မိသားစု ပျော်ရွှင်မှုနှင့် စီးပွားရေး အောင်မြင်မှု နှစ်ခုလုံးကို စွမ်းဆောင်နိုင်တဲ့ ဘက်ခမ်း

2e9e4966-51da-4416-842a-0eee07d94568.jpg

အနုပညာလောကမှာ အကျော်ကြားဆုံး စုံတွဲတစ်တွဲဖြစ်တဲ့ ဒေးဘစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားဘက်ခမ်းတို့က ခိုင်မြဲတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ထားတယ်ဆိုတာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကြပါတယ်။ အားကစားမှာထူးချွန်သူနှင့် ဖက်ရှင်မှာနာမည်ကြီး သူတို့ကို ဆုံစည်းခဲ့စေတာက ဘောလုံးဖူးစာပါ။

သူတို့နှစ်ဦးက ပရဟိတဘောလုံးပွဲတစ်ခုမှာ စတွေ့ခဲ့တာဖြစ်ပြီး ဒေးဗစ်က ဗစ်တိုးရီးယားရဲ့ ဖုန်းနံပါတ်ကိုတောင်းခဲ့တာပါ။ ဖုန်းနံပါတ်ကို မှတ်စရာမရှိလို့ သူ့ရဲ့ လေယာဉ်လက်မှတ်ပေါ်မှာ မှတ်ထားခဲ့ပါတယ်။

လူတွေပြောကြတာကတော့ သူက ခုထိအဲ့လက်မှတ်လေးကို သိမ်းထားတုန်းပဲတဲ့။ ထိုအချိန်က ၁၉၉၇ ခုနှစ်ဖြစ်ပြီး ၂ နှစ်ကြာပြီးနောက်ပိုင်း လက်ထပ်ပြီး ပထမဆုံးသားလေး Brooklyn ကို မွေးဖွားခဲ့ပါတယ်။ သူတို့နှစ်ယောက်က သူတို့ထက်ပိုတော် ပိုသာတဲကလေးတွေကို မွေးဖွားခဲ့တယ်ဆိုတာ အံ့ဩစရာမရှိပါဘူး။ ဒါပေမဲ့ သူတို့ကလေးတွေရဲ့ ကျွမ်းကျင်မှုနှင့် ဝါသနာပါရာ နယ်ပယ်တွေကို တွေးဆခန့်မှန်းဖို့ မလွယ်ပါဘူး။

Brooklyn က သားအကြီးဆုံးဖြစ်ပြီး အသက် ၁၈ နှစ်ပါ။ သူက မော်ဒယ်တစ်ယောက်ဖြစ်ဖို့ ဆန္ဒရှိသူဖြစ်ပြီး တီးမှုတ် ဖျော်ဖြေတင်ဆက်မှု တော်တော်များများကိုလည်း ပါဝင်ဆင်နွှဲဖူးသူပါ။ ဒါ့အပြင် သူက ဓာတ်ပုံပညာမှာလည်း ပါရမီပါပါတယ်။ ဒုတိယသားက Romeo ပါ။ ဖက်ရှင်က သူ့အကြိုက်ပါ။ ဗြိတိန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Burberry နှင့်ပူးပေါင်းပြီး ဘတ်စကတ်ဘော၊ တင်းနစ် အားကစားအတွက်ရည်ရွယ်ပြီး ဖက်ရှင်ဒီဇိုင်းတွေ ဆွဲခဲ့ပါတယ်။

သားအငယ်ဆုံး Cruz ကတော့ ၁၂ နှစ်ပါ။ အသက်ငယ်ပေမဲ့ ထူးချွန်မှုအပိုင်းမှာ ကျန်တဲ့မောင်နှမတွေနဲ့တန်းတူပါ။ သီချင်းဆိုရတာကိုမြတ်နိုးပြီး စတူရီယိုမှာတစ်ကိုယ်တော်အခွေသွင်းခဲ့သူပါ။ အငယ်ဆုံးသမီးလေးဖြစ်တဲ့ Harper ကတော့ ၆ နှစ်ပါ။ သူက စန္ဒရားတီးတယ်။ ကွတ်ကီးမုန့်ဖုတ်တယ်။ မြင်းစီးတယ်။ ဖက်ရှင်မှာလည်းစိတ်ဝင်စားပါတယ်။ ဘယ်လောက်တော်လဲနော်။

ဒေးဗစ်နှင့် ဗစ်တီးရီးယားတို့က စည်းကမ်းတင်းကြပ်တဲ့မိဘတွေဖြစ်ပြီး သူတို့သားသမီးတွေ အောက်ခြေခိုင်အောင် ထိန်းသိမ်းရမယ်လို့ ယုံကြည်ထားသူတွေပါ။ တစ်ချိန်တည်းမှာ မိဘက ဘယ်လောက်ချစ်ကြောင်း သားသမီးတွေသိဖို့အရေးကြီးတယ်လို့ ယူဆသူတွေပါ။ ကလေးတွေကိုလည်း စည်းကမ်းတကျ နေထိုင်စေပါတယ်။ ဘယ်အရာကို ခွင့်ပြုရမယ်၊ ဘယ်အရာကို အပြစ်ပေးရမယ်ဆိုတာ သူတို့သိပါတယ်။ ကလေးတွေ ယဉ်ကျေးမှုရှိအောင်လည်း အမြဲသွန်သင်ဆုံးမပါတယ်။ သားသမီးတွေထိန်းသိမ်းရတာ တာဝန်ကြီးပြီး စိုးရိမ်နေရတယ်လို့ ဒေးဗစ်ဘက်ခမ်းက ဝန်ခံခဲ့ပါတယ်။ ဒါကြောင့်သူ့သားသမီးတွေ ဘေးအန္တရာယ်ကင်းရှင်းဖို့ သူအမြဲဂရုစိုက်ပါတယ်။

ဒါက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုတွေရှင်သန်ဖြတ်သန်းတဲ့ပုံစံပါ။ ကဲ … ဘက်ခမ်းတို့ဇနီးမောင်နှံကို ချစ်တယ်ဆိုရင် Like & Share လုပ်သွားနော်။

Ref: Fabiosa: It’s One Thing To Do Business, It’s Another To Be A Parent: How The Beckhams Managed To Get It All

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top