ထိုင်းဂူထဲက ကယ်တင်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်းခေါင်းဆောင် ဗြိတိန်မှာ ကွယ်လွန်

15.2.2023-image-12.jpg

ထမ်လုံခွန်နမ့်ဂူထဲကနေ ကယ်တင်နိုင်ခဲ့တဲ့ ထိုင်းလူငယ် ၁၂ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တောဝက်ဘောလုံးအသင်း ခေါင်းဆောင်ဟာ ဗြိတိန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ပရွမ်သက်လို့ အမည်ရတဲ့ လူငယ်ဟာ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက အသက် ၁၇ နှစ်ပြည့်ချိန်မှာ လက်စတာရှိုင်းယားစီရင်စုအခြေစိုက် ဘရွန်ဟောက်စ်ကောလိပ် ဘောလုံးအကယ်ဒမီကို တက်ရောက်ခွင့် ရခဲ့တာပါ။

ပရွမ်သက်အပါအဝင် တောဝက်ဘောလုံးအသင်းက လူငယ် ၁၁ ယောက်နဲ့ နည်းပြဖြစ်သူတို့ဟာ ၂၀၁၈ ခုနှစ်တုန်းက ချင်းရိုင်ခရိုင် ထမ်လုံခွန်နမ့်ဂူထဲမှာ သီတင်းပတ် ၂ ပတ်ကြာ ပိတ်မိခဲ့ပြီး သူတို့ကို ကယ်တင်နိုင်တဲ့ သတင်းက နိုင်ငံတကာခေါင်းကြီးသတင်း ဖြစ်ခဲ့တာပါ။
တောဝက်ဘောလုံးအသင်း မကြာခဏ သွားလေ့ရှိတဲ့ ချင်းရိုင်မြို့ ဝပ်ဒေါင်ဝေါဘုန်းကြီးကျောင်းရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ပရွမ်သက် ကွယ်လွန်တဲ့သတင်းကို (သူ့မိခင်ထံမှတစ်ဆင့် သိရ) တင်ထားခဲ့သလို တောဝက်အသင်းဖော်တွေကလည်း ဒီသတင်းကို တင်ထားတာ တွေ့ရပါတယ်။ ပရွမ်သက် သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ ဦးခေါင်းဒဏ်ရာ ရရှိခဲ့တယ်ဆိုတဲ့ သတင်းဖော်ပြမှုတွေတော့ တွေ့ရပါတယ်။

Ref: Thai cave rescue: Duangpetch Promthep, Wild Boars captain, dies in UK

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top