မွေးရာပါခြေလက်မပါတဲ့သူဖြစ်ပေမဲ့ သမီးလေး ၂ ဦးကို ကောင်းကောင်းပျိုးထောင်နိုင်ခဲ့တဲ့အမျိုးသား

28.8.23-yyl-1.jpg

ပါဘလို အာကူနာဟာ မွေးကတည်းက ခြေလက်အင်္ဂါမဖွံ့ဖြိုးတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့အမေက မိခင်တွေမှာသာ ရှိနိုင်တဲ့ ချစ်ခြင်းမေတ္တာတရားအပြည့်နဲ့ သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။ အခုဆို သူ့အမေက အသက် ၉၀ ရှိနေပါပြီ။ ဘီးတပ်လှည်းကို သူ့ဘဝတစ်လျှောက်လုံး အသုံးပြုခဲ့ရတယ်။ အဲဒီလှည်းပေါ်မှာ နေခဲ့တယ်။ အိပ်စက်ခဲ့တယ်။ ဒါက သူ့လက်တွေလိုပါပဲ။

သူက အခုလိုအခြေအနေဖြစ်နေပေမဲ့ သာမန်ဘဝလိုနေထိုင်ဖို့ ကြိုးပမ်းခဲ့ပြီး သူ့သမီးနှစ်ယောက်ကိုလည်း ကောင်းကောင်းပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။ သမီးအငယ်ဆုံးလေး လသားအရွယ်မှာ ဇနီးဖြစ်သူက သူနဲ့အတူ ထားပစ်ခဲ့တာပါ။ သမီး ၂ ယောက်လုံးကို ပါဘလိုနဲ့ သူ့အမေတို့က စောင့်ရှောက်ပေးခဲ့ကြတာပါ။ အခုဆို သမီးအကြီးဆုံးက ၂၉ နှစ်၊ သမီးအငယ်ဆုံးက ၂၆ နှစ်ပါ။

ပါဘလိုက မသန်စွမ်းတစ်ယောက်ဖြစ်ပေမဲ့ သမီးတွေအပေါ် ဖခင်တစ်ယောက်ရဲ့တာဝန်တွေမပျက်ကွက်ခဲ့ဘူး။ ချစ်ခြင်းမေတ္တာအပြည့်ပေးခဲ့တယ်။ သူ့သမီးတွေက သူ့ကို ကောင်းတဲ့အရာတွေကိုသာ ပေးစွမ်းတဲ့ စံပြတစ်ကိုယ်ရည်ဖခင်အဖြစ် အသိအမှတ်ပြုထားကြတာပါ။ သမီးအငယ်ဆုံးက သူ့အဖေ ပါဘလို ငိုတာကို တစ်ခါမှမမြင်ခဲ့ဖူးဘူး။ အမြဲရွှင်လန်းနေတယ်။ ကျောင်းမတက်ခဲ့ဖူးပေမဲ့ အကြံဉာဏ်ကောင်းတွေ ပေးခဲ့တယ်။ အရမ်းဉာဏ်ရည်ထက်မြက်တဲ့သူတစ်ယောက်၊ သူ့အဖေကို လေးစားဂုဏ်ယူပါတယ်တဲ့။

သမီးအငယ်လေးက သူ့အပေါ် သူ့အဖေလုပ်ပေးခဲ့တာတွေအတွက် ပြန်ပေးဆပ်တဲ့အနေနဲ့ အခြားနိုင်ငံ အာဂျင်နီးနားကနေ အဖေရှိရာ ပါရာဂွေးကို ပြန်လာခဲ့ပါတယ်။ သူ့အဖေက သူ့ရဲ့ကမ္ဘာ၊ သူ့ရဲ့မိတ်ဆွေသူငယ်ချင်း၊ အကောင်းဆုံးဖခင်ပါ။ အာဂျင်တီးနားမှာမနေတော့ဘဲ ပြန်လာမှ သူ့အဖေကို ပြုစုစောင့်ရှောက်ပေးနိုင်မှာပါ။ သူက သူ့အဖေ ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ ဘာမဆိုလုပ်မှာပါ။ သူ လက်လှမ်းမိသလောက် သူ့အဖေကြိုက်တဲ့အရာတွေကို ပေးဖို့ အမြဲကြိုးစားသွားဖို့ပါ။
အခု ပါဘလိုက အသက် ၆၀ ပြည့်ပါပြီ။ သူ့ရဲ့ဇာတ်လမ်းလေးကတော့ ကမ္ဘာ့တစ်ဝှမ်းလူသိများလာခဲ့ပြီး လူတွေက သူ့ကို ဘဝရဲ့စံနမူနာအဖြစ် မြင်လာကြပါတယ်။

Ref: A Man Born Without Limbs Defied All Odds When He Raised His Two Daughters on His Own

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top