ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ

yyl-31-001.jpg

ဘဝဆိုတာ ကြိုတင်ခန့်မှန်းလို့မရတဲ့ အရာဖြစ်သလို အချစ်ကလည်းဒီလိုပါပဲ။ ဒါပေမဲ့ ဘဝမှာ ကျွန်တော်တို့တွေကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေက အဲဒီလိုကြိုတင်ခန့်မှန်းလို့မရတဲ့ အရာတွေကို သိရှိနားလည်သွားအောင် ကူညီပေးပါတယ်။ Relationshipကလည်း ဘဝလိုပဲ အကောင်းအဆိုးရှိကြပါတယ်။ တချို့လူတွေက Relationship တစ်ခုကို ခိုင်မြဲတည်တံ့အောင် လုပ်နိုင်ကြပေမဲ့ တချို့ကတော့ အဆုံးသတ်မလှတဲ့ Relationship ကိုလည်း ပိုင်ဆိုင်မိကြပါတယ်။ နှစ်ဦးသား သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲကြရတဲ့ စုံတွဲတွေရှိသလို ချစ်လျက်နဲ့လမ်းခွဲတဲ့ စုံတွဲတွေလည်းရှိကြပါတယ်။ ဘယ်လိုပဲလမ်းခွဲလမ်းခွဲ ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ။ သူတို့ကြောင့်ပဲ ဘဝနဲ့ပတ်သက်တဲ့၊ အချစ်နဲ့ ပတ်သက်တဲ့သင်ခန်းစာတွေ ရလိုက်လို့ပါပဲ။ ရည်းစားဟောင်းဆီက သိရှိရမယ့် ဘဝသင်ခန်းစာတွေကတော့ ဘယ်သူမှ ပြီးပြည့်စုံတယ်လို့မရှိပါဘူး

ဘယ်သူမဆို ဒဏ္ဍာရီပုံပြင်ထဲကလို၊ ရုပ်ရှင်တွေထဲကလို အချစ်ဇာတ်လမ်းမျိုး ပိုင်ဆိုင်ရဖို့ ဆန္ဒရှိကြတာပါ။ သင့်လက်တွဲဖော်နဲ့အတူ အပြစ်အနာဆာကင်းတဲ့ relationshipတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားမှာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲ အပြစ်အနာဆာကင်းအောင် တည်ဆောက်ဖို့လုပ်လုပ် လူ့သဘာဝက ပြောင်းလဲမှာမဟုတ်ပါဘူး။ အရာရာတိုင်းကို ပြီးပြည့်စုံအောင်လုပ်ဖို့ အမြဲအားထုတ်နေခြင်းက တကယ်တော့ ကိုယ့်ကိုယ်ကို ဆုံးရှုံးနေတာပါ။

ဘယ်သူအတွက်မှ မပြောင်းလဲပါနဲ့

ရည်းစားဟောင်းဆီကနေ သင်ယူလိုက်ရတဲ့ အကောင်းဆုံးအရာက ကိုယ့်ကိုယ်ကိုပြောင်းလဲတာက ဘယ်တော့မှ ကောင်းတဲ့ရွေးချယ်မှု မဟုတ်ပါဘူး။ Relationship က သင့်ကို ပြောင်းလဲစေတဲ့၊ သင့်နေထိုင်မှုပုံစံကို ပြောင်းလဲစေတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ များကောင်းများနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပြောင်းလဲပစ်ဖို့မလိုအပ်ပါဘူး။ ကိုယ့်ကိုယ်ကို ပြောင်းလဲလိုက်မယ်ဆိုရင် သင့်ရဲ့Relationshipကို ခိုင်မြဲစေနိုင်မယ်လို့ ထင်ကြပါတယ်။ ဒါက သင့်လက်တွဲဖော်နဲ့ ဆက်နွယ်မှုကို ပိုပြီး စိတ်ဖိစီးစေတယ်ဆိုတာကို သိထားသင့်ပါတယ်။

ချစ်ပါ..ဒါပေမဲ့အစွဲလမ်းမကြီးပါနဲ့

လူတော်တော်များများက ချစ်ဖူးကြသလို အချစ်လည်းခံဖူးကြပါတယ်။ အချစ်က လှပပေမဲ့ စွဲလမ်းမှုက စိတ်ကို ဒဏ်ရာရစေတဲ့ ခံစားချက်ကို ဒဏ်ရာရစေတဲ့ ရောဂါတစ်မျိုးပါ။ အစမှာတော့ အချစ်က စိတ်ချမ်းသာစရာကောင်းပြီး ချစ်စရာလည်းကောင်းမှာပါ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့ အန္တရာယ်ရှိတဲ့အရာအဖြစ် ပြောင်းလဲသွားတတ်ကြပါတယ်။ Relationship ကို သာမန်အနေအထား၊ အကွာအဝေးမှာပဲ ထားတဲ့အကောင်းဆုံးပါပဲ။ အချစ်ကို စွဲလမ်းမှုဖြစ်အောင် မလုပ်မိပါစေနဲ့။

Relationshipတစ်ခုမှာ အတ္တမဆန်ပါနဲ့

Relationship တစ်ခုမှာ အဆိုးရွားဆုံးအရာက အတ္တပါပဲ။ အတ္တကို သိက္ခာတရားနဲ့ ကြိမ်ဖန်များစွာ မှားတတ်ကြပါတယ်။ ဒါကို Relationship ထဲဝင်ရောက်ဖူးတဲ့ သူတိုင်းသိကြမှာပါ။ စုံတွဲတွေ စကားများရန်ဖြစ်တဲ့အခါတိုင်း ပွင့်ပွင့်လင်းလင်းပြောပြီး ဆွေးနွေးညှိနှိုင်းဖို့ မလုပ်ကြတာများပါတယ်။ တချို့က မိန်းကလေးသိက္ခာ၊ ယောကျာ်းလေး သိက္ခာရှိသေးတယ်၊ ကိုယ့်ကိုယ့်ကိုလည်း လေးစားရမယ်ဆိုတဲ့ အတွေးတွေဝင်လာပြီး ညှိညှိနှိုင်းနှိုင်းမလုပ်ဘဲ အတ္တဆန်လာပါတယ်။ ဒါက Relationship တစ်ခုကို ပိုပြီးဆိုးရွားလာစေပြီး နောက်ဆုံးမှာ လမ်းခွဲလိုက်ကြတာများပါတယ်။

Relationshipတိုင်းက ကွဲပြားခြားနားပါတယ်

Relationship တိုင်းက ကျွန်တော်တို့ကို အသစ်သစ်သောအရာတွေကို သင်ကြားပေးပါတယ်။ ရည်းစားတစ်ယောက်ပြီးတစ်ယောက် ပြတ်တဲ့သူတွေက relationship တိုင်းက သူ့နည်းသူ့ဟန်နဲ့ ကွဲပြားခြားနားကြတာကို သိကြပါတယ်။ ပထမဆုံး relationship က အဆင်မပြေတာနဲ့ နောက်ထပ် relationship ကလည်း အဆင်ပြေမှာ မဟုတ်ဘူးလို့ ဆိုလိုလို့မရပါဘူး။ သင်နောက်ထပ် တွေ့ဆုံမယ့်လူတွေက မတူကြသလို ပင်ကိုယ်စရိုက်ကလည်း ကွဲပြားမှာဖြစ်ပါတယ်။ နောက်လည်း အရင်ကကြုံတွေ့ခဲ့ဖူးတဲ့ လူလိုပဲ တွေ့ဆုံရမယ်လို့ တစ်သတ်မတ်တည်း သတ်မှတ်မထားသင့်ပါဘူးနော်။

Ref: 5 life lessons my exes taught me about love and life

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top