မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာ ဗိုလ်စွဲပြန်ပြီ

66199605_2416517145058190_6507853666601402368_n.jpg

မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ် သက်ထားသူဇာကတော့ ၂၀၁၉ ခုနှစ် ဘီနင် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ (Benin International 2019) မှာ ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြန်ပါပြီ။

ဘီနင် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ယောက်ချင်းပွဲစဉ်မှာ နိုင်ခြေအဆင့် (၅) သတ်မှတ်ခံထားရတဲ့ သက်ထားသူဇာဟာ ဘီနင်နိုင်ငံသူ ၂ ဦး(တစ်ဦးကပြိုင်ပွဲကနုတ်ထွက်)ကိုအနိုင်ယူပြီး ကွာတားဖိုင်နယ်တက်လှမ်းနိုင်ခဲ့ပါတယ်။

ကွာတားဖိုင်နယ်မှာ နိုင်ဂျီးရီးယားနိုင်ငံသူ အဒီဆိုကန်ကို ၂၁-၁၂၊ ၂၁-၁၉ နဲ့ ၂ ပွဲပြတ် အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်မှာ အီဂျစ်နိုင်ငံသူ ဟာဒီယာဟို့စ်နီကို ၂၁-၈၊ ၂၁-၁၀ နဲ့ (၂) ပွဲပြတ်နဲ့ ထပ်မံအနိုင်ရခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ ပီရူးနိုင်ငံသူ ဒန်နီယယ်လာမာဆီယက်စ်ကို အကြိတ်အနယ်ကစားခဲ့ရပြီး ပထမပွဲငယ်မှာ ၁၇-၂၁ နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယပွဲငယ်မှာ ၂၁-၁၈၊ တတိယပွဲငယ်မှာ ၂၁-၁၄ နဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့တာပါ။

သက်ထားသူဇာဟာ ဘီနင်နိုင်ငံတကာပြိုင်ပွဲအပြီး အိုင်ဗရီကို့စ်နိုင်ငံကို ခရီးဆက်မှာဖြစ်ကာ ဇူလိုင် (၄) ရက်နေ့ကနေ ဇူလိုင် (၇) ရက်နေ့အထိကျင်းပမယ့် ၂၀၁၉ ခုနှစ် အိုင်ဗရီကို့စ် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲ (Cote d’ivoire International 2019) ကို ဝင်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်ပါတယ်။ ပထမအဆင့်အတွက် Bye ရထားတဲ့ သက်ထားသူဇာဟာ ဒုတိယအဆင့်မှာ မော်ရစ်သျှနိုင်ငံသူ ကိတ်ဖူးကူနီနဲ့ ယှဉ်ပြိုင်ရမှာပါ။

သက်ထားသူဇာဟာ မကြာသေးခင်က မော်ရစ်သျှ နိုင်ငံတကာကြက်တောင်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ယောက်ချင်းပွဲစဉ်မှာလည်း ဗိုလ်စွဲထားသူဖြစ်ပါတယ်။

Photo – Thet Htar Thuzar’s FB
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top