ပရဟိတလုပ်ငန်းနဲ့ ပညာရေးအတွက် ဒေါ်လာ (၇.၅) ဘီလျံ လှူဒါန်းလိုက်တဲ့ အိန္ဒိယဘီလျံနာ

unnamed-2.jpg

အဇင် ပရမ်ဂျီ (Azim Premji) ဟာ အိန္ဒိယနိုင်ငံရဲ့ နံပါတ်(၂) အချမ်းသာဆုံးဘီလျံနာဖြစ်ပြီး WIT နည်းပညာကုမ္ပဏီရဲ့ဥက္ကဌလည်းဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲက ကုမ္ပဏီရဲ့ ဒေါ်လာ (၇.၅) ဘီလျံတန်ကြေးရှိတဲ့ အစုရှယ်ယာတွေကို သူတည်ထောင်ထားတဲ့ Azim Premji ဖောင်ဒေးရှင်းထံ အများအကျိုးပြုလုပ်ငန်းအတွက်ရည်ရွယ်ပြီး အခုလိုလှူဒါန်းလိုက်တာဖြစ်ပါတယ်။

Premji ရဲ့ဖောင်ဒေးရှင်းဟာ ပညာရေးကို ထောက်ပံ့အားပေးဖို့ အဓိကအာရုံစိုက်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ဘန်ဂလောပြည်နယ်မှာလည်း Azim Premji တက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်

သူ့ရဲ့ပိုင်ဆိုင်မှု တွေကို ဖောင်ဒေးရှင်းအတွက် နှစ်ပေါင်းများစွာ မတည်လှူဒါန်းလာခဲ့တာဖြစ်တာကြောင့် လက်ရှိကာလအထိ လှူဒါန်းငွေစုစုပေါင်း (၂၁) ဘီလျံအထိရှိလာပြီဖြစ်သလို ဒီအထဲမှာ ကုမ္ပဏီရဲ့အစုရှယ်ယာ(၆၇) ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့သိရပါတယ်။

အသက် (၇၂) နှစ်အရွယ် သူဌေးကြီးဟာ ဝါရင်းဘက်ဖက်နဲ့ ဘီလ်ဂိတ်တို့ရဲ့ The Giving Pledge လှုပ်ရှားမှုမှာ လက်မှတ်ရေးထိုးခဲ့တဲ့ ပထမဦးဆုံးအိန္ဒိယနိုင်ငံသားလည်းဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ ကမ္ဘာကျော်ဘီလျံနာတွေကို သူတို့ရဲ့ပိုင်ဆိုင်ကြွယ်ဝမှုအများစုကို အများအကျိုးအတွက် လှူဒါန်းပေးဖို့ တိုက်တွန်းအားပေးတဲ့လှုပ်ရှားမှုပဲဖြစ်ပါတယ်။

ဖခင်ဖြစ်သူ စတင်တည်ထောင်ခဲ့တဲ့ ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်တဲ့ Wipro လုပ်ငန်းကို ၁၉၈၀ ကာလမှာ ကိုယ်ပိုင်အစွမ်းအစနဲ့ ပုခုံးပြောင်းဦးဆောင်နိုင်ခဲ့ပြီးတဲ့နောက် နည်းပညာကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲခဲ့သူဖြစ်တယ်

Premji ဟာ ၁၉၄၅ ခုနှစ်မှာ ဖခင်ဖြစ်သူ စတင်တည်ထောင်ခဲ့တဲ့ ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်တဲ့ Wipro လုပ်ငန်းကို ၁၉၈၀ ကာလမှာ ကိုယ်ပိုင်အစွမ်းအစနဲ့ ပုခုံးပြောင်းဦးဆောင်နိုင်ခဲ့ပြီးတဲ့နောက် နည်းပညာကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲခဲ့သူဖြစ်တယ်။ WIT ဟာ အိန္ဒိယရဲ့ ထိပ်သီးနည်းပညာလုပ်ငန်းအဖြစ်ရပ်တည်နေတာဖြစ်လို့ ဝန်ထမ်းဦးရေ ၁ သိန်း ၆ သောင်းကျော်ကို အလုပ်အကိုင်ပေးထားနိုင်ခဲ့ပါတယ်။

Premji ရဲ့ဖောင်ဒေးရှင်းဟာ ပညာရေးကို ထောက်ပံ့အားပေးဖို့ အဓိကအာရုံစိုက်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ဘန်ဂလောပြည်နယ်မှာလည်း Azim Premji တက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ အခု သူ့ရဲ့ထပ်မံ လှူဒါန်းမှုကြောင့်လည်း ပညာရေးအတွက် နောက်ထပ်တက္ကသိုလ်တစ်ခု ထပ်ဖွင့်လှစ်နိုင်ဖို့ အလားအလာကောင်းသွားခဲ့ပါပြီ။

Ref: CNN” Indian tech billionaire gives $7.5 billion to charity “
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top