ဝန်ထမ်းတွေအတွက် မီတာ (၃၀၀) အမြင့်ကို ကြိုးနဲ့ခုန်ချပြီး နေ့လယ်စာဝယ်ယူပေးတဲ့ အမျိုးသမီး

untitled.png

တရုတ်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ အမြင့်ပေ (၉၈၅) (၃၀၀မီတာ) ကို ကြိုးနဲ့ ခုန်ချခြင်းဖြင့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအတွက်  နေ့လယ်စာ နေ့တိုင်း ဝယ်ယူပေးတယ်လို့ သိရပါတယ်။

ချုံချင့်မြို့က Dream Ordovician Park မှာ အလုပ်လုပ်ကိုင်နေတဲ့ ဝမ် တရန်ဒီ (Wan Tiandi) က သူ့ရဲ့အလုပ်တာဝန်တွေထဲမှာ ဝန်ထမ်း (၂၀၀) ကျော်ကို နေ့လယ်စာ ဝယ်ယူပေးရတဲ့အလုပ်လည်းပါဝင်ပါတယ်။ သူ အလုပ်လုပ်တဲ့ ပန်းခြံရဲ့ ပထဝီအနေအထားအရ တောင်ကုန်းကနေ သူတို့ရဲ့အလုပ်နေရာကို ရောက်ဖို့အတွက် ကားနဲ့သွားရင် နာရီဝက်လောက် အချိန်ယူပြီးသွားရပါတယ်။

အချိန်ချွေတာတဲ့အနေနဲ့ ဝမ်က သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီ ထမင်းဗူးပေးပို့ဖို့အတွက် ကျောက်ကမ်းပါးကနေ ကြိုးနဲ့ ခုန်ချရတာဖြစ်ပါတယ်။

“ကျွန်မတို့ရဲ့ပန်းခြံက အတော်လေးကြီးပါတယ်။ သူတို့ကို နေ့လယ်စာပို့ပေးဖို့အတွက် နာရီဝက်ကျော်လောက် အချိန်ယူရပါတယ်။ ကြိုးနဲ့ခုန်ချပြီး သွားမယ်ဆိုရင်တော့ နှစ်မိနစ်သာ ကြာပါတယ်” လို့ ဝမ်က ပြောပါတယ်။

အရင်တုန်းကဆို သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဆီ ထမင်းဗူးရောက်ရင် အစားအစာတွေက မပူတော့ဘဲ အေးကုန်ပါပြီ။ ဒါကြောင့် သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဒီပြဿနာကို ဖြေရှင်း ဖို့အတွက် တိုင်ပင်ခဲ့ကြရင်း ဒီနည်းနဲ့ အဖြေရှာခဲ့ပါတယ်။

“တောင်ကုန်းပေါ်ကနေ သွားရတဲ့ လမ်းပန်းဆက်သွယ်ရေးက မလွယ်ကူတဲ့အတွက် ကျွန်မရဲ့လုပ်ဖော်ကိုင်ဖက်တွေကို အစားအစာ ဝယ်ယူပေးရပါတယ်။ တောင်ကုန်းလမ်းတွေက ကျဉ်းမြောင်းတဲ့အတွက် လမ်းမကြီးတွေ မရှိတဲ့နေရာမှာ တချို့တွေက အလုပ်လုပ်ကြပါတယ်” လို့ ဝမ်က ဆိုပါတယ်။

အစားအစာ ပူပူလေးရအောင် ကြိုးစားအားထုတ်ပြီး ထမင်းဘူး ဝယ်ယူပို့ပေးတဲ့အတွက် ဝမ်ကို သူ့လုပ်ဖော်ကိုင်ဖက်တွေက “ဒီလိုလုပ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ သူ ဝယ်ယူပြီး ပေးပို့မှုက မြန်ဆန်တိကျသလို အချိန်မီလည်း ရောက်ပါတယ်” လို့ ချီးမွမ်းခဲ့ပါတယ်။

Ref: AsiaOne “Chinese woman bungee jumps from 300m to deliver lunch for work colleagues”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top