ဂွမ်းတံနဲ့နားကလော်တဲ့အကျင့်ကြောင့် ဦးခေါင်းခွံအရိုးထဲအထိ ဘက်တီးရီးယားပိုးဝင်သွားခဲ့သူ

gettyimages-1124788554.jpg

အင်္ဂလန်နိုင်ငံက အသက် (၃၁) နှစ်အရွယ် လူတစ်ယောက်ဟာ ဂွမ်းတံနဲ့ နားကလော်တဲ့အကျင့်ကြောင့် နားထဲမှာ ဂွမ်းစကျန်ရစ်ခဲ့ပြီး ဒုက္ခရောက်ခဲ့ရတဲ့အဖြစ်ပါ။ သူ့ရဲ့နားလမ်းကြောင်းကနေ တစ်ဆင့် ဆိုးဆိုးရွားရွားပိုးဝင်သွားခဲ့ပြီး ဦးခေါင်းခွံအောက်ခြေအရိုးတွင်းထိ ပိုးကူးစက်သွားခဲ့ရပါတယ်။ ဦးနှောက်ထဲထိပိုးမဝင်ခဲ့လို့သာ ဖြေသိမ့်စရာဖြစ်ခဲ့ရတာပါ။

သူဟာ ရုတ်တရက် လေသင်တုန်းဖြတ်ပြီး လဲကျခဲ့တာကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရာမှာ ဆရာဝန်ရဲ့စစ်ဆေးချက်အရ နားထဲပိုးဝင်နေခဲ့တာဟာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းတွေ့ခဲ့ရပါတယ်။ သူက ဘယ်ဘက်နားကိုက်ခဲပြီး ဘယ်ဘက်အကြားအာရုံပျောက်ဆုံးသွားတာ ငါးနှစ်ကြာခဲ့ပြီလို့လည်း ဝန်ခံခဲ့ပါတယ်။ ဦးနှောက်ကိုစစ်ဆေးကြည့်ရာမှာတော့ ဦးခေါင်းခွံအောက်ခြေမှာ ပြည်တည်နာတွေအထိ ဖြစ်ပွားနေခဲ့ပါပြီ။

ဦးနှောက်ကိုစစ်ဆေးကြည့်ရာမှာတော့ ဦးခေါင်းခွံအောက်ခြေမှာ ပြည်တည်နာတွေအထိ ဖြစ်ပွားနေခဲ့ပါပြီ

လေမဖြတ်သေးခင်ကာလက သူ့ရဲ့ဘယ်ဘက်နားအုံမှာ (၁၀) နှစ်ဆက်တိုက် စူးစူးဝါးဝါး နာကျင်ကိုက်ခဲဝေဒနာခံစားနေခဲ့ရသလို ဘယ်ဘက်ခေါင်းတစ်ခြမ်းကလည်း အလွန်အမင်းကိုက်ခဲနေခဲ့တာပါ။ ပြင်းထန်တဲ့ဒဏ်ကြောင့် မူးဝေအော့အန်မှုတွေဖြစ်ပြီး လူတွေရဲ့နာမည်တွေကိုပါ မမှတ်မိတော့တဲ့အထိ ခံစားခဲ့ရပါတယ်။

နားကိုခွဲစိတ်ကုသမှုပြုခဲ့ရာမှာ နားအတွင်းထဲမှာ အတွင်းထဲငုပ်နေတဲ့ ဂွမ်းဖတ်စကြီးကို ဖယ်ရှားပေးနိုင်ခဲ့ပြီး ဒါကိုကြည့်ခြင်းအားဖြင့် နားထဲဂွမ်းရောက်နေတာ အချိန်အတော်ကြာရှိခဲ့ပြီလို့ ခန့်မှန်းခဲ့ကြပါတယ်။

ဂွမ်းတံနဲ့နားထဲကိုထိုးသွင်းခြင်းဟာ နားထဲပိုးဝင်တာ၊ နားစည်ပျက်စီးတာ စသဖြင့် လူကိုဒုက္ခရောက်စေတတ်လို့ ဆင်ခြင်သင့်ကြောင်း အထပ်ထပ်အကြုံပြုသတိပေးခဲ့ရပါတယ်

သူ့အတွက် ခွဲစိတ်မှုအောင်မြင်ပြီးနောက်မှာ နာတာရှည်အကြားအာရုံပြသနာနဲ့ အာရုံကြောပြသနာတွေ ကင်းရှင်းသွားခဲ့ပြီး ဆရာဝန်တွေက ဂွမ်းတံနဲ့နားထဲကိုထိုးသွင်းခြင်းဟာ နားထဲပိုးဝင်တာ၊ နားစည်ပျက်စီးတာ စသဖြင့် လူကိုဒုက္ခရောက်စေတတ်လို့ ဆင်ခြင်သင့်ကြောင်း အထပ်ထပ်အကြုံပြုသတိပေးခဲ့ရပါတယ်။ ကျန်းမာရေးအရ နားနဲ့ဦးနှောက်အာရုံကြောက ဆက်နွယ်မှုရှိနေတာကြောင့် သတိပြုစရာအဖြစ် မျှဝေပေးလိုက်ရပါတယ်။

Ref: Cbsnews “Man cleaned his ear with cotton swab then got an infection in his skull” AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top