ/သားတွေအတွက် ဦးထုပ် (၇၀၀၀) ကျော်ထိုးပြီးသွားပါပြီ။ အခုလိုဦးထုပ်ထိုးပေးတာကို ရပ်တန့်ဖို့လည်း အစီအစဉ်မရှိတဲ့အပြင် သူ့ကျောင်းကားကို စီးမယ့် နောက်ထပ်ကျောင်းသူ/သားတွေအတွက် ထိုးပေးဖို့ စီစဉ်နေပါတယ်။ ပတ်တီရဲ့ဦးထုပ်တွေက ကျောင်းသူ/သားတွေအတွက် နွေးထွေးမှုပေးတာထက် ပိုတယ်လို့ တတိယတန်းဆရာမက ဆိုပါတယ်။ ပတ်တီက သူ လုပ်နိုင်တဲ့အထိ ဆက်ပြီးချည်ထိုးသွားဖို့ ရည်ရွယ်ထားပါတယ်။
Ref: Bus driver ‘Miss Patty’ knits more than 7,000 hats for the students she drives to school
WL (ရိုးရာလေး)