ရေကူးချန်ပီယံဟောင်း မိုက်ကယ်ဖဲလ်ရဲ့ စံချိန်ကို ချိုးဖျက်ပြလိုက်တဲ့ ၁၀ နှစ်အရွယ်ကလေး

clark-kent-michael-phelps-promo.jpg

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က အသက် ၁၀ နှစ်အရွယ်သာရှိသေးတဲ့ ကလက်ခန့်ဟာ အိုလံပစ် ရေကူးချန်ပီယံဟောင်း မိုက်ကယ်ဖဲလ်ရဲ့ ရေကူးစံချိန်ကို ချိုးဖျက်ပြနိုင်ခဲ့ပါတယ်။ စူပါမန်းလို့ ချစ်စနိုး အခေါ်ခံရတဲ့ ဒီကလေးဟာ Far West အင်တာနေရှင်နယ် ချန်ပီယံရှစ် ရေကူးပြိုင်ပွဲမှာ မိုက်ကယ်ဖဲလ်ရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာပါ။

မီတာ ၁၀၀ ရေကူးပြိုင်ပွဲရဲ့ လိပ်ပြာကူး ပြိုင်ပွဲမှာ ကလက်ခန့်ဟာ မိုက်ကယ်ဖဲလ်ရဲ့ ရေကူးစံချိန်ကို 1:09:38 နဲ့ ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကလက်ခန့် ဟာ အိုလံပစ်ရေကူးပြိုင်ပွဲမှာ ဆုတံဆိပ်ပေါင်း ၂၈ ဆု ရယူနိုင်ခဲ့သူ အိုလံပစ် ရေကူးချန်ပီယံဟောင်း မိုက်ကယ်ဖဲလ်ရဲ့ ၁၉၉၅ ခုနှစ်က ရေကူးစံချိန်ကို ၂၃ နှစ်ကြာပြီးချိန်မှာ ချိုးဖျက်ပြသွားခဲ့တာဖြစ်ပါတယ်။

ကလက်ခန့် ရဲ့နည်းပြက သူ့အနေနဲ့ နည်းပြ အဖြစ်တာဝန်ယူခဲ့တဲ့ ကလေးတွေထဲမှာ ကလက်ခန့်လိုမျိုး ထပ်ရှိလာနိုင်မှာမဟုတ်ဘူးလို့ ပြောပြခဲ့ပါတယ်။ အသက် ၁၀ နှစ်အရွယ်သာရှိသေးတဲ့ ကလက်ခန့်က “ရေကူးအားကစားနည်းကို ကျွန်တော်အရမ်းနှစ်သက်ပါတယ်။ ကျွန်တော့်ကို ကူညီထောက်ပံပေးမှုတွေ အများကြီး လုပ်ဆောင်ပေးခဲ့ကြတယ်။ ကျွန်တော်နည်းပြနဲ့ မိဘတွေဟာ ရေကူးပြိုင်ပွဲတွေအတွက် အမြဲတမ်း အားပေးကြ ကူညီပေးခဲ့ကြပါတယ်“ လို့ ပြောခဲ့ပါတယ်။

Ref: CNN “Young swimmer breaks Michael Phelps’ record”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top