သူ ဒဏ်ရာပြင်းထန်စွာရခဲ့စဉ်က ကူညီပေးခဲ့တဲ့ မီးသတ်သမားကို ကျေးဇူးတင်ကြောင်းပြသဖို့ စက်ဘီးနဲ့ မိုင် ၁၀၀ ခရီးနှင်ဖို့ စီစဉ်ထားတဲ့ ၁၁ နှစ်သားလေး

9.3.2023-yyl-iamge-9.jpg

အသက် ၁၁ နှစ်အရွယ် ကောင်လေးဟာ သူ ခြေထောက်ဒဏ်ရာပြင်းထန်စွာရခဲ့တဲ့အချိန်က ကူညီပေးခဲ့တဲ့ မီးသတ်သမားကို ကျေးဇူးတင်ကြောင်းပြသဖို့အတွက် စက်ဘီးနဲ့ မိုင် ၁၀၀ ခရီးနှင်ဖို့ စီစဉ်ထားပါတယ်။ ဝီလျံ ဂို့ချ်ဆိုတဲ့ အဲ့ဒီကောင်လေးဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လက ဘောလုံးကန်ရင်း သူ့ရဲ့တင်ပါးနဲ့ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တာပါ။ ဒေသတွင်းမီးသတ်ဌာနက စတီဗ် ဘာ့တ်လက်တ်က ဆေးဘက်ဆိုင်ရာအဖွဲ့ ရောက်မလာခင် ဝီလျံရဲ့နာကျင်မှုတွေ သက်သာအောင် လုပ်ပေးခဲ့တာပါ။ ဝီလျံက သူ့ရဲ့ တင်ပါးနဲ့ ခြေထောက်တွေမှာ ကြီးကြီးမားမားခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ချိုင်းထောက်နဲ့ လမ်းမလျှောက်ရခင် ဘီးတပ်ကုလားထိုင်ကို အသုံးပြုခဲ့ရတာပါ။

လျှပ်စစ်ကုထုံးနဲ့ ရုပ်ပိုင်းဆိုင်ရာကုထုံးတွေကို ခံယူပြီးတဲ့နောက် ဒီဇင်ဘာလအစောပိုင်းမှာ စက်ဘီးပြန်စီးဖို့ လုံလုံလောက်လောက်ကြံ့ခိုင်လာခဲ့ပါတယ်။ ဝီလျံလေးက သူ့ကို ကူညီပေးခဲ့တဲ့ စတီဗ်ကို ကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ရောThe Fire Fighters Charity အတွက် ရန်ပုံငွေရှာပေးတဲ့အနေနဲ့ပါ မေလမှာ Hampshire Hilly sportive စက်ဘီးစီးပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ ရည်ရွယ်ထားတဲ့အပြင် စက်ဘီးနဲ့ မိုင် ၁၀၀ ခရီးနှင်ပြီး အင်္ဂလန်နိုင်ငံ၊ Hampshire ကောင်တီတစ်လျှောက် မီးသတ်ဌာနတွေဆီ အလည်သွားဖို့လည်း စီစဉ်ထားပါတယ်။ ဒါ့အပြင် the Isle of Wight ကျွန်းပေါ်က မီးသတ်ဌာနအားလုံးဆီ သပ်သပ်သွားလည်ဖို့လည်း စီစဉ်နေပါတယ်။

“စတီဗ်မရှိရင် ဝီလျံက ဒီထက်ပိုပြီး နာကျင်ရလိမ့်မယ်၊ ကျွန်မတို့ ထိတ်လန့်သွားလိမ့်မယ်ထင်တယ်။ စတီဗ်ကြောင့် ကျွန်မတို့ စိတ်အေးခဲ့ရတာ။ ကျေးဇူးတင်စကားတဲ့တင် မလုံလောက်ပါဘူး” လို့ ဝီလျံရဲ့အမေ ဆာရက်ချ် ဂို့ချ်က ဆိုပါတယ်။ စတီဗ်ကလည်း The Fire Fighters Charity ကို ပံ့ပိုးကူညီဖို့အတွက် ဝီလျံရဲ့စိန်ခေါ်မှုက အံ့ဩဖွယ်ကောင်းလှပါတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

Ref: 11-year-old boy to cycle 100 miles to thank firefighter who helped him after serious injury

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top