ဦးချိုနှစ်ခုပေါက်နေတဲ့ အသက် ၁၄၀ အရွယ်အမျိုးသား ​ဦးချိုကိုဖြတ်တောက်ဖို့ ခွဲစိတ်မှုလုပ်ပြီးနောက် ရက်အနည်းငယ်အကြာမှာ သေဆုံးခဲ့ရ

17.3.2023-yyl-iamge-23.jpg

နဖူးဘေး​​ကနေ ပြူးထွက်နေသော ဦးချိုလို အဖုအထစ်တွေရှိတဲ့ အမျိုးသားတစ်ဦးဟာ အသက် ၁၄၀ အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ ယီမင်နိုင်ငံရဲ့ အသက်အကြီးဆုံးအမျိုးသားဖြစ်တဲ့ အာလီ အန်တာက သူ့ရဲ့ထူးဆန်းတဲ့ဦးချိုတွေကြောင့် နာမည်ကြီးလာခဲ့ပြီး သူ့ကို ဦးချိုနှစ်ခုနဲ့လူလို့ ခေါ်ကြပါတယ်။
ဦးချိုကို လူတစ်ယောက်က ကိရိယာတစ်ခုနဲ့ ဖြတ်တောက်ဖို့ ကြိုးစားနေပုံကို ရိုက်ကူးထားတဲ့ဗီဒီယိုကို ပြသပြီးတဲ့နောက် ၃ ရက်အကြာမှာ အာလီ သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။အဲ့ဒီ ဗီဒီယိုကို သူ့ဆွေမျိုးတွေက တင်ခဲ့တာလို့ သိရပါတယ်။

အာလီဟာ အသက်ကြီးလာလို့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ယိုယွင်းမှုကြောင့် သေဆုံးခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးက ကောက်ချက်ချပါတယ်။ ဒါပေမဲ့ ဆွေမျိုးတစ်ယောက်ကတော့ သူ့ရဲ့ဦးချိုကို ဖြတ်တောက်လိုက်တာက သူ့ကို သေဆုံးစေခဲ့တာလို့ ဆိုပါတယ်။

သူ့ အသက် ၁၀၀ ပြည့်ပြီးတဲ့နောက်မှာ နဖူးရဲ့တစ်ဖက်တစ်ချက်မှာ ဦးချိုနဲ့တူတဲ့ အဖုတွေ ပေါ်လာခဲ့တာပါ။ နှစ်ခုထဲက တစ်ခုက ကြီးလာတာနဲ့အမျှ ဆိတ်ဦးချိုလို ကွေးကောက်သွားပါတယ်။ အာလီဟာ ၂၀၁၇ ခုနှစ်ဝန်းကျင်လောက်အထိ ကျန်းမာရေးကောင်းမွန်ပြီး မှတ်ဉာဏ်လည်းကောင်းခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ သူ့ကျန်းမာရေးအခြေအနေဆိုးရွားလာခဲ့တာပါ။

Ref: ‘World’s oldest man’ with two horn-like growths on his head dies ‘aged 140’ days after botched operation to cut them off

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top