အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၁၇-၃-၂၀၁၉ မှ ၂၃-၃-၂၀၁၉ ရက်နေ့အထိ)

Bay-Din-Week-3-March.jpg

အပတ်စဉ်တင်ဆက်ပေးနေကျဖြစ်တဲ့ ဆရာကင်္ကသူရဲ့စန္ဒသူရိယ နက္ခတ္တဝေဒဟောစာတမ်းကို ရိုးရာလေးပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၇-၃-၂၀၁၉ မှ ၂၃-၃-၂၀၁၉ ရက်နေ့အထိ) တွက်ချက်လမ်းညွှန်ပေးထားမှုကို ပုံတစ်ပုံချင်းစီမှာ Unicode/ Zawgyi version နှစ်မျိုးနဲ့ တွဲဖက်ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ
ယခုအချိန်တွင် ယခင်အချိန်က ကြိုးစားလုပ်ကိုင်ခဲ့သောလုပ်ငန်းများအတွက် အကျိုးရလဒ်များ၊ အသီးအပွင့်များကို ခံစားရမည့်အချိန်ဖြစ်သည်။ အနုပညာနှင့် ပညာရေးဆိုင်ရာလုပ်ရပ်များ အဆင်ပြေ အောင်မြင်မှုရလိမ့်မည်။ဆန်၊ ဂျုံ စသည့် အနှံပါသောပစ္စည်းများမှ ငွေကြေးအမြတ်အစွန်းရမည်။ ကျန်းမာရေးအနေနှင့် ဦးခေါင်းကို သတိထားပါ၊ ခေါင်းကိုက်၊ aခါင်းမူးဖြစ်မည်။ ချစ်သူထံမှ ကောင်းသတင်းကြားရမည်၊အဖြေရမည်။ အိမ်ထောင်သည်များ စိတ်ချမ်းသာမည်။ အလုပ်ကိစ္စနှင့် ယာယီခရီးထွက်ရမည်။ အမှုအခင်;များ ကြေအေးရလိမ့်မည်။ အခက်အခဲ အထစ်အငေါ့ များပြေပျောက်မည်။ ရှုပ်နေသောအရာများရှင်းနိုင်မည်။ သင်တန်းတက်ရတတ်သည်။ ဝန်ထမ်းများ အထက်အရာရှိ၏ မြှောက်စားခြင်းခံရမည်။
အကျိုးပေးဂဏန်း – ၀ ၊ ၁ ၊ ၂။ ယတြာ – ငှက် (၆) ကောင်လွတ်ပြီး လိုရာဆုတောင်းပါ။

တနင်္လာ
ယခုအပတ်အတွင်း ယာယီခရီးများများနေလိမ့်မည်၊ ပြည်ပပို့ကုန်ပစ္စည်းများအတွက် စိတ်သေကာကရာက်ရမည်။ ပဲကုန်သည်ဖြစ်ပါက စိတ်ညစ်ရမည်။ တောင်ယာထွက်ကုန်ပစ္စည်းလုပ်ကိုင်သူများ သတိထားပါ၊ ယခုအချိန်စတင်သော စီးပွားရေးအတွက် အထူး ကြိုးစားရမည်။ ပညာရေးများအတွက် အလွန်ကောင်းသောအချိန်ဟု ဆိုရပေမည်။ ကျန်းမာရေးအနေနှင့် ခါးနှင့် ဒူး တို့ကို အထူးသတိထားပါ။ အချစ်ရေးတွင် အနှောက်အယှက်ရှိသည်။ အားငယ်မနေနှင့် လွတ်လပ်စွာလှုပ်ရှားပြီး မိမိချစ်သူအတွက် အရာရာကိုရင်ဆိုင်လိုက်ပါ။ ဝမ်းသာပီတိ ဖြစ်ရလောက်အောင် စိတ်ချမ်းသာမည်။ မင်္ဂလာရက်ရွေးရပါလိမ့်မည်။ အိမ်ထောင်သည်များ ဘုရားဖူးခရီးယာယီသွားရမည်။ မိတ်ဆွေသစ်၊ အပေါင်းအသင်းသစ် တွေ့ ကြုံလာမည်။ လက်ဆောင်ပစ္စည်းဝင်မည်။ ဝန်ထမ်းများ ချစ်သူခင်သူပေါများမည်။
အကျိုးပေးဂဏန်း – ၂ ၊ ၄ ၊ ၃။ ယတြာ – တိရိစ္ဆာန်များအား တတ်နိုင်သလောက် အစာကျွေးပြီး ဆုတောင်းပါ။

အင်္ဂါ
ယခုအပတ်အတွင်း စီးပွားရေးဆိုင်ရာ အတိုက်အခံများ တေ့ွ ကြုံရမည်။ မလိုသူတွေများလာမည်။ စီးပွားရေးတွင် ငွေကြေးကိစ္စတစ်ခုအတွက် များစွာစိတ်သောကရောက်ရမည်၊ ဘဏ်ချေးငွေကိစ္စများတွင် စကားအခြေအတင်ဖြစ်မည်။ အစုအစပ်လုပ်ငန်းများသတိထားပါ။ ငွေကြေးကိစ္စအတွက် လူအများ၏ အထင်လွဲခြင်း၊ မယုံမကြည်ဖြစ်ခြင်းများ ဖြစ်တတ်သည်။ စက်၊ ကား ထွက်ခြင်း ဖြစ်မည်။ ကျန်းမာရေးအနေဖြင့် အစာအိမ်ရောဂါ ဖြစ်တတ်၍ အစားဆင်ခြင်ပါ။ အိမ်ရှိ မိသားစု ၏ အပြစ်တင်အထင်လွဲမှုခံရတတ်သည်။ ပညာရေးအနေဖြင့် စာမေးပွဲများ ၊ အင်တာဗျူးများအောင်မြင်မည်။ အချစ်ရေးတွင် ချစ်သူကအဖြေပေးလိမ့်မည်။ အိမ်ထောင်သည်များ အေးစက်နေပြီး သံသယများနေမည်။ ဝန်ထမ်းများ မိမိလုပ်ငန်းမှ အရေးကြီးစာရွက်စာတမ်းပျောက်တတ်သည်။
အကျိုးပေးဂဏန်း – ၃ ၊ ၆ ၊ ၁။ ယတြာ – ငှက်များအား ယခုအပတ်အတွက် မည်သည့်နေ့မဆို ကြုံတိုင်းအစာကျွေးပါ။

ဗုဒ္ဓဟူး
ဗုဒ္ဓဟူးသားသမီးများအတွက် ယခုတစ်ပတ်အတွင်း စီးပွားရေးဆိုင်ရာ စွန့်စားမှုများမပြုလုပ် သင့်သောအချိန်ဖြစ်သည်။ သို့သော် လုပ်ရင်းစွဲလုပ်ငန်းများမှာ ဆက်တိုက်အောင်မြင်နေမည်။ အထူးသဖြင့် ဆရာဝန်၊ ဆေးပညာနှင့်ဆိုင်သောလုပ်ငန်း၊ ဆေးရုံ၊ ဆေးခန်း၊ ဆေးကုမ္ပဏီ လုပ်ငန်းများကောင်းပါသည်။ လုပ်ကိုင်သူများ အောင်မြင်မည်။ ကျောက်မျက်ရတနာရောင်းဝယ်သူများ သတိပြုသင့်ပါသည်။ ကျန်းမာရေးအနေဖြင့် နားကိုသတိထားပါ။ အချစ်ရေးတွင် သင့်ကို ချစ်နေသောသူ၏ အထင်လွဲခြင်းများခံရမည်။ ကျော်တော့ လှေသူကြီး ညားတော့လှေထိုးသား ဖြစ်တတ်သည်။ မရောက်ဘူးသောခရီး မပေါင်းဘူး သောမိတ်ဆွေ မလုပ်ဖူးသောအလုပ်တို့လုပ်ဖြစ်မည်။ စိတ်လေ နေမည်။ ထင်ရာလုပ်ရန် စိတ်ဖြစ်လာ နိုင်သော်လည်း ထိမ်းချုပ်နိုင်စွမ်းရှိ၍ ထင်ရာမလုပ်ဖြစ်ပါ။ ပညာရေးကောင်းသည်။အပေါင်းအသင်း ၏ အကူအညီ ရမည်။ စက်၊ ယာဉ် တို့ဝင် ထွက်မည်။ ဝန်ထမ်းများ ကံကောင်းပါသည်။

ရာဟု။ ။ရာဟုသားသမီးများ ယခုတစ်ပတ်အတွင်း ကံကောင်းပါသည်။ ငွေကြေးဆိုင်ရာပြဿနာရှိတတ်သည်။ အချစ်ရေးကောင်းပါသည်။ ကျန်းမာရေးအနေနှင့် အူမကြီးနှင့်ပတ်သက်သော ရောဂါသတိပြုပါ။
အကျိုးပေးဂဏန်း – ၁ ၊ ၅ ၊ ၄။ ယတြာ – ဘုရားကို အောင်သပြေ (၁၉) ညွန့်ကပ်ပါ။

ကြာသပတေး
ကြာသာပတေးသားသမီးတို့အနေဖြင့် ယခုတစ်ပတ်အတွင်း စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် အစုအစပ်လုပ်ငန်းများ ကောင်းသောအချိန်ဖြစ်သည်။ ပြည်ပကုန်သွယ်ရေး ဦးစားပေးရမည့်အချိန်ဖြစ်သဖြင့် ယခုအချိန်ဆောင်ရွက်သင့်သည်။ ဆီစက်၊ ဆန်စက် လုပ်ငန်းများကောင်းသည်။ ပညာဖြင့်လုပ်ကိုင်သူများ ကံကောင်းသောအချိန်ဖြစ်သည်။ ကျန်းမာရေးအနေဖြင့် အဆုတ်၊နှလုံးနှင့် အသည်းရောဂါများ သတိထားရမည်။ ရောဂါကြီးများဖြစ်တတ်သဖြင့် ကျန်းမာရေးကိုတော့ မပေါ့ဆသင့်ပေ။ အချစ်ရေးတွင် ကံကောင်းမည် သို့သော် မခိုးပြေးသင့်ပါ၊ ပြသနာရှိတတ်သည်။ အိမ်ထောင်သည်များ ကံကောင်းပါသည်။ ပညာရေးသမားများ အခက်အခဲရှိမည်။ နိုင်ငံဝန်ထမ်းများ လုပ်ငန်းတွင် စိတ်ညစ်ရတတ်သည့်အချိန်ဖြစ်သည်။
အကျိုးပေးဂဏန်း – ၅ ၊ ၀ ၊ ၃။ ယတြာ – ဘုရားကို ပေါင်မုန့် (၅) ချပ် သကြားဖြူး၍ ကပ်ပါ။

သောကြာ
ယခုတစ်ပတ်အတွင်း စိတ်လေနေမည်။ စီးပွားရေးဆိုင်ရာ အတွေးများ နေမည်၊ လက်တွေ့မလုပ်နိုင်ဖြစ်မည်။ အိမ်မှာ မနေချင်ဘဲ အလုပ်ကို စိတ်ဝင်စားမှုမရှိဘဲ ခရီးတွေ ထွက်နေချင်မည်။ ဆောက်လုပ်ရေးလုပ်ငန်း၊ အလှပြင်ခြင်း၊ သတ္တုသန့်စင်လုပ်ငန်းများ အကျိုးပေးပါသည်။ ဘဏ်လုပ်ငန်းနှင့်ဆိုင်သောလုပ်ငန်းများ သတိထားလုပ်ပါ။ ငွေဝင် ၊ ထွက်ကြမ်း မည်။ ငွေစုလို့မရပါ။ ကျန်းမာရေးအနေနှင့် မတော်တဆထိခိုက်မိမည်။ သွားရောဂါ၊ ခံတွင်းရောဂါများ ရရှိခံစားရမည်။ အချစ်ရေးတွင် စွဲလန်းရသူ နှင့် ချစ်သူဖြစ်ရတတ်သည်။ အိမ်ထောင်ရေးအနေနှင့် နှစ်ဘက်မိဘတို့ကို အကြောင်းပြုပြီး သွေးအေးရတတ်သည်။ ပညာရေးအနေနှင့် ပြည်ပပညာရေးရရှိတတ်သည်။ ဝန်ထမ်းများအနေဖြင့် သူတစ်ပါး အရှုပ်ကိုယ့်အရှုပ် ဖြစ်မည်။ ဖြေရှင်းရမည် သို့သော် အန္တရာယ်မရှိပါ။
အကျိုးပေးဂဏန်း – ၆ ၊ ၃ ၊ ၉။ ယတြာ – သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သောက်တော်ရေ (၆) ခွက်လှူပါ။

စနေ
ယခုတစ်ပတ်အတွက် ယခင်အချိန်များက ကြိုးစားထားခဲ့သမျှ အရာထင်လာပြီ ပြောလို့ရသည့်အချိန်ဖြစ်သည်။ ငွေကြေးလုပ်ငန်း၊ ဝန်ထမ်းနှင့်ပတ်သက်သည့်လုပ်ငန်းများ အထူး အောင်မြင်မှုများရရှိလာလိမ့်မည်။ လုပ်နေဆဲလုပ်ငန်းများနှင့် လုပ်ရန်ကြံရွယ်နေသောအလုပ်များ အားလုံး အဆင်ပြေအောင်မြင်မည်။ ရန်သူက မိတ်ဆွေ ဖြစ်မည်။ ခင်မင်သူက ကူညီမှုများပေးလာမည်။ အဝေးမိတ်ဆွေ၏ အကူအညီရမည်။ အဝေးအပေါင်းအသင်း နှင့် စီးပွားရေး ရှယ်ယာလုပ်ငန်းတို့လုပ်လာရမည်။ ကြိုးစားမှုတိုင်းက အောင်မြင်မည်။ ကျန်းမာရေးအနေနှင့် ဦးခေါင်း၊ မျက်လုံးနှင့် လည်ပင်းတို့ သတိထားရမည်။ အချစ်ရေးမှာ နားလည်မှုဖြင့် လက်ထပ်ခွင့် ရွှေ့ဆိုင်းတတ်သည်။ ပြည်ပခရီးကြောင့် အနေဝေးသွားရတတ်သည်။ အိမ်ထောင်သည်များ မိဘ သားချင်းဆွေမျိုးတို့အတွက် လုပ်ကိုင်မှုများပြုရတတ်သည်။ ပညာရေးသမားများ အားလုံးအဆင်ပြေမည်။ ဝင်ငွေကောင်းလာမည်။ အစိုးရဝန်ထမ်းများ အလုပ်များပြီး မျက်နာမရဖြစ်တတ်သည်။
အကျိုးပေးဂဏန်း – ၇ ၊ ၂ ၊ ဝ။ ယတြာ – နှင်းဆီပန်းအနီ (၁၀) ပွင့် ဘုရားလှူပါ။

ဆရာကင်္ကသူ
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top