ဆိုမာလီနိုင်ငံလို့ ကြားလိုက်ရင် ပင်လယ်ဓားပြမှုတွေ၊ အငတ်ဘေး၊ မငြိမ်သက်မှုတွေနဲ့ ယှဉ်တွဲ မြင်ယောင်ကြမှာပါ။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အလှမ်းဝေးကွာလွန်းတဲ့ ဆိုမာလီနိုင်ငံအတွက် အခုအခါမှာတော့ မျှော်လင့်ချက်ရောင်ခြည်သစ် ပေါ်ထွက်လာခဲ့ပါပြီ။
ကုလားအုတ်နို့ ထုတ်လုပ်ရေးလုပ်ငန်းက ဆိုမာလီနိုင်ငံရဲ့ စီးပွားရေးမှာ အဓိက အစိတ်အပိုင်းတစ်ရပ် ဖြစ်လာဖွယ် ရှိနေပါတယ်။ မဂ္ဂနီဆီယမ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ဒီ၊ ဗီတာမင် ဘီ ၁၂ ၊ သံဓာတ်၊ ဇင့်ဓာတ် အစရှိတဲ့ အာဟာရဓာတ်တွေ စုံလင်တြဲ့ ကုလားအုတ်နို့ဟာ (လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း အငတ်ဘေး ကြုံခဲ့ရတဲ့) ဆိုမာလီနိုင်ငံမှာ အဓိကအရေးပါတဲ့ အာဟာရဓာတ် တစ်ခု ဖြစ်ပါတယ်။
Beder ကုလားအုတ် မွေးမြူရေးလုပ်ငန်းဟာ ကုလားအုတ်နို့ ထုတ်လုပ်မှုပိုင်းနဲ့ အသုံးပြုမှုပိုင်းတွေမှာ ခေတ်မီအောင် အဆင့်မြှင့်တင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ Beder ကုလားအုတ် မွေးမြူရေးလုပ်ငန်းမှ နို့စားကုလားအုတ် တစ်ကောင်ဟာ တစ်နေ့ကို နို့ ၂.၅ ဂါလံအထိ ထုတ်လုပ်နိုင်ပြီး ဒီပမာဏဟာ အစဉ်အလာ ထုတ်လုပ်မှုနည်းလမ်းထက် ၂ ဆလောက် ပိုများပါတယ်။
ယူအေအီးနိုင်ငံမှာ အလှကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ကုလားအုတ်နို့ရည်ကို အသုံးပြုပြီး ဆိုမာလီနိုင်ငံအနေနဲ့ အလှကုန်ဈေးကွက်အထိ ထိုးဖောက်နိုင်မယ်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုများပြားလာပြီး စီးပွားရေး တိုးတက်လာမယ်လို့ မျှော်လင့်ထားကြပါတယ်။
Ref: Camel Milk Revolution’ Is Improving Nutrition in Somalia and Creating Jobs
NZ ( ရိုးရာလေး)

