ကျောင်းကားမီးလောင်ပေမဲ့ ယာဉ်မောင်းရဲ့ ဆုံးဖြတ်ချက်မြန်ဆန်မှုကြောင့် ကျောင်းသား/သူ ၁၄ ဦးလုံး အသက်ဘေးမှ လွတ်မြောက်

17.8.2024-yyl-1.jpg

ကျောင်းကားမီးလောင်ချိန်မှာ ယာဉ်မောင်းဖြစ်သူရဲ့ ရဲစွမ်းသတ္တိနဲ့ ဆုံးဖြတ်ချက်မြန်ဆန်မှုကြောင့်ကားပေါ်လိုက်ပါလာတဲ့ ကျောင်းသား/သူ ၁၄ ယောက်လုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ကော်လိုရာဒိုပြည်နယ်၊ အော်ရိုရာမြို့မှာ ကျောင်းကား မီးလောင်ခဲ့တာပါ။ ကားကွေ့လိုက်ချိန်မှာ ကားရှေ့ဖုံးကနေ မီးခိုးတွေ ထွက်လာတာ မြင်လိုက်ရပြီးနောက် ယာဉ်မောင်းဖြစ်သူက ကားကို လမ်းဘေးချရပ်ပြီး ကျောင်းသား/သူအားလုံးကို ကားပေါ်က ဆင်းခိုင်းခဲ့တာပါ။

မီးသတ်သမားတွေ ရောက်လာချိန်မှာတော့ ကားတစ်စီးလုံး မီးလောင်သွားခဲ့ပါပြီ။ ဒါပေမဲ့ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။ တကယ်လို့ ယာဉ်မောင်းဖြစ်သူကသာ မှန်ကန် မြန်ဆန်တဲ့ ဆုံးဖြတ်ချက် မချနိုင်ခဲ့ရင် အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်ပါတယ်။ မီးသတ်တပ်ဖွဲ့ရဲ့ စစ်ဆေးမှုအရ အင်ဂျင်ကနေ မီးထတောက်ပြီး မီးလောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

Ref: Bus Driver’s Quick-Thinking Saves 14 Children As School Bus Erupts In Flames
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top