ပြာလဲ့လဲ့ မျက်လုံးများပိုင်ဆိုင်တဲ့ လူရိုင်းများ

blue-eye.png

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝီစီကျွန်းမှ လူရိုင်းမျိုးနွယ်တစ်ခုဟာ သိပ္ပံဇာတ်ကားထဲမှ စက်ရုပ်တွေလို ပြာလဲ့လဲ့ မျက်လုံးတွေ ပိုင်ဆိုင်ကြပါတယ်။ အရှေ့တောင်အာရှဒေသမှာ မှီတင်းနေထိုင်သူတွေအနက် အဲဒီလို ပြာလဲ့လဲ့ မျက်လုံးမျိုး ပိုင်ဆိုင်သူ ရှားပါးပေမဲ့ ဘူတွန်မျိုးနွယ်ဝင်အားလုံးကတော့ အပြာရောင် မျက်လုံးတွေ ပိုင်ဆိုင်ကြပါတယ်။

ဘူတွန်မျိုးနွယ်တွေဟာ ပေါ်တူဂီတွေနဲ့ သွေးနှောရာကနေ အပြာရောင်မျက်လုံးတွေ ဖြစ်လာကြတာဆိုတဲ့ ယူဆမှုတွေ ရှိပေမဲ့ ပညာရှင်တွေကတော့ မျိုးရိုးလိုက်တတ်တဲ့ ဝါဒင်ဘတ်ဆင်ဒရုန်းကြောင့်လို့ ဆိုပါတယ်။ ဝါဒင်ဘတ်ဆင်ဒရုန်းဟာ ရောင်ခြယ်နဲ့ အကြားအာရုံကို သက်ရောက်မှုရှိစေတဲ့ အခြေအနေတစ်ရပ်ပါ။

ဘူတွန်မျိုးနွယ်တွေဟာ နက်မှောင်တဲ့ အသားအရည်နဲ့ လုံးလုံးဆန့်ကျင်တဲ့ ပြာလဲ့လဲ့ မျက်လုံးတွေကြောင့် လူသိများထင်ရှားသလို သူတို့ရဲ့ယဉ်ကျေးမှုအစဉ်အလာကလည်း ကျော်ကြားပါတယ်။ ဘူတွန်မျိုးနွယ်တွေရဲ့ ခံတပ်ဟာ ကမ္ဘာ့အကြီးဆုံး ခံတပ်တစ်ခုလည်း ဖြစ်ပါတယ်။ ဘူတွန်မျိုးနွယ်တွေရဲ့ ရိုးရာနေအိမ်ဖြစ်တဲ့ Malige Palace ဟာ လေးထပ်တိုက်အမြင့်လောက် ရှိပေမဲ့ သံတစ်ချောင်းတောင် အသုံးမပြုဘဲ ဆောက်လုပ်ထားတာပါ။

Ref: Butonese people

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply