အရက်တုတိုက်ဖျက်နိုင်မယ့် လျှာအတုတီထွင်

68438391_2525290180835220_7642129790463377408_n.jpg

စကော့တလန်နိုင်ငံကသိပ္ပံပညာရှင်တွေဟာ အရက်တုတိုက်ဖျက်နိုင်ဖို့အတွက် ဝီစကီရဲ့ သိမ်မွေ့တဲ့အရသာကွဲပြားမှုကို ဖော်ထုတ်နိုင်မယ့် လျှာအတုကို တီထွင်ခဲ့ပါတယ်။ ဝီစကီရဲ့ ကွဲပြားခြားနားမှုကိုဖော်ထုတ်နိုင်မယ့် လျှာအတုကို ရွှေနဲ့ အလူမီနီယမ်သတ္တုတွေ အသုံးပြုဖန်တီးထားတာပါ။

လျှာအတုဟာ ဝီစကီအမျိုးအစားတူရင်တောင် နှစ်ချို့အောင်ထားတဲ့စည်ပိုင်းအမျိုးအစားချင်းမတူတာကို ဖော်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ လျှာအတုဟာ သက်တမ်း (၁၂)နှစ်၊ (၁၅)နှစ်၊ (၁၈)နှစ်ရှိတဲ့ ဝီစကီတွေရဲ့ ကွဲပြားခြားချက်ချက်ကို ဖော်ထုတ်နိုင်စွမ်းရှိပြီး (၉၉) ရာခိုင်နှုန်းအထိတိကျတယ်လို့ အင်ဂျင်နီယာတွေက ပြောပါတယ်။ ”လျှာအတုက လူသားတွေလိုပါပဲ။ ကော်ဖီနဲ့ ပန်းသီးဖျော်ရည်ကို အရသာမတူစေတဲ့ ဓာတ်တစ်မျိုးစီတော့ ခွဲခြားနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အရသာကွာနေတယ်ဆိုတာတော့ ဖော်ထုတ်ပေးနိုင်ပါတယ်။ ကျွန်တော်တို့က လျှာအတုဖန်တီးတဲ့ ပထမဆုံး သုတေသီတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ အရမ်းသေးတဲ့ သတ္တုအရသာခံထိပ်ဖူး (၂) ခုသုံးပြီး လျှာအတုဖန်တီးတဲ့နေရာမှာတော့ ပထမဆုံးပါပဲ”လို့ ဂလက်စကိုတက္ကသိုလ် အင်ဂျင်နီယာကျောင်းရဲ့ ပညာရှင် ကလက်ခ်က ပြောပါတယ်။

လျှာအတုဟာ ဝီစကီတစ်မျိုးတည်းကို အရသာခံနိုင်စွမ်းရှိတာမဟုတ်ဘဲ အရည်အားလုံးကို အရသာခွဲခြားနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အရသာခံထိပ်ဖူးအဖြစ် အသုံးပြုတဲ့ ကျားကွက်ပုံစံ သတ္တုပြားတွေပေါ်ကို အရည်ဖုံးလွှမ်းနေချိန်မှာ အလင်းဘယ်လောက်စုပ်ယူနိုင်တယ်ဆိုတာကို သုတေသီတွေက တိုင်းတာပြီး အရသာကွဲပြားမှုကို ဖော်ထုတ်မှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top